ပြည်မြို့မှာရှိတဲ့ ရှေးဟောင်းစေတီတော်ကြီးဖြစ်ပါတယ်။

ထူးအယ်လင်းကတော့ သရုပ်ဆောင်မင်းသွေးအတွက် ပြည်မြို့မှာရှိတဲ့ ရှေးဟောင်းစေတီတစ်ဆူမှာ ဘုရားထီးတင် ကုသိုလ် ပြုပေးနေတယ်လို့ သိရပါတယ်။ သူကိုယ်တိုင်ကလည်း ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံဆောင်ရွက် နေသူဖြစ်ပါတယ်။

Photo: ထူးအယ်လင်းဖေ့စ်ဘွတ်

 

အဆိုတော် ထူးအယ်လင်းက ပရဟိတအကျိုးတွေနဲ့ ကုသိုလ်ရေးတွေကို စွမ်းစွမ်းတမံဆောင်ရွက်နေသူဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း ပြည် မြို့နယ် ကုန်တလင်းကျေးရွာအုပ်စု သဲဖြူရွာမှာရှိတဲ့ ရှေးဟောင်းမျှော်တော်မူ စေတီကို ပြုပြင်မွမ်းမံရနေတယ်လို့ သိရပါတယ်။

'' ပြည်မြို့နယ် ကုန်တလင်းကျေးရွာအုပ်စု သဲဖြူရွာမှာရှိတဲ့ တောင်ပေါ်ဆုတောင်းပြည့် ရှေးဟောင်း မျှော်တော်မူစေတီ မှာ စေတီတော် လုံးပတ် ပြုပြင် မွမ်းမံခြင်း ၊ ရွှေသင်္ဃန်းကပ်ခြင်း ၊ ရင်ပြင်တော်ပြုပြင်အချောကိုင်ခြင်း ၊ ဘုရားတန်ဆောင်းဆောက်ခြင်း အစရှိသည်တို့ အား လုံး ပြီးစီးတာနှင့် စေတီတော်အတွက် ထီးသစ်တင်ပြီး စိန်ဖူးတော် ကပ်လှူကြမည်ဖြစ်ကြောင်း ရာဟုသားသမီးအပါ ခုနှစ်ရက် သားသမီး အ လှူ ရှင်များနှင့် ဆိုင်ကယ်ချစ်သူ၊ လမ်းဘီလူးညီအစ်ကိုအလှူရှင်များကိုအကြောင်းကြားအပ်ပါတယ်ဗျ'' လို့ ဆိုပါတယ်။

Photo: ထူးအယ်လင်းဖေ့စ်ဘွတ်

 

စေတီတော် ပြုပြင်မွမ်းမံတဲ့ ကုသိုလ်ရေးကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ သရုပ်ဆောင်မင်းသွေးကို ရည်စူးပြီး ဆောင်ရွက်ခြင်းဖြစ်တယ် လို့ သိရပါတယ်။ မကြာခင်မှာတော့ အားလုံး ပြီးစီးတော့မယ် လို့လည်း နိုဝင်ဘာလ ၁၄ ရက်နေ့မနက် ၁၀ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေး သားခဲ့တာဖြစ်ပါတယ်။

''အလှူရှင်များအား လက်ရှိ ပြီးသလောက် ပြုပြင်တည်ဆောက်နေသောစေတီတော်အား ပီတိရစေခြင်းအလို့ငှာ ပုံနှင့်တကွတင်ပြအပ်ပါ တယ် ။ကွယ်လွန်သူညီငယ် ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင် တေးသံရှင်မင်းသွေး ရောက်ရာဘုံဘဝမှနေ၍ အမျှကုသိုလ်ရရှိ စံစားခံစားရပါသော သာဓု သာဓု သာဓု'' လို့ သူကဆိုပါတယ်။

မင်းသွေးအတွက် ဘုရားထီးတင်ကုသိုလ်ပြုပေးသွားမယ့် ထူးအယ်လင်း 

Photo: ထူးအယ်လင်းဖေ့စ်ဘွတ်

 

အဆိုတော်ထူးအယ်လင်းဟာ  တကယ်လိုအပ်တဲ့ နေရာဒေသတွေမှာ မကြာခဏဆိုသလို သွားရောက် လှူဒါန်းမှုတွေ ပြုလုပ်လေ့ရှိပါတယ်။ လက်ရှိမှာ ပရဟိလုပ်ငန်း တွေ တော်တော်များများကို ဆောင်ရွက်နေတာလည်း တွေ့ရပါတယ်။သူကိုယ်တိုင်ဦးဆောင်ပြီး မီးသဂြိုလ်စက်တွေ လှူဒါန်းခဲ့သလို နာရေး ကူညီမှု အသင်းအတွက် လူနာတင်ကားတွေလည်း လှူဒါန်းခဲ့ပါသေးတယ်။

Photo: ထူးအယ်လင်းဖေ့စ်ဘွတ်

 

မင်းသွေးဟာ အောက်တိုဘာလ ၃ ရက်နေ့ ည ၁၁ နာရီ မိနစ် ၂၀ အချိန်က ကွယ်လွန်သွားခဲ့တာပါ။ သူ့အတွက် စိတ်မကောင်းဖြစ်နေ ကြတဲ့ မိသားစုဝင်တွေ၊ အနုပညာရှင်တွေ နဲ့ ပရိသတ်တွေက အများကြီးရှိပါတယ်။ မင်းသွေးဟာ မကြာသေးခင်က စင်ကာပူနိုင်ငံကို အလည်အပတ် သွားရောက်ခဲ့ရာမှ အောက်တိုဘာလ ၃ ရက်နေ့ မနက်မှာ ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က