၂၀၁၉ ခုနှစ်မှာ ရိုက်မှာပါတဲ့။

ကျော်ကျော်ဗိုက စမတ်ကျတဲ့ ခန္ဓာကိုယ်အချိူးအစားကနေ ၂၀၁၉ ခုနှစ်မှာရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးအတွက် ဝ အောင် ကြိုးစား နေရတာဖြစ်ပါတယ်။ သူဟာ အနုပညာလောကမှာ အတွေ့အကြုံများစွာရှိထားပြီးသားလည်း ဖြစ်ပါတယ်။



Photo: ကျော်ကျော်ဗို

 

ကျော်ကျော်ဗို က သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့အတွက် ပေးအပ်လာတဲ့ ကာရိုက်တာတိုင်းအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်လေ့ရှိပါ တယ်။ အခုချိန်မှာတော့ ၂၀၁၉ ခုနှစ်မှာ ရိုက်ကူးမယ့် “ Memories Of Tomorrow “ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ကောင်အတွက် ဝ လာတဲ့သူ ဖြစ်အောင် ကြိုးစားနေတာကို တွေ့ရပါတယ်။

'' စိန်ခေါ်နေတဲ့ဇာတ်ကောင် Character တိုင်းအတွက်" ရုပ် " ရော " နာမ် " ရော အဆင်သင့်ဖြစ်ဖို့ကြိုးစားနေတယ် ။ 2019 “ Memories Of Tomorrow “ အတွက် ကျွန်တော်အဆင်သင့်ဖြစ်ခါနီးပြီ'' ဆိုပြီးတော့ နိုဝင်ဘာလ ၁၅ ရက်နေ့ နေ့လည် ၁ နာရီ ၁၄ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ် မှာရေးသားခဲ့တာဖြစ်ပါတယ်။

Photo: ကျော်ကျော်ဗို

 

ကျော်ကျော်ဗိုဟာ အနုပညာလောကထဲမှာ ရာစုနှစ်အတော်ကြာတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သရုပ်ဆောင်အပိုင်းမှာလည်း ပရိသတ်အားပေးမှု များစွာရှိသလို ဇာတ်ကတဲ့ နေရာမှာလည်း အရမ်းကိုတော်တဲ့ မင်းသားတစ်ယောက်ပါ။ အဲ့ဒီနောက် နှင်းဆီအငြိမ့် အဖွဲ့ နဲ့ အတူ ပရဟိတတွေ ဖျော်ဖြေရေးတွေ ဆောင်ရွက်နေတာဖြစ်ပါတယ်။

ခိုင်မာတဲ့ မိသားစုလေးအကြောင်းပြောလာတဲ့ ကျော်ကျော်ဗိုနဲ့ဇနီး 

လက်ရှိမှာတော့ ကျော်ကျော်ဗို က ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေတာကို တွေ့ရပါတယ်။ သူ့ရဲ့ နောက်ထပ်ဝါသနာတစ်ခု ဖြစ်တဲ့ ခရီးသွားခြင်း အကြောင်းအရာတွေကိုလည်း အစီအစဉ်အသစ်တစ်ခုအဖြစ် Free to Air ရုပ်သံလိုင်းကနေ တဆင့် တင်ဆက်ပေးနေတာဖြစ် ပါတယ်။

Photo: ကျော်ကျော်ဗို

 

ကျော်ကျော်ဗိုဟာ သစ္စာမေတ္တာရွှေမန်းသဘင်ရဲ့ အနုပညာမျိုးဆက်သစ် တစ်ဦးဖြစ်ပါတယ်။ အလကာၤကျော်စွာ ရွှေမန်းဦးတင်မောင်နဲ့ ဒေါ်သိန်းညွှန့်ရဲ့ မြေး၊ ရုပ်ရှင်နဲ့ ဇာတ်သဘင်မင်းသား ဦးဝင်းဗိုလ်နဲ့ ဒေါ်ခင်သန်းမြင့်တို့ရဲ့  သားဖြစ်ပါတယ်။ ဦးဝင်းဗိုလ်ဟာ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က