"မီ" ဘက်ကနေ ဝန်းရံပေးလိုက်ပါတယ်။

သရုပ်ဆောင် ချောရတနာက "မီ" ဇာတ်ကားနဲ့ ပတ်သက်ပြီး သူမခံစားရတဲ့ ခံစားချက် တချို့ကို ရင်ဖွင့်လာတာ တွေ့ရပါတယ်။

Photo : ချောရတနာ FB

 

သရုပ်ဆောင် ချောရတနာက "မီ" ဇာတ်ကားနဲ့ ပတ်သက်ပြီး သူမခံစားရတဲ့ ခံစားချက် တချို့ကို ရင်ဖွင့်လာတာ တွေ့ရပါတယ်။ "မီ" ကာရိုက်တာ ပီပြင်ဖို့အတွက် ပိုင်ဖြိုးသုအနေနဲ့ အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် ဆရာဝန်တစ်ယောက်အနေနဲ့ ဇာတ်ကားထဲမှာ ဆေးလိပ်သောက်တာနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။

ချောရတနာက အဲ့ဒါနဲ့ ပတ်သက်လို့ ချောရတနာက ပြီးခဲ့တဲ့ နာရီပိုင်းလောက်က သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ယခုလို ပြောထားတာ တွေ့ရပါတယ်။

Photo : ပိုင်ဖြိုးသု FB

 

"ရင်ဘောင်မတန်းနိုင်တော့လဲ ရင်ဘောင်မတန်းနိုင်လို့ ရင်ဘောင်တန်းအောင်ကြိုးစားပြန်တော့ လဲ လမ်းမဖွင့်ပေးကြ၊ ကြိုးစားချင် စိတ်တွေကို အမျိုးမျိုး ရိုက်ချိုးနေကြ တော်တော်စိတ်ပျက်မိပြောကျပါဦး။ ရှေ့ကို ဆက်သွားရအုံးမှာလား နောက်ကိုပဲ အတင်း ပြန်ပြန်စောက်ဆွဲနေမှာလား" ဆိုပြီး ချောရတနာက ရေးသားထားပါတယ်။

ကျန်းမာရေး သံတမန်အဖြစ် ဆက်လက်ဆောင်ရွက်သွားမယ့် ပိုင်ဖြိုးသု 

ပိုင်ဖြိုးသု အနေနဲ့ ကျန်းမာရေး သံတမန် တစ်ယောက်ဖြစ်တဲ့အတွက် လက်ရှိ ရုံတင်ပြသလျှက်ရှိတဲ့ မီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ မီရဲ့ ဇာတ်ကောင် ကာရိုက်တာအဖြစ် ဆေးလိပ်ခဏခဏ သောက်ရတဲ့ဇာတ်ဝင်ခန်းတွေနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာ ပေါ်မှာ ဝေဖန်မှု တွေ ရှိခဲ့ပါတယ်။

ယင်းကိစ္စနဲ့ ပတ်သက်ပြီး နိုဝင်ဘာ(၁၃) ရက်နေ့ နေ့လည်(၁)နာရီက ရန်ကုန်မြို့ ၊ အနောက်မျဥ်းပြိုင်ကွင်းနားတွင် ရှိတဲ့ ရန်ကုန် တိုင်း ဒေသကြီး ကျန်းမာရေးဦးစီးဌာနရုံးမှာ စာနယ်ဇင်းပွဲ ကျင်းပပြုလုပ်ခဲ့ပါသေးတယ်။

Photo : ချောရတနာ FB

 

လက်ရှိအချိန်မှာတော့ သရုပ်ဆောင် ပိုင်ဖြိုးသုဘက်မှာ အနုပညာရှင်တွေသာမက ပရိသတ်တွေကပါ ရှိနေပြီး "မီ" ရုပ်ရှင်ဇာတ်ကား ကြီးကို ဝန်းရံပေးလျက်ရှိတာ တွေ့ရပါတယ်။ မီ ဇာတ်ကားကို ဝန်းရံပေးတဲ့ သူတွေထဲမှာ ချောရတနာက တစ်ယောက်အပါအဝင်လို့ ပြောရမှာပါ။

သရုပ်ဆောင် ချောရတနာဟာ လက်ရှိမှာ အနုပညာအလုပ်တွေ နားထားပြီး မိသားစုကို အချိန်ပေးနေသူ ဖြစ်ပါတယ်။ သမီးငယ် လေးကို ၂၀၁၈ခုနှစ် မေလ(၁၂) ရက်နေ့က မွေးဖွားခဲ့ပြီးနောက် အနုပညာလောကနဲ့ ဝေးကွာနေသူပါ။

Photo : ချောရတနာ FB

 

ချောရတနာမှာတော့ ၃ နှစ်ကျော်ပြီဖြစ်တဲ့ သားကြီးလေး တစ်ယောက်ရှိပါသေးတယ်။ သူမဟာ ချစ်စရာကောင်းလှတဲ့ သားနဲ့ သမီးကို ပိုင်ဆိုင်ထား တဲ့ မိခင်တစ်ဦးလည်းဖြစ်ပါတယ်။ သူမကို အားပေးခဲ့ကြတဲ့ ပရိသတ်တွေကတော့ အခုချိန်မှာ သူမရဲ့ ရင်သွေးလေးတွေကိုပါ ထပ်ပြီးတော့ အချစ် ပိုတိုးနေတာကိုလည်း တွေ့ရပါတယ်။

အသားဖြူဖြူ၊ အရပ်ရှည်ရှည် ဆံပင်ရှည်ရှည်နဲ့ ချစ်စရာကောင်းခဲ့တဲ့ ချောရတနာကို တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ အားပေး ခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးလာရတာ အိမ်ထောင်မကျခင်အထိပါပဲ။ ချောရတနာဟာ ၂၀၁၅ ခုနှစ် အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ ဥ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က