ဒီနှစ် သီတင်းကျွတ်အတွက် မကန်တော့ရသေးလို့တဲ့။

သရုပ်ဆောင် စိုးမြတ်သူဇာက အနုပညာအကိုတွေဖြစ်တဲ့ ရန်အောင်နဲ့ ရဲအောင်တို့ကို နာရီဆင်တူလေးတွေနဲ့ ကန်တော့ခဲ့ တယ်လို့ သိရပါတယ်။

Photo : ရန်အောင် FB




သရုပ်ဆောင် စိုးမြတ်သူဇာက အနုပညာအကိုတွေဖြစ်တဲ့ ရန်အောင်နဲ့ ရဲအောင်တို့ကို နာရီဆင်တူလေးတွေနဲ့ ကန်တော့ခဲ့ တယ်လို့ သိရပါတယ်။ သီတင်းကျွတ်ရောက်တိုင်း အကိုတွေကို အမြဲတမ်း ကန်တော့ဖြစ်နေတဲ့ သူမဟာ ဒီနှစ်သီတင်းကျွတ်အတွက် မကန်တော့ရသေးတာကြောင့် နိုဝင်ဘာ(၁၂) ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ မန္တလေးမြို့က "ချယ်ရီဦး"နာရီဆိုင်ဖွင့်ပွဲသွားရင်း တစ်ခါတည်း ကန်တော့ခဲ့တာဖြစ်ပါတယ်။

Photo : ရန်အောင် FB


ချယ်ရီဦး နာရီဆိုင်ဖွင့်ပွဲသွားရင်း အကိုတွေ စိတ်ကြိုက်နာရီကို ရွေးခိုင်းပြီး စိုးမြတ်သူဇာက ကန်တော့ခဲ့တာလို့ ရန်အောင်က ဆိုပါ တယ်။

"ဒီနှစ် သီတင်းကျွတ် မကန်တော့ရသေးလို့"ချယ်ရီဦး နာရီဆိုင်က စိတ်ကြိုက်နာရီဝယ်ပြီး ကန်တော့ရှာတဲ့ ညီမတော်. လိုတာတွေ အားလုံး ပြည့်စေပေါ့။ အစ်ကိုနှစ်ယောက်ကို ဆင်တူနာရီလေးတွေနဲ့ ကန်တော့တာပါ။ နောင်နှစ်တွေမှာလည်း စိန်တွေ အိမ်တွေ နဲ့ ကန်တော့နိူင်ပါစေကြောင်း ဆုမွန်ကောင်းတောင်း ကောင်းချီးပေးရပါတယ်" ဆိုပြီး ရန်အောင်ရဲ့ ဖေ့စ်ဘွတ်မှာ နိုဝင်ဘာ(၁၂) ရက်နေ့က ရေးသားထားပါတယ်။

Photo : ရန်အောင် FB

ဇာတ်ပို့ဇာတ်ဆောင်နေရာမရွေးဘူးလို့ ဆိုတဲ့ စိုးမြတ်သူဇာ 

ဆယ်စုနှစ်များစွာ အောင်မြင်မှုတွေ ပိုင်ဆိုင်နိုင်ခဲ့တဲ့ ရန်အောင်၊ ရဲအောင်၊ စိုးမြတ်သူဇာတို့ဟာ အခုချိန်ထိ အနုပညာနယ်ပယ်မှာ အောင်မြင်နေတဲ့ သရုပ်ဆောင်ကြီးတွေပဲ ဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်တွေကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တဲ့ သူတို့ဟာ အခုချိန်ထိ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိနေသူတွေပါ။

Photo : ရန်အောင် FB

သရုပ်ဆောင် ရဲအောင်ဟာ ရုပ်ရှင်ကားပေါင်းများစွာမှာ ဇာတ်ဆောင်၊ဇာတ်ပို့နေရာစုံမှာ ပါဝင်သရုပ်ဆောင်ခဲ့သလို ခုချိန်ထိလည်း အနုပညာလောကမှာပဲ ဆက်လက်ရပ်တည်နေဆဲ ဖြစ်ပါတယ်။ ရဲအောင်က ၁၉၉ ၉၃ ခုနှစ်မှာ “မြစ်တို့၏မာယာ” ဇာတ်ကားနဲ့ အမျိုးသားဇာတ်ဆောင်ဆု၊ ၂ဝဝဂ ခုနှစ်မှာ “အကယ်ဒမီရှော့ခ်” ဇာတ်ကားနဲ့ အမျိုးသားဇာတ်ပို့ဆု အကယ်ဒမီများ ရရှိခဲ့တဲ့ မင်းသား တစ်ယောက် ဖြစ်ပါတယ်။

မကြီးစိုးလို့ အနုပညာလောကသားတွေရဲ့ ချစ်စနိုးခေါ်ခြင်းခံရတဲ့ စိုးမြတ်သူဇာဟာ ၁၉၉၄ခုနှစ်က နော်ရင်မွှေး ၊ ၁၉၉၈ခုနှစ်က ရွှေနံ့သာစံအိမ် ဇာတ်ကားတို့နဲ့ အကယ်ဒမီဆုတွေကို ရရှိခဲ့သူတစ်ဦးပါ။

Photo : ရန်အောင် FB


ကိုရန်လေးလို့ အနုပညာလောကသားတွေရော ပရိသတ်တွေပါ ချစ်စနိုးခေါ်ခြင်းကို ခံရတဲ့ ရန်အောင်ဟာ အကယ်ဒမီ ဆု (၆)ဆုကို ရရှိထားတဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ ၁၉ ၉ ၁ ခုနှစ်က မယ်သီတာလိုမိန်းကလေး ၊၁၉၉၅ ခုနှစ်က ပုဂံမှာ သာတဲ့လ ၊၁၉၉၆ ခုနှစ်က အလင်းဖျော့ကောင်းကင် ၊၁၉၉၈ ခုနှစ်က ညမင်းသား ၊ ၂ဝဝဝ ခုနှစ်က မောဟမျဉ်းပြိုင်များ နှင့် ၂ဝဝ၆ ခုနှစ်က ဂုဏ်ရှိန်ပြင်းတဲ့ချစ်ခြင်းသိက္ခာ ဇာတ်ကားများနဲ့ ဇာတ်ဆောင်အကယ်ဒမီများ ရရှိထားသူ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က