လဝန်းမေလေးက ၂ နှစ်မပြည့်သေးပါဘူး။

သက်မွန်မြင့်က သားလေး အားချစ်နဲ့ သမီးလေး လဝန်းမေ တို့ကို ပိုင်ဆိုင်ထားတဲ့ မိခင်တစ်ယောက်ဖြစ်ပါတယ်။ အခုလည်း သမီးငယ်လေးရဲ့ လည်လွန်း တတ်လွန်းတဲ့ အကြောင်းကို အခုလို ပြောပြထားပါတယ်။

Photo: သက်မွန်မြင့် Page




သက်မွန်မြင့်တစ်ယောက် ချစ်စရာကောင်းပြီး လည်လွန်း တတ်လွန်းတဲ့ သမီးငယ်လေး လဝန်းမေအကြောင်းပြောပြလာပါတယ်။ အသက် ၂ နှစ် မပြည့်သေးတဲ့ သမီးလေးက မေမေ သက်မွန်ကို ဆရာကြီး လုပ်လွန်းတယ် လို့လည်းဆိုပါတယ်။

''သူက သမီး မဟုတ်ဘူး။ အမေ မွန့် အမေ တတ်လွန်း သိလွန်း ဆရာလုပ်လွန်း လူကြီးဆန်လွန်းလို့ ဒါ ၂ နှစ်မပြည့်သေး'' ဆိုပြီးတော့ လဝန်း လေး ရဲ့ စကားတတ်တဲ့အကြောင်းတွေကို သက်မွန်မြင့်ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၅ နာရီကျော်က ရေးသား ခဲ့တာဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ လဝန်း လေးနဲ့ မေမေ သက်တို့ရဲ့ ဓာတ်ပုံတွေလည်း တင်ခဲ့ပါတယ်။

Photo: သက်မွန်မြင့် Page


သူမဟာ ချစ်စရာကောင်းတဲ့ မိသားစုဘဝလေးနဲ့အတူ သားလေးတစ်ယောက်၊ သမီးလေးတစ်ယောက် ပိုင်ဆိုင်ထားတဲ့ နာမည်ကျော် အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ တစ်နှစ်နဲ့ ငါးလ အရွယ်သာရှိသေးတဲ့ သမီးငယ်လေးလဝန်းမေရဲ့ အကြောင်းတွေကို မီဒီယာတွေကနေတဆင့် အခုလိုပြောပြခဲ့ပါတယ်။

'' အငယ်လေးက မိန်းကလေးဆိုတော့ မိန်းကလေးရဲ့ သဘာဝက သွက်တယ်လေ၊ အတတ်မြန်တယ်။ အခု စကားတော့တော်တော်များများ မပြောတတ်သေးဘူး။ နှစ်လုံး သုံးလုံးလောက်တော့ ပြောတတ်နေပြီ။ စကားမပြောတတ်ပေမယ့် သူက အကုန်နားလည်ပြီးတော့ သူ့ပုံစံ ကိုက လူကြီးပုံစံလေးဖြစ်နေတာ။ အသက်ကလည်း တစ်နှစ်နဲ့ ငါးလပဲရှိသေးတာဆိုပေမယ့် သူ့ရဲ့ စိတ်၊ သူ့ရဲ့ လှုပ်ရှားမှုတွေက လုံးဝ လူကြီး လိုဖြစ် သွားတော့ ငါ့သမီးလေး လူကြီးလို ဖြစ်သွားပြီပေါ့နော်။ ကိုယ်က ချစ်လို့ မဝသေးဘူး သူကလူကြီးလေးဖြစ်နေပြီ ဆိုပြီးတော့တောင် နောက်နေ သေးတယ်''ဆိုပြီးတော့ ဖြေဆိုခဲ့ပါတယ်။

အရည်အချင်းရှိရှိနဲ့ ရပ်တည်ချင်တဲ့သူ ဖြစ်ချင်တဲ့ သက်မွန်မြင့် 

Photo: သက်မွန်မြင့် Page


သက်မွန်မြင့်ရဲ့သမီးငယ်လေး လဝန်းမေက အခုဆိုရင် စကားပြောတတ်နေပြီလို့ သိရပါတယ်။ သမီးလေး စကားစပြောတတ်တဲ့ အချိန်တုန်း က အမှတ်တရတွေ၊ မေမေ လို့ခေါ်ပြီး သူ့ကိုလည်း စနောက်တတ် တဲ့ အကျင့်လေးတွေကိုလည်း ဆက်လက်ပြောပြထားပါသေးတယ်။

'' ဒိုင်း ဆိုပြီးတော့ သေနတ်ပစ်တာပေါ့။ အစ်ကိုတွေနဲ့ ဆော့နေရင် သေနတ်ပစ်ဆိုတော့ ဒိုင်း အဲ့ဒါစစချင်းပြောတာ။ ဒိုင်း လို့ ပြောပြီးတော့ မေမေ လို့ စခေါ်တယ်။ မေမေလို့ စခေါ်ကတည်းက ဒီကောင်မလေးက နည်းနည်း မျက်နှာပြောင်တယ်။ သူများကို သိပ်စတတ်တယ်။ မေမေ ခေါ်တာတောင်မှ မေမေလို့ ခေါ်ပြီး ပုန်းသွားလိုက်ပေါ့ အဲ့ဒီလို အမှတ်တရလေးတော့ ရှိတယ်'' လို့ ဆိုပါတယ်။

Photo: သက်မွန်မြင့် Page


သက်မွန်မြင့်ဟာ လက်ရှိမှာ မိသားစုကို အချိန်ပေးရင်း သူမချစ်တဲ့အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိပါတယ်။အကယ်ဒမီ သက်မွန် ကတော့၂၀၁၄ခုနှစ် ဖေဖော်ဝါရီ(၁၄) ရက်နေ့က ခင်ပွန်းဖြစ်သူ ကိုစစ်နိုင်နဲ့ လက်ထပ်ခဲ့ပြီး အခုဆိုရင် သားလေးအားချစ်နဲ့ သမီးလေး လဝန်းမေတို့နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က