အရမ်းကို ပျော်နေတာပါ။

ကြင်စဦး ဇနီးမောင်နှံတွေ ဖြစ်ကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့က လက်ရှိမှာ ဟန်းနီးမွန်း ထွက်နေကြပါတယ်။ ရွှေမှုံရတီရဲ့ ဖေ့စ်ဘွတ်မှာလည်း လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်က ဟန်းနီးမွန်း ခရီးစဉ်က ပုံလေးတွေကို စပြီး တင်ထားတာ တွေ့ရပါတယ်။



Photo : ရွှေမှုံရတီ FB

 

ကြင်စဦး ဇနီးမောင်နှံတွေ ဖြစ်ကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့က လက်ရှိမှာ ဟန်းနီးမွန်း ထွက်နေကြပါတယ်။ ရွှေမှုံရတီရဲ့ ဖေ့စ်ဘွတ်မှာလည်း လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်က ဟန်းနီးမွန်း ခရီးစဉ်က ပုံလေးတွေကို စပြီး တင်ထားတာ တွေ့ရပါတယ်။ ဟန်းနီးမွန်းခရီးစဉ်က ပုံလေးတွေ တင်ရင်းနဲ့ ရွှေမှုံ့ ယခုလို စာသားလေးကိုလည်း ရေးသားထားပါသေးတယ်။

"အချစ်နဲ့ ခရီးသွားခြင်း " ဆိုပြီး နိုဝင်ဘာ(၁၇) ရက်နေ့က ရေးသားထားတာပါ။

Photo : ရွှေမှုံရတီ FB

ရွှေနှစ်ရွှေက လက်ရှိမှာ အီတလီနိုင်ငံကို ရောက်ရှိနေတာပါ။  အီတလီနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မီလန်မြို့ကို ရောက်ရှိနေ တာဖြစ်နေတာပါ။ သူတို့နှစ်ဦးရဲ့ ဥရောပ ခရီးစဉ်ကတော့ စတင်နေပါပြီ။ ဟန်နီးမွန်း ခရီးစဉ်မှာလည်း ကြင်စဦး ဇနီးမောင်နှံနှစ်ယောက် ဘယ်လိုများ Ro နေကြမလဲဆိုတာ မကြာခင် ဓာတ်ပုံလေးတွေနဲ့ မြင်တွေ့ရတော့မှာပါ။

ရွှေမှုံအနေနဲ့ အိမ်ထောင်တစ်ခု ပြုလုပ်ပေမယ့်လည်း ခင်ပွန်းအပေါ် ဇနီးဝတ္တရားနဲ့ အညီ ပြုစုစောင့်ရှောက်သွားမယ်လို့ နိုဝင်ဘာ(၉) ရက်နေ့က ပြုလုပ်တဲ့မင်္ဂလာဦးဆွမ်းကျွေး အလှူမှာ ပြောပြခဲ့ပါသေးတယ်။

Photo : ရွှေမှုံရတီ FB

 

သူမက မင်းသမီးဖြစ်ပေမယ့်လည်း အိမ်မှုကိစ္စအားလုံး လုပ်တတ်တာကြောင့် ခင်ပွန်းဖြစ်သူ ရွှေထူးအတွက် အဆင်ပြေမှာပါလို့ သူမက ပြောပါတယ်။

သူတို့နှစ်ယောက်ဟာ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ထားတဲ့ "ဧည့်သည်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း အတူတွဲပြီး ရိုက်ကူး ရင်းနဲ့ ချစ်သူတွေ ဖြစ်သွားခဲ့ကြတာ ဖြစ်ပါတယ်။ ရွှေထူးဟာ ဂီတအပိုင်းမှာတော့ ပရိသတ်အခိုင်အမာ ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ရွှေမှုံရ တီကလည်း သရုပ်ဆောင်ဘက်မှာ ပရိသတ်အခိုင်အမာရရှိထားသူဖြစ်ပါတယ်။

Photo : ရွှေမှုံရတီ FB

 

သူတို့နှစ်ယောက်စလုံးဟာ လာမယ့် ဒီဇင်ဘာကျမှ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဟာ အောက်တိုဘာ(၃၀) ရက်နေ့ကေ နပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပြီး နိုဝင်ဘာ(၉) ရက်နေ့မှာ မှော်ဘီမြို့နယ်မှာ ရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပါတယ်။

Photo : ရွှေမှုံရတီ FB

 

မင်္ဂလာဧည့်ခံပွဲကိုတော့ နိုဝင်ဘာ(၁၁) ရက်နေ့က ရန်ကုန်မြို့၊ အင်းလျားလိတ်ဟိုတယ်မှာ ချစ်တဲ့အနုပညာညီအစ်ကို မောင်နှမတွေနဲ့ ပျော်ရွှင်စွာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က