(၅) ရက်ဝင်မယ်လို့ သိရပါတယ်။

အလင်းရောင်ဟာ လှည်းကူး မြို့နယ်မှာရှိတဲ့ ဓမ္မဝိနယစင်တာတွင် နိုဝင်ဘာ(၁၈) ရက်နေ့ကတည်းက သင်္ကန်းစီးခဲ့ပြီး (၅) ရက်တိတိ  သာသနာ့ဘောင်ထဲ ဝင်မယ် လို့ သိရပါတယ်။



Photo : ဖြိုးဇော်လင်း FB

 

သရုပ်ဆောင် အလင်းရောင်ဟာ လက်ရှိမှာ သာသနာ့ဘောင်ထဲ ခဏတာ ဝင်ရောက်နေတယ်လိုု့ သိရပါတယ်။ အလင်းရောင်ဟာ လှည်းကူး မြို့နယ်မှာရှိတဲ့ ဓမ္မဝိနယစင်တာတွင် နိုဝင်ဘာ(၁၈) ရက်နေ့ကတည်းက သင်္ကန်းစီးခဲ့ပြီး (၅) ရက်တိတိ  သာသနာ့ဘောင်ထဲ ဝင်မယ် လို့ သိရပါတယ်။

အလင်းရောင်ရဲ့ ဘွဲ့နာမည်ကိုတော့ ဦးဇင်း ဝိဇ္ဇာနန္ဒလို့ အမည်တွင်ကြောင်း သရုပ်ဆောင် ဖြိုးဇော်လင်းက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားပါတယ်။ ပရိသတ်များကလည်း သာသနာ့ဘောင်ထဲ ဝင်နေတဲ့ အလင်းရောင်အတွက် သာဓုခေါ် ကုသိုလ်ယူနေကြပါတယ်။

Photo : ဖြိုးဇော်လင်းFB

Crush နဲ့ နီးဖို့ ပိုက်ဆံတွေစုနေတဲ့ အလင်းရောင် 

သရုပ်ဆောင်တစ်ယောက်အဖြစ် ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေရတဲ့ အလင်းရောင်ဟာ ဂီတဘက်မှာလည်း အောင်မြင်ဖို့ကြိုးစားနေ သူဖြစ်ပါတယ်။ သူ့ရဲ့ တစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ Oh..My Crush ဆိုတဲ့ တေးစီးရီး Audio ကိုတော့ ၂၀၁၆ ခုနှစ် ၄ လပိုင်းမှာ ထွက်ရှိ ခဲ့တာပါ။ ဒီအခွေလေး MTV ထွက်နိုင်ဖို့ကိုလည်း ကြိုးစားနေတယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုထားပါတယ်။

Photo : ဖြိုးဇော်လင်း FB

 

အလင်းရောင်ဟာ သာသနာ့ဘောင်ထဲ မဝင်ရောက်မီ ဒါရိုက်တာ ဝိုင်းရိုက်ကူးတဲ့ "ကံ့ကော်နီ" ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင် ခဲ့ပါသေး တယ်။ ကံကော်နီ ရုပ်ရှင်ဇာတ်ကားမှာ အလင်းရောင်၊ ချမ်းမင်းရဲထွဋ်၊ ဖွေးဖွေးနဲ့ ရွှေသမီးတို့က အဓိက ပါဝင်သရုပ်ဆောင် ထားတယ်လို့ သိရပါတယ်။

အလင်းရောင်ဟာ First Love ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေစပြီး ခေါင်းဆောင်မင်းသားတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင် ခဲ့ရာမှ ပရိသတ်တွေအားပေးမှုအများကြီးရရှိလာခဲ့တာပါ။ အလင်းရောင်ဟာ First Love ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အောင်မြင်ခဲ့ပြီးနောက် '' ဘယ် ရည်းစားကို အချစ်ဆုံးလဲ'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ဆက်လက်အောင်မြင်မှုတွေရရှိခဲ့ပါတယ်။

Share

Loading Next Article...
က္က