အချစ်ဟာ ရေနဲ့တူတယ်တဲ့။

နိုင်ငံကျော် အဆိုတော် တစ်ဦး ဖြစ်သလို ပြည်သူချစ် အဆိုတော် တစ်ဦးဖြစ်တဲ့ ဖြူဖြူကျော်သိန်းက အချစ်နဲ့ ပတ်သက်ပြီး ခံစားချက်လေး တချို့ကို သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကနေ ပြောပြထားတာတွေ့ရပါတယ်။



Photo : ဖြူဖြူကျော်သိန်း FB

 

နိုင်ငံကျော် အဆိုတော် တစ်ဦး ဖြစ်သလို ပြည်သူချစ် အဆိုတော် တစ်ဦးဖြစ်တဲ့ ဖြူဖြူကျော်သိန်းက အချစ်နဲ့ ပတ်သက်ပြီး ခံစားချက်လေး တချို့ကို သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကနေ ပြောပြထားတာတွေ့ရပါတယ်။ ဖြူဖြူကျော်သိန်းက အချစ်ဟာ ရေနဲ့ တူတယ်လို့ အဓိပ္ပါယ်ဖွင့်ဆို ထားတာပါ။

"အချစ်ဟာရေနဲ့တူတယ်။သူ့ချည်းသက်သက် မျှော်လင့်ချက်နဲ့ အသက်ဆက်စရာပေးတယ်။ရေလိုပဲ ထည့်တဲ့ခွက်ပေါ် တည်ပြီးသဏ္ဍာန် ပြောင်းသလို အချစ်ဟာ သုံးစွဲသူရဲ့ဘဝပေါ်တည်ပြီး အသွင်ပြောင်းတယ်။ရေလိုပဲ ရောမိတဲ့ပစ္စည်းပေါ်တည်ပြီး အရောင်အဆင်း အနံ့အရသာ ကွာသွားသလို အချစ်ဟာ ခံစားသူရဲ့မနောပေါ်တည်ပြီး အတိမ်အနက်အနုအရင့်အကျယ်အပြန့်ကွာသွားတယ်။ရေလိုပဲ ပမာဏနဲ့ ဓာတ် သဘော ပေါ်တည်ပြီး သောက်ရေတစ်ခွက်နဲ့ပင်လယ်ပြင် ဆင်ခြင်စရာကွဲပြားသလို အချစ်ဟာ အနေအထားတွေပေါ်တည်ပြီး ခံစားချက် တွေကွာခြားစေတယ်။

အချစ်ဟာရေနဲ့တူတယ်။သူ့ချည်းသက်သက် မျှော်လင့်ချက်နဲ့ အသက်ဆက်စရာဖြစ်စေတယ်။အချစ်ဟာ သူ့ချည်းသက်သက် သိပ်ချစ်စရာ ကောင်းရှာတယ်။အချစ်ဟာ သူ့ချည်းသက်သက်ဆို အဆိပ်အတောက်မဖြစ်ဘူးလို့ထင်ရတယ်"ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ နိုဝင်ဘာ(၁၇) ရက်နေ့က ရေးသားခဲ့တာပါ။

Photo : ဖြူဖြူကျော်သိန်း FB

Crush ကိုယူမယ်ဆိုပြီး စိတ်ကူးခဲ့ဖူးတယ်ဆိုတဲ့ ဖြူဖြူကျော်သိန်း  

အချစ်ရေးနဲ့ ပတ်သက်ပြီးတည်တည်ငြိမ်ငြိမ် ရှိနေတဲ့ မဖြူတစ်ယောက် ယခုလို အချစ်အကြောင်းတွေ ရေးနေတာနဲ့ ပတ်သက်ပြီး ပရိသတ်တွေက မေးခွန်းထုတ်နေကြပါပြီ။ အချစ်နဲ့ တွေ့နေပြီလားဆိုပြီး ပရိသတ်တွေ စဉ်းစားနေကြပါပြီ။ လက်ရှိမှာတော့ ဖြူဖြူကျော်သိန်း ရဲ့ အချစ်ရေးက တည်ငြိမ်နေတာကို တွေ့ရပါတယ်။ သူ့ကို ချစ်စကား ကြိုက်စကားပြောမယ့် သူလည်း မရှိသေးသလို ပြောတိုင်းလည်း မယုံဘူးလို့ သဘောကျရယ်မောရင်းပြောပြလာပါတယ်။

'' ကိုယ့်ကိုချည်းပဲ အားလုံးက Crush နေတယ် ထင်တာတော့။ အဲ့လိုတော့ ပြောကြတာပဲလေ။ အဲ့လိုတွေ ယုံလို့ရှိရင် ဒုက္ခတွေရောက်ရချည်ရဲ့ ဟုတ်တယ်ဟုတ်။ ပြောတိုင်းသာ ယုံရဆို မိန်းကလေးတွေ ဒုက္ခရောက်ရချည်ရဲ့ သူတို့ ပြောတိုင်း ယုံစရာလား။ Propose လုပ်ဖို့ကျတော့လည်း အားအားရှိ ဒီလို ဝုန်းတတ်တဲ့ အမေအကြောင့် ဘယ်သူကပြောရဲမှာလဲ''လို့  အောက်တိုဘာလ ၁၆ ရက်နေ့က Gatsby ပွဲအခမ်းအနားမှာ ဖြေဆိုခဲ့တာပါ။

Photo : ဖြူဖြူကျော်သိန်း FB

 

ဂီတလောကကို စတင်ဝင်ရောက်လာကတည်းက ဆန်းသစ်တဲ့ ဖက်ရှင်များ၊ အသံပါဝါကောင်းကောင်းနဲ့ ချိုသာသော အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ ဖြူဖြူကျော်သိန်းဟာ ပရိသတ်တွေရဲ့ အသည်းကျော် တစ်ယောက်လည်း ဖြစ်ပါတယ်။ မကြာခင်ထွက်ရှိတော့မယ့် Strom Album ကိုလည်း စောင့်မျှော်နေတဲ့ ပရိသတ်တွေ အများကြီးပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က