တကယ်ကို ပီတိဖြစ်ရတဲ့ အလှူလေးပါ။

အေးဝတ်ရည်သောင်းက ''မုန်းစွဲ'' ရုပ်ရှင်ဇာတ်ကား ရုံတင်တဲ့နေ့မှာပဲ ပရိသတ်တစ်ယောက်က လုပ်ပေးတဲ့ အလှူဒါနလေး ကြောင့် ဝမ်းသာ ပီတိ မျက်ရည်ကျခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကားဟာ သူ့အတွက် စိန်ခေါ်မှုကြီးတဲ့ ဇာတ်ကားဖြစ်တာ ကြောင့် စိတ်လှုပ်ရှားနေတဲ့ အကြောင်းတွေ ပြောပြခဲ့ပါတယ်။

Photo: မုန်းစွဲ

 

သရုပ်ဆောင် အေးဝတ်ရည်သောင်းအတွက် ပရိသတ်တစ်ယောက်က လုပ်ပေးတဲ့ အလှူအတန်းကြောင့် မျက်ရည်ကျမတက် ဝမ်းသာပီတိဖြစ် ခဲ့တယ်လို့ဆိုပါတယ်။ မုန်းစွဲ ဇာတ်ကား ရုံတင်တဲ့ နေ့မှာပဲ အမှတ်တရ ဖြစ်ခဲ့ရတဲ့ အရာလေးကို သူကိုယ်တိုင်ရင်ဖွင့်ပြောပြခဲ့ပါတယ်။

"မုန်းစွဲ" အမှတ်တရ သွေးလှူတာတဲ့။ ကြွေပါပြီနော် အူတွေရော အသဲတွေပါ။ မျက်ရည်တောင်လည်မိတယ်။ ဒီလိုမျိုးခံစားချက်ကိုပြောပြဖို့ စကားလုံးတောင်မရှိတော့ဘူး။ တကယ်ကျေးဇူးတင်ပြီး အမြဲအမှတ်ရနေမှာပါ'' ဆိုပြီးတော့ နိုဝင်ဘာလ ၁၆ ရက်နေ့ နေ့လည် ၁၁ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာရေးသားခဲ့ပါတယ်။

Photo: မအေးသောင်း

 

မုန်းစွဲ ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်ခွင့်ရထားတဲ့ ကာရိုက်တာကလည်း အေးဝတ်ရည်သောင်းအတွက် စိန်ခေါ်မှုတစ်ခုဖြစ်စေတယ်လို့ ဆိုပါ တယ်။ ဒီကာရိုက်တာအပေါ်မှာလည်း ပရိသတ်တွေက စိတ်ဝင်စားမှု  ပိုများတယ်လို့လည်း Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ ဖူးပါတယ်။

'' အစ်မရဲ့  ကာရိုက်တာက ဘုန်းကြီးနဲ့ ပတ်သက်တာလေးတွေပေါ့။ လူဆိုး ကိုကြိုက်ရတာ အစ်မအတွက် အရမ်းကြီးစိန်ခေါ်မှုမရှိဘူး။ ဘုန်း ကြီး ကို ကြိုက်ရတာကတော့ ကိုယ့်အတွက် စိန်ခေါ်မှုတစ်ခုဖြစ်တယ်။ ဗုဒ္ဓဘာ သာ မြန်မာနိုင်ငံ ဖြစ်နေတာကတစ်ကြောင်း၊ ဘာသာရေးက ဖြစ်နေတာကတစ်ကြောင်း ဆရာတော် အရှင်ဆန္ဒာဓိက ကိုယ်တိုင် တရားဟော ထားတာဖြစ်တဲ့အတွက် ပညာပေးဖြစ်တာကြောင့် လူဆိုး နေရာကဆိုလည်း ဝင်ပြီးတော့ ကွက်လပ်လေးကို ဖြည့်ပေးမယ် ဆိုပြီးတော့ အကောင်းဆုံး ရိုက်ကူးဖြစ်တာပါ'' လို့ ဆိုပါတယ်။

Photo: မုန်းစွဲ

မုန်းစွဲရုပ်ရှင်ဇာတ်ကားအတွက် ရင်ခုန်နေတဲ့ မအေးသောင်း 

မုန်းစွဲ ရုပ်ရှင်ဇာတ်ကား စတင်ရိုက်ကူးခဲ့စဉ်ကတည်းက ပရိသတ်စိတ်ဝင်စားခြင်းခံခဲ့ရတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။သရုပ်ဆောင် အေးဝတ်ရည်သောင်းက  ဒီလို ဇာတ်ကားထဲ မှာပါဝင်ခွင့်ရတဲ့အပေါ်မှာလည်း ပရိသတ်ကို ရင်ခုန်စေချင်သေးတယ်လို့ သူကဆိုပါတယ်။

'' ပေါက်စီကတော့ ဘာမှ ကြိုမပြောချင်ပါဘူး၊ ကြည့်ပြီးတဲ့သူ၊ ကြည့်တဲ့ ပရိသတ် ဝေဖန်တာက ပိုပြီးတော့  စိတ်လှုပ်ရှားကောင်းမယ်လို့ ထင်ပါတယ်။ ပေါက်စီက သူတို့ကို ရင်ခုန်မှုပေးရတာ ပိုကြိုက်တယ်ရှင့်'' ဆိုပြီးတော့ နိုဝင်ဘာလ ၄  ရက်နေ့က စိန်နန်းတော် ဆိုင်ရဲ့ ကံစမ်းမဲ ဖွင့်ပွဲအခမ်းအနားမှာ ပြောပြခဲ့တာဖြစ်ပါတယ်။

Photo: မအေးသောင်း

 

မြန်မာနိုင်ငံက ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေး မအေးသောင်းက အခုလက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေ တာ တွေ့ရပါတယ်။ သူ့အနေနဲ့ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ ပိုးထည်ဆိုင်တွေကိုလည်း ဦးဆောင်နေရသူပါ။ မအေးသောင်းရဲ့ အနုပညာ သက်တမ်းကတော့ အတော်ကို ကြာနေပါပြီ။

Share

Loading Next Article...
က္က