ကုသိုလ်ရေးနဲ့ပတ်သက်လာရင် လက်မနှေးသူပါ။

သီဟသုဓမ္မမဏိဇောတဓရ၊ အဘိဓမ္မဓရ အကယ်ဒမီ ခန့်စည်သူက အခုလည်း ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦး စေတီ တော်မြတ်ကြီး မှာ မိသားစုနဲ့အတူ မသိုးသင်္ကန်းလှူခဲ့ပါသေးတယ်တဲ့။ ကုသိုလ်ရေးတွေလည်း ဆောင်ရွက်နေတာဖြစ်သလို အနုပညာ အလုပ်တွေလည်း ဆောင်ရွက်နေရသူဖြစ်ပါတယ်။

Photo: ခန့်စည်သူဖေ့စ်ဘွတ်

 

ကုသိုလ်ရေး၊ ဘာသာရေးတွေဆို လက်မနှေးတတ်တဲ့ သရုပ်ဆောင် အကယ်ဒမီခန့်စည်သူက ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦး စေတီ တော်မြတ်ကြီးမှာ နိုဝင်ဘာလ ၂၁ ရက်နေ့ညက မိသားစုနဲ့အတူ မသိုးသင်္ကန်းကပ်လှူပူဇော်ခဲ့တယ်လို့ သိရပါတယ်။ ဒီလိုအလှူ လှူဖြစ်ခဲ့တာ ၁၈ နှစ်ရှိပြီလို့ ဆိုပါတယ်။

'' ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်မြတ်ကြီးတွင် ဝဏ္ဏပဘာ ယက္ကန်းစင်တော်ဖြင့် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး အား မိဘများနှင့်အတူ နှစ်စဉ်မပြတ်၊မသိုးသင်္ကန်း ဆက်ကပ်ပူဇော်ခဲ့သည်မှာ (၁၈)နှစ် တိုင်ခဲ့ပါပြီ။ နှစ်စဉ်ပြုပြုသမျှ ကုသိုလ်အစုစုတို့ကို (၇)ရက်သား၊သမီးအပေါင်းတို့အား မျှဝေပါတယ်။ သာဓုခေါ်ဆိုနိုင်ကြပါစေ'' ဆိုပြီးတော့ နိုဝင်ဘာလ ၂၁ ရက်နေ့ည ၇ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ် မှာ တင်ခဲ့ပါတယ်။

Photo: ခန့်စည်သူဖေ့စ်ဘွတ်

တပည့်မလေးတွေ ဂါရဝပြုတဲ့အပေါ် ပီတိဖြစ်နေတဲ့ ခန့်စည်သူ 

သရုပ်ဆောင်ခန့်စည်သူ ဟာ အလှူအတန်းတွေနဲ့ ပတ်သက်ပြီး ခဏခဏဆောင်ရွက်လျှက်ရှိပါတယ်။ မေတ္တာသိင်္ဂဟ ပရဟိတ အဖွဲ့ အနေနဲ့ ပရဟိတအကျိုးတွေဆောင်ရွက်လျှက်ရှိပြီး သီဟသုဓမ္မမဏိဇောတဓရ၊ အဘိဓမ္မဓရ အကယ်ဒမီ ခန့်စည်သူဆိုတဲ့ ဘွဲ့ကို လည်း ရရှိထား သူဖြစ်ပါတယ်။

Photo: ခန့်စည်သူဖေ့စ်ဘွတ်

 

သရုပ်ဆောင်ခန့်စည်သူဟာ အခုလက်ရှိမှာတော့ မေတ္တာသိင်္ဂဟ ဖောင်ဒေးရှင်းနဲ့အတူ အလှူအတန်းတွေလုပ်နေတယ်လို့ သိရပါတယ်။ အဲ့ဒါ ကြောင့်လည်း ဇာတ်ကားရိုက်ကူးမှုတွေ ခဏ နားထားတယ်လို့လည်း မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

'' လက်ရှိမှာတော့ ဇာတ်ကားရိုက်ကူးမှုတွေ ခဏနားထားပါတယ်။ ကျွန်တော်တို့ မေတ္တာ သိင်္ဂဟဖောင်ဒေးရှင်းနဲ့ အတူ အလှူတွေ လုပ်ဖို့ စီစဉ် နေတယ်။ မကြာခင်ကလည်း ဆရာတော်အရှင်ဆန္ဒာဓိက ရဲ့ ပညာရေးဖောင်ဒေးရှင်းမှာ ကျွန်တော်တို့ လှူခဲ့ပါသေးတယ်'' လို့ ခန့်စည်သူက ပြောပါတယ်။

Photo: ခန့်စည်သူဖေ့စ်ဘွတ်

 

ခန့်စည်သူဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေရသူဖြစ်သလို မေတ္တာသိင်္ဂဟ ပရဟိတအသင်းကြီးရဲ့ ဦးဆောင်သူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ အနုပညာအလုပ်တွေနဲ့ ကုသိုလ်ရေးအလုပ်တွေပါပဲ လုံးပန်းနေရသူဖြစ်ပါတယ်။ ဒီ့အတွက်ကြောင့်လည်း သူ့ရဲ့ အချစ်ရေး သတင်းတွေက တည်ငြိမ်နေတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က