ဖန်တီးမှုအသစ်တွေ မြင်ရတော့မှာပါ။

အောင်လ နဲ့ Reason Band တို့ရဲ့ အသစ်တစ်ဖန်ကြိုးစားပြင်ဆင်ထားတဲ့ ''အသုံးတော်ခံ'' အခွေကို မကြာခင် ထွက်ရှိ တော့ မယ် လို့ သိရပါ တယ်။ အောင်လ ရဲ့ ပရိသတ်တွေကတော့ ဝမ်းသာနေကြတာဖြစ်ပါတယ်။

Photo: Aung La Facebook

 

ပရိသတ်များစွာ စောင့်မျှော်နေကြတဲ့ အဆိုတော် အောင်လနဲ့ Reason Band ရဲ့ '' အသုံးတော်ခံ'' တစ်ကိုယ်တော်အခွေက မကြာခင် ပရိသတ် လက်ထဲကို အရောက်ပို့ဆောင်ပေးနိုင်တော့မယ်လို့ သိရပါတယ်။ ဒီအခွေမှာလည်း Reason အဖွဲ့ရဲ့ ကြိုးစားအားထုတ်မှုများစွာကို တွေ့ရဦးမယ်လို့ အောင်လက ပြောပြခဲ့ပါတယ်။

'' ကျွန်တော်တို့ REASON ရဲ့ အသုံးတော်ခံ အခွေလည်း သိပ်မကြာခင် အသက်ဝင်လာပါတော့မယ်။ကျွန်တော် တို့ Band ရဲ့ formation set up အသစ် လုပ်ပြီး ပထမဆုံးထွက်မယ့် single အခွေလေးဖြစ်လို့ သေချာ ကြိုးစားထားပါတယ်။ သီချင်း အားလုံး ၁၄ပုဒ်ပါ ပါမယ်။ ဒီအချိန်ထိ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပေးကြတဲ့ အမျိုးများ အားလုံးကို လည်း ကျေးဇူးတင်လျှက်''ဆိုပြီးတော့ နိုဝင်ဘာလ ၁၂ ရက်နေ့ည ၁၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာတင်ခဲ့တာဖြစ်ပါတယ်။

အနှောင့်အယှက်တွေကြားက အနုပညာအလုပ်တွေဆက်လုပ်ဖြစ်နေတဲ့ ဝိုင်းစုခိုင်သိန်း 

 

 REASON ရဲ့အဖွဲ့ရဲ့နောက်ထပ်ဖန်တီးမှုအသစ်တွေနဲ့ ပထမဆုံးထွက်ရှိလာမယ့် တစ်ကိုယ်တော်အခွေဖြစ်တဲ့ ''အသုံးတော်ခံ'' အခွေကို အားပေးဖို့ စောင့်မျှော်နေကြတဲ့ ပရိသတ်တွေကလည်း ဝမ်းသာနေကြတာကို တွေ့ရပါတယ်။ ဒီအခွေလေးကတော့ အောင်လအတွက် တတိယ မြောက်အခွေလို့လည်း ပြောလို့ရပါတယ်။

Photo: Aung La Facebook

 

အောင်လဟာ '' အသုံးတော်ခံ'' အခွေလေးကို ၂၀၁၇ ခုနှစ် ၉ လပိုင်းမှာကျရောက်မယ့် မွေးနေ့မှာ အမှတ်တရအနေနဲ့ ထွက်ရှိဖို့ ပြင်ဆင်ထား ပေမယ့် အကောင်းဆုံးဖြစ်အောင် ကြိုးစားပြင်ဆင်နေရင်း ၂၀၁၈ ခုနှစ်အတွင်းမှ ထွက်ရှိခဲ့ရတာဖြစ်ပါတယ်။ ဂီတနဲ့ပတ်သက်ပြီး ချစ်သူ ဖြစ်တဲ့ ဝိုင်းစုခိုင်သိန်း နဲ့အတူ သီချင်းတွေလုပ်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

 

အောင်လ ကတော့ လက်ရှိမှာ ဝိုင်းစုကိုဂစ်တာတီးသင်ပေးရုံသာမက၊ ဟာမိုနီအပိုင်းတွေရော၊ အသံဖမ်းတဲ့ အပိုင်းတွေကိုပါသင်ကြား ပေး နေတယ်လို့ ဆိုပါတယ်။ သူကိုတော့ '' တောင်းပန်တယ်'' ဆိုတဲ့ သီချင်းနဲ့ ပရိသတ်တွေ စတင်အားပေးလာကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် Reason အဖွဲ့အနေနဲ့ဂီတအလုပ်တွေ ဆက်တိုက်လုပ်ဖြစ်ရင်း ပရိသတ်အခိုင်အမာ ရရှိလာတဲ့ ဂီတအဖွဲ့ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က