"၁၀၁၄" ရုပ်ရှင်ဇာတ်ကားထဲက ကာရိုက်တာအတွက်ပါ။

ဦးကျော်သူ ကိုယ်တိုင် ဒါရိုက်တာ အဖြစ်ရိုက်ကူးမယ့် "၁၀၁၄" ရုပ်ရှင်ဇာတ်ကားမှာ ထူးအောင်က စစ်သူကြီးနေရာက နေ ပါဝင်သရုပ်ဆောင်ရမှာ  ဖြစ်ပါတယ်။ အဲ့ဒီကာရိုက်တာအတွက် ထပ်တူကျဖို့ကိုလည်း သူတော်တော်ကြိုးစားနေ တာပါ။



Photo : ထူးအောင် FB

 

၁၀၁၄ ရုပ်ရှင်ဇာတ်ကားကြီးဟာ အရည်းကြီးတွေရဲ့ အကြောင်းကို ပုံဖော်ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ အဲ့ဒီဇာတ် ကားကို ဦးကျော်သူ ကိုယ်တိုင် ဒါရိုက်တာ အဖြစ် ရိုက်ကူးမှာဖြစ်ပြီး ထူးအောင်ကစစ်သူကြီး နေရာက ပါဝင်သရုပ်ဆောင်ရမယ်လို့ သိရပါတယ်။  စစ်သူကြီး နေရာက ပါဝင်မယ့် ထူးအောင်က ကာရိုက်တာအတွက် အစွမ်းကုန်ကြိုးစားနေတာ တွေ့ရပါတယ်။

"ဦးမောင်ရေ ၁၀၁၄ရုပ်ရှင်ကားရဲ့စစ်သူကြီးကိုပုံဖော်ဖို့အသေကြိုးစားနေတယ်။မြင်းစီးတာတော့နည်းနည်းလိုသေးတယ်။" ဆိုပြီး ထူးအောင်ရဲ့ ဖေ့စ်ဘွတ်မှာနိုဝင်ဘာ(၁၂)ရက်နေ့က ရေးသားထားတာပါ။

Photo : ထူးအောင် FB

 

အဲ့ဒီကာရိုက်တာအတွက် အစွမ်းကုန်ဖြစ်အောင် ကြိုးစားနေပေမယ့် စိုးရိမ်စိတ်တော့ ရှိနေသေးတယ်လို့ ဆိုပါတယ်။ ၁၀၁၄ ရုပ်ရှင် ဇာတ်ကားကြီးကို ဦးကျော်သူရဲ့ ဝရဇိန်ရုပ်ရှင်ထုတ်လုပ်ရေးကနေ ပထမဆုံးထုတ်လုပ်သွားမယ့် ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပါ တယ်။ ဒီဇာတ်ကားကြီးထဲမှာ ကျော်သူ၊ မို့မို့မြင့်အောင်၊ ထွန်းကိုကို၊ ထူးအောင်၊ ပြေဇင်၊ ဒေါင်း၊ မေမြင့်မိုရ် နဲ့ ရတနာဗိုလ် တို့က အဓိက ပါဝင်သရုပ် ဆောင်သွားမှာဖြစ်ပြီး နောက်ထပ်အနုပညာရှင်များစွာလည်း အားဖြည့်ပါဝင်သွားမယ်လို့ သိရပါတယ်။

 

ဦးကျော်သူကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးမယ့် ၁၀၁၄ ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကို ပုဂံမြို့မှာ သွားရောက်ရိုက်ကူး မှာပါ။ ဒီဇာတ်ကားကြီးရဲ့ နာမည်ကတော့ ထူးခြားမှုရှိပါတယ်။ ၁၀၁၄ ဆိုတာ ပုဂံမင်းဆက်တွေထဲကမှ အနော်ရထာမင်းကြီးရဲ့ မွေးသက္က ရာဇ်ဖြစ် တယ်လို့လည်း မီဒီယာတွေကနေတဆင့်ပြောပြခဲ့ပါတယ်။

'' အရင်တုန်းကတော့ မိစ္ဆာ ဆိုတာပေးထားတာ ဒါပေမယ့် မိစ္ဆာဝါဒီ တွေရဲ့ ဆိုးကျိုးကို ကျွန်တော်က ပြချင်တာ။ မိစ္ဆာဝါဒီဆိုတာ ကလည်း အမှန်တော့ ဘယ်ဘာသာပဲ ဖြစ်ဖြစ် တစ်ဖက်အစွန်းရောက်နေပြီဆိုရင် အဓမ္မဝါဒဖြစ်တယ်။ အဲ့ဒါနဲ့ ဇာတ်လမ်းကို တင်တဲ့ အခါမှာ မိစ္ဆာဆိုတာ မသင့်တော်ဘူးဆိုတာနဲ့ ၁၀၁၄ ဆိုပြီးပြောင်းလိုက်တာ အနော်ရထာမင်း မွေးတဲ့ ခရစ်သက္ကရာဇ်ပေ့ါ'' လို့ နိုဝင်ဘာလ ၂ ရက်နေ့မှာ ပြုလုပ်တဲ့ ၁၀၁၄ ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲမှာ ပြောပြခဲ့တာဖြစ်ပါတယ်။

Photo : ထူးအောင် FB

အနုပညာရှင်များစွာပါဝင်တဲ့ '' အကြင်နာမြစ်ဖျား'' ရုပ်သံဇာတ်လမ်း 

Model လောကမှာလည်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိလာတဲ့ ထူးအောင်ဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း တဖြည်း ဖြည်းနဲ့ ရိုက်ကူးလာရတဲ့ အနုပညာရှင်အသစ်တစ်ယောက်လည်းဖြစ်ပါတယ်။ နောက်ထပ်လည်း လက်ခံထားတဲ့ ဇာတ်ကားတွေ အများကြီး ရှိသေးတယ် လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က