ရွှေမှုန်ကလည်း အရာရာတိုင်းနဲ့ လဲပြီးချစ်ခဲ့ရသူပါတဲ့။

မင်္ဂလာမောင်နှံ အသစ်လေးတွေဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုန်ရတီတို့က တစ်ယောက်နဲ့တစ်ယောက်အရမ်းချစ်ရတဲ့အကြောင်းတွေ ပြောပြလာပါ တယ်။ အခက်အခဲတွေ အများကြီးထဲကနေ  အချစ်တွေနဲ့ လွှမ်းခြုံခဲ့ရတဲ့ မင်္ဂလာပွဲအကြောင်းကိုလည်း ပြောပြခဲ့ ကြပါတယ်။



Photo: ရွှေမှုံရတီဖေ့စ်ဘွတ်

 

ကြင်စဦးဇနီးမောင်နှံပူပူနွေးနွေးလေးတွေဖြစ်ကြတဲ့ အဆိုတော်ရွှေထူးနဲ့ သရုပ်ဆောင်ရွှေမှုန်ရတီတို့က အရမ်းကိုချစ်ကြတဲ့ ဇနီးမောင်နှံတွေ ဖြစ်ပါတယ်။ ရွှေထူးက သူ့ရဲ့ဇနီးချောလေးရဲ့ စိတ်နေစိတ်ထားတွေအပြင် သူကိုယ်တိုင်လေးစားရတဲ့ အချက်တွေလည်းရှိတယ်ဆိုတာကို အခုလို ရင်ဖွင့်ပြောပြလာပါတယ်။

'' လူတွေက ပြောကြတယ်၊ ကြိုက်တာမကြာသေးပဲနဲ့ လက်ထပ်တယ်တဲ့။ နင်ကတော့ ငါ့အတွက် တကယ်ကိုလေးစားစရာကောင်းတဲ့ မိန်းမ တစ်ယောက်ပါ။ ငါ့ထက် စိတ်ဓာတ်မာတယ်၊ ငါ့ထက် Strong ဖြစ်တယ်။ ငါ အားလည်းကျရတယ်။ ငါနဲ့ပတ်သက်ပြီးတော့ အားလုံးကို လဲ ပေး တဲ့အတွက်လည်း ကျေးဇူးတင်တယ်'' လို့ဆိုပါတယ်။

Photo: ရွှေမှုံရတီဖေ့စ်ဘွတ်

နှင်းဆီအနီတွေနဲ့ ရွှေမှုံကို Surprise လုပ်လိုက်တဲ့ ရွှေထူး 

ရွှေထူးဟာ ဝေဖန်တိုက်ခိုက်မှုတွေ ကြားကနေ မင်္ဂလာပွဲလေးဖြစ်မြောက်အောင်မြင်တဲ့အထိ အနားမှာ မားမားမတ်မတ်ရပ်တည်ခဲ့တဲ့ ဇနီးချော ရွှေမှုန်ရတီ ကိုကျေးဇူးတင်စကားပြောပြလာပါတယ်။ ချစ်ရတဲ့သူနဲ့ လက်ထပ်ခွင့်ရတဲ့ခံစားချက်ကိုလည်း မျက်ရည်စက်တွေကြားကနေ ပြောပြ ခဲ့ပါသေးတယ်။

'' ငါဝမ်းနည်းတဲ့အခါ၊ ငါစိတ်ဓာတ်တွေကျတဲ့အခါဆိုရင် အမြဲတမ်းထွေးပွေ့ပြီးတော့ ငါ့ကို အားပေးတယ်။ ငါအရမ်းပျော်နေတယ် သိလား။ ငါ ချစ်တဲ့သူ၊ ငါ့ကို အရမ်းချစ်တဲ့သူနဲ့ လက်ထပ်ခွင့်ရတယ်။ ငါ အရမ်းချစ်တယ်နော်'' ဆိုပြီးတော့ မင်္ဂလာဆောင် အမှတ်တရ Movie လေးထဲမှာ ပြောပြထားတာပါ။ ဒီ Movie လေးကိုတော့ ရွှေမှုန်ရတီရဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေ ၃ နာရီကျော်က တင်ခဲ့ တာဖြစ်ပါတယ်။

Photo: ရွှေမှုံရတီဖေ့စ်ဘွတ်

 

အဲ့ဒီနောက် ရွှေမှုန်ရတီကလည်း ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ရွေးချယ်ခဲ့တဲ့ ခင်ပွန်းဖြစ်သူ ရွှေထူးကို အရမ်းချစ်တဲ့အကြောင်းတွေ ပြောပြလာပါ တယ်။ ခင်ပွန်းလောင်းကို ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ အရာရာအားလုံးကို လဲခဲ့ရတာပါလို့လည်း ဒီ Movie လေးထဲမှာ ဖြေဆိုထားတာ တွေ့ရပါ တယ်။

'' သူ့ကိုဘယ်လောက်အထိချစ်သလဲဆို အရာအားလုံးနဲ့ သူ့ကိုလဲခဲ့တာပါ။ ရှင်းရှင်းပြောရရင် မိဘတွေနဲ့တောင် သူ့ကိုလဲခဲ့ရတာပေါ့နော်။ အမေ တို့က သဘောမတူဘူးလေ၊ ဒါပေမယ့် သူ့ကိုချစ်တဲ့ စိတ်တစ်ခုတည်းနဲ့ အမေ့ကိုတောင်းပန်ပြီးတော့ သူ့ကိုရွေးချယ်ခဲ့တာ အရာရာ အားလုံး ထက်ချစ်တယ်လို့ပြောရင် ပိုမှန်လိမ့်မယ်။ သူ့လိုယောကျ်ားမျိုးကိုရတာ သဲ ကံကောင်းတယ်လို့ထင်ပါတယ်'' လို့ ဆက်လက်ပြောပြ ထားပါတယ်။

Photo: ရွှေမှုံရတီဖေ့စ်ဘွတ်

 

သူတို့နှစ်ယောက်စလုံးဟာ လာမယ့် ဒီဇင်ဘာကျမှ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဟာ အောက်တိုဘာ(၃၀) ရက်နေ့ကေ နပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပြီး နိုဝင်ဘာ(၉) ရက်နေ့မှာ မှော်ဘီမြို့နယ်မှာ ရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က