မကြာမီပြန်လာပါမယ်တဲ့။

ဖေဖေ နိုင်းနိုင်းတစ်ယောက် သားသားမီးမီးလေးတွေနဲ့ ချစ်ဇနီးချောလေးကို လွမ်းလို့ မကြာခင်မှာ New York ကိုပြန်ဦးမယ်လို့ ဆိုပါတယ်။ ချစ်စရာကောင်းတဲ့ သားသားမီးမီးလေးတွေနဲ့ ကြည်နူးဖို့ကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူပါ။



Photo: Actor 99

 

နိုင်းနိုင်းတစ်ယောက် အနုပညာအလုပ်တွေ လုပ်နေရင်း သားသမီးလေးတွေနဲ့ ချစ်ဇနီးလေးကို လွမ်းတဲ့အကြောင်းတွေ ရင်ဖွင့်ပြောပြ ထားပါတယ်။ သားသမီးလေးတွေကလည်း ဖေဖေ နိုင်းနိုင်းကို မျှော်နေကြတယ်ဆိုတာကိုလည်း နိုင်းနိုင်းက အခုလို ပြောပြလာပါတယ်။

''ကျွန်တော်နှင့် ကျွန်တော့်ကိုယ်ပွား ဥကလေးများ မျှော်နေကြသည်။ Daddy မကြာမှီ လာမည်'' ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကနေ တဆင့် နိုဝင်ဘာလ ၂၂ ရက်နေ့ မနက် ၇ နာရီခွဲက အလွမ်းသယ်နေတာကို တွေ့ရပါတယ်။ အဲ့ဒီနောက် သားသမီးလေး တွေ ရိုက်ထားတဲ့ ချစ်စရာဓာတ်ပုံလေးတွေကိုလည်း တင်ခဲ့တာကို တွေ့ရပါတယ်။

Photo: Actor 99

 

နိုင်းနိုင်းက မြန်မာနိုင်ငံရဲ့ နာမည်ကျော်သရုပ်ဆောင်မင်းသားတွေထဲမှာလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ သူ့အနေနဲ့ လက်ရှိမှာလည်း အနုပညာအလုပ်တွေ ဆောင်ရွက်နေတာဖြစ်သလို အမေရိက နိုင်ငံ New York မြို့မှာရှိတဲ့ မိသားစုတွေကိုလည်း အချိန်ရရင် ရသလို သွား ရောက်နေထိုင်လေ့ရှိတယ်လို့ ဆိုပါတယ်။ အရမ်းကိုချစ်စရာကောင်းပြီး ကြည်နူးမှုတွေလည်း ပိုင်ဆိုင်ထားတဲ့ သူတို့ မိသားစုလေးကို အားမကျတဲ့ ပရိသတ် မရှိသလောက်ပါပဲ။

Photo: Actor 99

New York မှာမိသားစုနဲ့အတူ ဝါဆိုသင်္ကန်းကပ်လှူခဲ့တဲ့ နိုင်းနိုင်း 

သရုပ်ဆောင်နိုင်းနိုင်းနဲ့ စန္ဒီချိုတို့ဟာ ချစ်စရာကောင်းတဲ့ သားသမီး ၄ ဦးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ဒီ ၄ ယောက်ထဲကမှ ဒုတိယမြောက် သားလေးကတော့ သြဂုတ်လ ၁၃ ရက်နေ့မှာပဲ အသက် ၇ နှစ်ပြည့်ခဲ့ပြီဆိုတာကို  စန္ဒီချိုရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ သြဂုတ်လ ၁၃ ရက်နေ့ မနက် ၆ နာရီ ကျော်ခန့်က တင်ခဲ့တာဖြစ်ပါတယ်။

'' Anderson had an awesome 7th birthday celebration with his cousins '' ဆိုပြီးတော့ သားလေးနဲ့ အတူ ကျောင်းက သူငယ်ချင်းတွေ စု ပေါင်းပြီး မွေးနေ့ ကိတ်လေးနဲ့ ဆုတောင်းနေတဲ့ အမှတ်တရ ဓာတ်ပုံကို သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ တင်ခဲ့တာဖြစ်ပါတယ်။ သားဖြစ်သူကတော့ အခုလက်ရှိ New York မှာ ပထမတန်း ပညာသင်ကြားနေတာဖြစ်ပါတယ်။ သမီးကြီးက အခုဆိုရင် ၃ တန်းရောက်သွားပါပြီလို့ သိရပါတယ်။

Photo: Actor 99

 

၂၀၀၈ခုနှစ်ကတည်းက လက်တွဲခဲ့တဲ့ နိုင်းနိုင်းနဲ့ စန္ဒီချိုတို့ဟာ ယခုဆိုရင် သားသမီးလေးဦး ထွန်းကားလို့ နေပြီ ဖြစ်ပါတယ်။ နားလည်မှု တွေနဲ့ တည်ဆောက်ထားတဲ့ နိုင်းနိုင်းတို့ရဲ့ အိမ်ထောင်ရေးကတော့ မြင်ရသူ ပရိသတ်တွေအဖို့ ကြည်နူးဖို့ကောင်း ပါတယ်။ နိုင်းနိုင်း နဲ့ စန္ဒီချိုတို့မှာ သမီး ၃ ယောက်၊ သားတစ်ယောက် ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က