အောင်မြင်မှု နဲ့ အချစ်ရေး နှစ်ခုစလုံးကိုရွေးမှာပါတဲ့။

အောင်ရဲလင်းက အောင်မြင်မှု နဲ့ အချစ်ရေးဆိုရင် နှစ်ခုစလုံးကို ရွေးချယ်မယ်လို့ ပြောပါတယ်။ သူ ခံယူထားတဲ့ အောင်မြင်မှုနဲ့ အချစ်ရေး အပေါ် သူ့ရဲ့ ခံယူချက်တွေကို အခုလို ပြောပြလာပါတယ်။



Photo: အောင်ရဲလင်း

 

မိန်းကလေး ပရိသတ်အခိုင်အမာ ရရှိထားတဲ့ သရုပ်ဆောင် အောင်ရဲလင်းက သူ့ရဲ့ အောင်မြင်မှုနဲ့ အချစ်ရေးအပေါ် ထားတဲ့ သူ့ရဲ့ ခံယူချက် တွေကို ပြောပြလာပါတယ်။ တစ်ခုတည်းကိုပဲ သီးသန့်ရွေးချယ် သွားမှာ မဟုတ်ဘူးလို့လည်း Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆို ခဲ့ပါတယ်။

'' အောင်မြင်တယ်ဆိုတာက စီးပွားရေးအပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ ငွေကြေးအရ အများကြီးဆိုင်တယ်။ အောင်မြင်လာပြီဆိုရင် ဘယ်လို ပဲဖြစ်ဖြစ် အနည်းနဲ့အများ ပိုက်ဆံရှာရတာပဲ။ အချစ်ကတော့ ကျွန်တော့် ခံယူချက်က အချစ်နဲ့တော့ ပိုက်ဆံရှာမှာ မဟုတ်ပါဘူး။ ကျွန်တော်က တော့ နှစ်ခုစလုံးကိုရွေးတယ်။ အလုပ်က အလုပ်ပဲ အချစ်က အချစ်ပဲ'' လို့ဆိုပါတယ်။

ရင်ခုန်စရာ အရမ်းကောင်းသူမဟုတ်ပါဘူးဆိုတဲ့ အောင်ရဲလင်း 

အောင်ရဲလင်းဟာ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပေမယ့်လည်း သူ့ရဲ့ လက်တွဲဖော် ကောင်မလေးကိုတော့ သတ်မှတ်ချက် တွေထားပြီး ရွေးချယ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒီအတွက်ကြောင့်လည်း ယောကျ်ားလေး တစ်ယောက်ရဲ့ ခံစားချက်တွေကို ဆက်လက် ပြောပြလာခဲ့ပါတယ်။

'' အစ်ကိုချစ်တယ်ဆိုရင် သူ့ဘာသာ ဆင်းရဲရဲ ချမ်းသာသာ ပိန်ပိန်၊ ဝဝ ဖြူဖြူ မဲမဲ အရေးမကြီးဘူး။ အဓိက က အစ်ကိုချစ်ဖို့လိုတယ်။ သူလည်း ကိုယ့်ကို ပြန်ချစ်ဖို့လိုတယ်။ အစ်ကို့ ဘက်ကလည်း Strong ဖြစ်အောင် ကြိုးစားဖို့လိုတယ်။ ချစ်တယ် ဆိုရင်တော့ သူ့ဘာသူ ဘာပဲဖြစ်ဖြစ် အစ်ကိုက ဂရုစိုက်မယ့် လူမျိုးမဟုတ်ဘူး'' လို့ သူကဆိုပါတယ်။

Photo: အောင်ရဲလင်း

 

ချောမောခန့်ညားလွန်းတဲ့ပုံစံနဲ့ မိန်ကလေးပရိသတ်ရဲ့ ပရိသတ် အသဲစွဲ မင်းသား အောင်ရဲလင်းက သူ့ကိုယ်သူတော့ ရင်ခုန်စရာကောင်းတဲ့ သူတစ်ယောက်လို့ မထင်ပါဘူး။ ပွင့်ပွင့်လင်းလင်းပြောတတ်သူဖြစ်တာကြောင့် ရိုမန့်တစ် ဆန်တတ်တဲ့ လူမဟုတ်ဘူးလို့ ပြောပြလာပါတယ်။

'' ကျွန်တော်က အဲ့လောက် ရင်ခုန်စရာမကောင်းပါဘူး။ ကျွန်တော် ကိုယ်တိုင်က စကားပြောရင် ပွင့်ပွင့်လင်းလင်းပြောတတ်တယ်။ Romance တွေ သိပ်မဖြစ်ဘူး။  ဒဲ့ပဲ ပြောတာများတယ်ဆိုတော့ ကျွန်တော်က Romance တော့ မဖြစ်ဘူး" လို့ သူကဆိုပါတယ်။

Photo: အောင်ရဲလင်း

 

အောင်ရဲလင်းက သရုပ်ဆောင်ပိုင်းမှာ ပရိသတ်အားပေးမှု အခိုင်အမာကို ရရှိထားတဲ့ အနုပညာရှင်တစ်ဦးပါ။ သူ့ရဲ့ အချစ် ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေက အရမ်းစိတ်ဝင်စားကြပြီး သူကိုယ်ရွေးချယ်မယ့် အိမ်ထောင်ဖက် မိန်းကလေး ကိုလည်း စိတ်ဝင် စားနေ ကြပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က