အချစ်မှာ သတ္တိရှိဖို့လိုတယ်။

အောန်ဆိုင်း တစ်ယောက် ရွှေထူးနဲ့ ရွှေမှုံရတီ တို့ရဲ့ မင်္ဂလာပွဲ နဲ့ ပတ်သက်ပြီး ရွှေမှုံ့ကို ဂုဏ်ပြုစကားပြောပြခဲ့ပါတယ်။ အဲ့ဒီ နောက် တကယ်ကို လေးစားစရာကောင်းတဲ့ မင်္ဂလာဆုတောင်းစကားကိုလည်း ဆက်လက်ပြောပြထားတာတွေ့ရပါတယ်။



Photo: အောန်ဆိုင်းဖေ့စ်ဘွတ်

 

အဆိုတော် ရွှေထူးနဲ့ သရုပ်ဆောင် ရွှေမှုံရတီ တို့ရဲ့ မင်္ဂလာညစာစားပွဲမှာ သတို့သမီးအရံ တစ်ယောက်အဖြစ်ပါဝင်ခဲ့ရတဲ့ မော်ဒယ်လ် အောန် ဆိုင်းက ရွှေမောင်နှံအတွက် ဂုဏ်ပြုစကားပြောခဲ့ပါတယ်။ အချစ်မှာ သတ္တိရှိဖို့လိုတယ် ဆိုတာကိုလည်း ရွှေမောင်နှံက ပြနိုင်ခဲ့တဲ့အကြောင်း ပြောပြထားပါသေးတယ်။

'' I’m so happy for you #ShweCouple Wishing you All The Best today & always ။ အချစ်မှာ သတ္တိရှိဖို့လိုတယ် ဆိုတာ (မမ တွေကို ) လုပ်ပြသွားတဲ့ ညီမလေး။ အိမ်ထောင်ဆိုတာ စောပြုသင့်တာ နှောက်ကြပြုသင့် တယ်ဆိုတာမရှိပါဘူး စောပြုပြီး ကံကောင်းတဲ့သူတွေရှိသလို နောက်ကြပြုပြီး ကံကောင်းသွားတဲ့သူတွေလည်းရှိပါတယ်'' လို့  ဆိုပါတယ်။

Photo: အောန်ဆိုင်းဖေ့စ်ဘွတ်

 

အဲ့ဒီနောက် အောန်ဆိုင်းက အိမ်ထောင်ရှင် အသစ်ဆက်ဆက်တွေဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့အတွက်ကိုလည်း မင်္ဂလာ ဆုတောင်း စကားပြောပြခဲ့ပါသေးတယ်။ ပျော်ရွှင်တဲ့ မိသားစုဘဝလေးပိုင်ဆိုင်ဖို့အတွက်ကိုလည်း ဆက်လက်ဆုတောင်းပေးထားတာကို တွေ့ရပါတယ်။

''ရှေ့ဆက်လည်း နှစ်ယောက်လုံး ဒီလိုချစ်ချစ်ခင်ခင် သတ္တိရှိရှိနဲ့အရာရာတိုင်း ကို အေးချမ်းစွာကျော်ဖြတ်နိုင်ပါစေ သာယာပျော်ရွှင်တဲ့ မိသားစုဘဝတစ်သက်လုံး ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်'' ဆိုပြီးတော့ နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: အောန်ဆိုင်းဖေ့စ်ဘွတ်

အချစ်ရေးကို ဦးစားမပေးတတ်ဘူးလို့ ဆိုလာတဲ့ အောန်ဆိုင်း 

အောန်ဆိုင်းဟာ လက်ရှိမှာတော့ သူ့ရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး အေးဆေးတည်ငြိမ်နေတာဖြစ်ပါတယ်။ သူမအနေနဲ့ ထက်မြတ်တဲ့အမျိုးသမီး တစ်ယောက်ဖြစ်တာကြောင့် သူရွေးချယ်မယ့် အမျိုးသားတစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းတွေကို မီဒီယာတွေကနေ တဆင့် ပြောပြခဲ့ဖူးပါတယ်။

'' ကျွန်မက တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံတဲ့အခါမှာ Respect ရှိတဲ့အမျိုးသားကို သဘောကျတယ်။ ပြောချင်တာက ကိုယ့် တစ်ယောက် တည်း ကို Respect ရှိတာမဟုတ်ဘူး၊ ကိုယ့်တစ်ယောက်တည်းကို တန်ဖိုးထားတာမဟုတ်ဘူး။ တခြားလူတွေအပေါ်မှာလည်း Respect ထားပြီး ဆက်ဆံတတ်တဲ့သူ အတွေးအခေါ်ကောင်းတဲ့လူ စာရိတ္တကောင်းတဲ့လူမျိုးကို သဘောကျတယ်'' လို့ဆိုပါတယ်။

Photo: အောန်ဆိုင်းဖေ့စ်ဘွတ်

 

Professional Model တစ်ယောက်အဖြစ် ရပ်တည်နေတဲ့ အောန်ဆိုင်းကတော့ လက်တလောမှာ မဂ္ဂဇင်းကာဗာတွေ၊ ကြော်ငြာတွေ ရိုက်ဖို့ ရှိတယ်လို့ သိရပါတယ်။  အဲ့ဒီနောက် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း မကြာခဏ ပါဝင်သရုပ်ဆောင်နေပြီလိ့ုလည်း သိရပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်ကတော့ မော်ဒယ်လ် တစ်ယောက်အနေနဲ့သာ ရပ်တည်သွားမယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က