အားကိုးနေရပြီတဲ့။

တင်ဇာမော်က သူချစ်ရတဲ့ သမီးလေး Loretta ရဲ့ အသက် ၅ နှစ်ပြည့် မွေးနေ့ပွဲကို အောင်အောင်မြင်မြင်ပြုလုပ်ပေးနိုင်ခဲ့တယ် လို့ ဆိုပါတယ်။ သူမရဲ့ ခင်ပွန်းဖြစ်သူ မိုက်ကယ်အောင် နဲ့ အိမ်ထောင်သက်တမ်း ၁၁ နှစ်ရှိပြီလို့ သိရပါတယ်။

Photo: တင်ဇာမော်ဖေ့စ်ဘွတ်

 

အဆိုတော် တင်ဇာမော်နဲ့ မိုက်ကယ်အောင်တို့ရဲ့ သမီးလေး Loretta ကတော့ အသက် ၅ နှစ်ပြည့်ခဲ့ပြီလို့ သိရပါတယ်။ သမီးလေးရဲ့ မွေးနေ့မှာ မိသားစု စုံစုံညီညီ ဖြတ်သန်းခဲ့ကြတဲ့ အမှတ်တရ အကြောင်းတွေကိုလည်း တင်ဇာမော်က အခုလို ပြောပြထားပါတယ်။

'' ချစ်သမီး လော် ၅နှစ်ပြည့် မွေးနေ့လေး အထမြောက်ခဲ့ပြီ။ အချိန်ပေးပြီးအရောက်လာတဲ့ ဘွားဘွားတွေ ဘဘတွေ၊ ကြီးကြီးတွေ၊ မမတွေ ၊ ကိုကိုတွေ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်ရှင့်။ လက်ဆောင်တွေ မုန့်ဖိုးတွေ ပေးတာလည်းကျေးဇူးတင်ပါတယ်ရှင့်'' ဆိုပြီးတော့ နိုဝင်ဘာလ ၁၄ ရက်နေ့ မနက် ၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာရေးသားခဲ့တာဖြစ်ပါတယ်။

Photo: တင်ဇာမော်ဖေ့စ်ဘွတ်

 

အဲ့ဒီနောက် သမီးလေး Loretta က အသက် ၅ နှစ်အရွယ်မှာတင် မိဘတွေအားကိုးလို့ရနေပြီလို့ တင်ဇာမော်က သမီးလေးအတွက် ချီးကျူး စကားပြောပြလာပါတယ်။ တင်ဇာမော်က လက်ရှိမှာ မိသားစုနဲ့အတူ အမေရိကားမှာ နေထိုင်တာ ဖြစ်ပါတယ်။

'' ၅နှစ်သမီးလော်လော် အိပ်ယာနိုးတာနဲ့ချက်ချင်းကိုယ်တိုင် ပြန်ပြီးရှင်းသွားတဲ့ အိပ်ယာ အားကိုးလို့ရနေပြီ'' လို့လည်း တင်ဇာမော်က ဆက် လက်ပြောပြထားပါသေးတယ်။ အဲ့ဒီနောက် မွေးနေ့ အမှတ်တရ ပုံရိပ်လေးတွေကိုလည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ တင်ခဲ့တာကို တွေ့ရပါတယ်။

Photo: တင်ဇာမော်ဖေ့စ်ဘွတ်

ပျော်ပျော်ပါးပါး ရိုက်ကူးရေးလုပ်နေတယ်ဆိုတဲ့ မီမီဝင်းဖေ 

တင်ဇာမော်က သူမရဲ့ ချစ်ရတဲ့ခင်ပွန်း မိုက်ကယ်အောင် နဲ့အတူ ချစ်စရာကောင်းတဲ့ သားတစ်ယောက်၊ သမီးတစ်ယောက်ကို ပိုင်ဆိုင် ထားပါတယ်။ သူတို့ ဇနီးမောင်နှံရဲ့ အိမ်ထောင်သက်တမ်းကတော့ ၂၀၁၈ ခုနှစ် မေလ ၅ ရက်နေ့က ၁၁ နှစ်ပြည့်ခဲ့ပြီလို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပြောပြခဲ့ပါတယ်။

Photo: တင်ဇာမော်ဖေ့စ်ဘွတ်

 

အဆိုတော်တင်ဇာမော်ကတော့ Seven Concert လို့ အမည်ပေးထားတဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကြီးကိုလည်း ၂၀၁၇ ခုနှစ်အတွင်း မှာ ကျင်းပခဲ့ပါသေးတယ်။ ဒီနေ့အချိန်ထိ အားပေးနေတဲ့ ပရိသတ်တွေအတွက်ကိုလည်း အမြဲတမ်းကြိုးစားနေပါ့မယ်ဆိုတဲ့ အကြောင်း ကိုလည်း Duwub Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Share

Loading Next Article...
က္က