တကယ်ကို မွန်မြတ်တဲ့ ကုသိုလ်လေးပါ။

ဝါဆိုမိုးဦးက နိုဝင်ဘာလ ၁၈ ရက်နေ့က ''အေးချမ်းအောင်မြင်'' အုတ်ခွက်ဘုရားကျောင်းတိုက်မှာပြုလုပ်မယ့် ကထိန်အတွက် ငွေပဒေသာပင် နဲ့ တခြားအလှူပစ္စည်းတွေကိုပါဝင်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ သူမကတော့ လက်ရှိမှာလည်း အနုပညာ အလုပ် တွေကို ဖြည်းဖြည်းမှန်မှန် ဆောင်ရွက်နေသူပါ။



Photo: ဝါဆိုမိုးဦးဖေ့စ်ဘွတ်

 

သရုပ်ဆောင် ဝါဆိုမိုးဦးက ''အေးချမ်းအောင်မြင်'' အုတ်ခွက်ဘုရားကျောင်းတိုက်မှာပြုလုပ်မယ့် ကထိန်အတွက် ငွေပဒေသာပင်ကို နိုဝင်ဘာ လ ၁၇ ရက်နေ့က သွားရောက်လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။ နောက်ထပ်လည်း အလှူပစ္စည်းတွေလည်း ပါဝင်သေးတယ်လို့ သိရပါတယ်။

'' အေးချမ်းအောင်မြင် အုတ်ခွက်ဘုရား ကျောင်းတိုက်တွင်ပြုလုပ်မဲ့ ကထိန်အလှူကြီးအတွက် ငွေပဒေသာပင်၊ သင်္ကန်းပရိက္ခရာတို့ကို ဆရာတော်ဘုရားထံအားသွားရောက်လှူဒါန်းခဲ့ပါတယ်'' ဆိုပြီးတော့ နိုဝင်ဘာလ ၁၇ ရက်နေ့ ည ၈ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: ဝါဆိုမိုးဦးဖေ့စ်ဘွတ်

 

ဝါဆိုမိုးဦးဟာ လက်ရှိမှာတော့ အနုပညာအလုပ်တွေ ဆောင်ရွက်လျှက်ရှိတဲ့အပြင် ကိုယ်ပိုင်စီးပွားရေးလည်း ဆောင်ရွက်နေသူ တစ်ယောက် ဖြစ်ပါတယ်။ သူမက ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့က အသက် ၂၄ နှစ်ပြည့်ခဲ့တာဖြစ်ပါတယ်။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေကလည်း အားပေးချစ်ခင်လျှက်ရှိကြပါတယ်။

Photo: ဝါဆိုမိုးဦးဖေ့စ်ဘွတ်

ချစ်သူသက်တမ်း (၂) နှစ်နဲ့(၁၀)လပြည့်ပြီဆိုလိုက်တဲ့ ဝါဆိုမိုးဦး 

သူမက လက်ရှိမှာတော့ Rapper တစ်ဦးဖြစ်တဲ့ ဖြိုးလေး(Snare) နဲ့ ချစ်သူတွေဖြစ်ကြပါတယ်။ ချစ်သူ သက်တမ်းကလည်း ၂ နှစ်ကျော်လို့ ၃ နှစ် နီးပါးကို ရောက်ရှိနေကြပါပြီ။ အနုပညာရှင်စုံတွဲ တစ်တွဲဖြစ်တာကြောင့် တစ်ယောက်နဲ့တစ်ယောက် နားလည်မှု ရှိရှိနဲ့ ချစ်သူဘဝကို ဖြတ် သန်းဖြစ်တယ်လို့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့က Duwun Media အင်တာဗျုးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Photo: ဝါဆိုမိုးဦးဖေ့စ်ဘွတ်

 

Rap အဆိုတော် Snare အဖွဲ့ဝင် ဖြိုးလေးနဲ့ သရုပ်ဆောင်ဝါဆိုမိုးဦးတို့ ချစ်သူနှစ်ဦးက အမှတ်တရနေ့ရက်တိုင်းမှာ တစ်ယောက်နဲ့ တစ် ယောက် Suprise လုပ်ရင်းဖြတ်သန်းလေ့ရှိပါတယ်။ အရမ်းချစ်ကြတဲ့  အနုပညာရှင်စုံတွဲဖြစ်တာကြောင့်လည်း သူတို့ နှစ်ဦးစလုံးမှာရှိတဲ့ ပရိသတ်တွေရဲ့ အားကျခြင်းကိုလည်း ခံထားရတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က