သွားရောက်လည်ပတ်ခဲ့ကြပါတယ်။

ဆုပန်ထွာကတော့ ဘေဘီမြင့်မြတ်လေးကြောင့် အမောတွေပြေခဲ့ရတဲ့ အကြောင်းကို ရင်ဖွင့်ပြောပြလာပါတယ်။ အဲ့ဒီနောက် မြင့်မြတ်ရဲ့ ဇနီး ကိုလည်း ဂရုတစိုက်နေရမယ့် အရာလေးတွေကို သင်ပြ၊ ပြောပြပေးခဲ့တယ်လို့ ဆိုပါတယ်။



Photo: ဆုပန်ထွာဖေ့စ်ဘွတ်

 

ဆုပန်ထွာ နဲ့ ဆူစီ တို့က သရုပ်ဆောင်မြင့်မြတ်ရဲ့ သားလေး Baby မြင့်မြတ်လေးဆီကို နိုဝင်ဘာလ ၂၁ ရက်နေ့က အလည်သွားခဲ့ကြတယ်လို့ သိရပါတယ်။ ဘေဘီမြင့်မြတ်လေးရဲ့ မေမေ ကိုလည်း ဂရုတစိုက်နေတတ်ဖို့ အမှာစကားတွေ ခြွေခဲ့သေးတယ်လို့ ဆုပန်ထွာက ပြောပြထားပါ တယ်။

'' Baby မြင့်မြတ်လေးဆီ ဒီနေ့မှရောက်ဖြစ်တာမို့ တစ်နေကုန်စကားတွေပြော၊ တစ်နေကုန်အိပ်တတ်တယ်ဆိုလို့ နေ့ညမှားနေတဲ့ Baby မြင့်မြတ်လေးကို နှိုးပြီး၊ သီချင်းတွေဆိုပြ၊ တီတီ ဆူစီက ဒိုင်ခံကပြ။Roar Roar Kyaw လေးက ၂ နှစ်ကျော်ပြီမို့၊ ညီမလေးအားလျှံ ခေးမေမေ ကိုသူမသိသေးတာလေးတွေ ကိုယ်ကပြောပြ၊ သင်ပေး'' လို့ ဆိုပါတယ်။

Photo: ဆုပန်ထွာဖေ့စ်ဘွတ်

 

အဲ့ဒီနောက် ဖေဖေ၊ မေမေ တို့ရဲ့ အသည်းနှလုံးကိုသာမက ပရိသတ်များစွာတို့ရဲ့ အချစ်ကိုပါ ပိုင်ဆိုင်ထားတဲ့ ဘေဘီမြင့်မြတ်လေးဟာတီတီ ဆုပန်ထွာရဲ့ အချစ်ကိုပါ ပိုင်ဆိုင်ခွင့်ရလိုက်ပါပြီ။ ဘေဘီမြင့်မြတ်လေးရဲ့ ဧည့်ခံတဲ့အပြုံးလေးတွေကြောင့်လည်း တော်တော်နဲ့ အိမ်မပြန်ချင် ခဲ့ဘူးလို့ ဆိုပါတယ်။

''Baby မြင့်မြတ်လေးက အိပ်ချင်မူးတူး တီတီတွေကို ရီပြရတာအမော၊ သူ့ကြောင့်တော်တော်နဲ့မပြန်နိုင်။ Baby မြင့်မြတ်လေး ကအိပ်ချင် မူးတူး တောင် တီတီပန် ကိုရီပြရှာတာ တီတီပန်ကြွေပေါ့ကွာ။ ခဏဆိုပြီးသွားလိုက်ကြတာ တစ်နေကိုကုန်ရော'' ဆိုပြီးတော့ နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေ ၆ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: ဆုပန်ထွာဖေ့စ်ဘွတ်

ခင်ပွန်းဆီက ရင်ခုန်စရာမွေးနေ့ဆုတောင်းစကားရရှိခဲ့တဲ့ ဆုပန်ထွာ 

ဆုပန်ထွာဟာ သားလေးRoar Roar Kyaw မွေးပြီးတဲ့နောက် မိသားစုကိုလည်း အချိန်ပေးဖြစ်သလို အနုပညာအလုပ်တွေလည်း ဆက်တိုက် ဆောင်ရွက် နေရတာဖြစ်ပါတယ်။ သရုပ်ဆောင်အလုပ်ကိုလည်း လက်မလွှတ်တမ်းဆောင်ရွက်နေသလို ဂီတဘက်မှာလည်း ဖျော်ဖြေရေးတွေ သီဆိုနေရတယ်လို့ သိရပါတယ်။

Photo: ဆုပန်ထွာဖေ့စ်ဘွတ်

 

ဆုပန်ထွာဟာ သူ့ရဲ့ ဘဝမှာ ခင်ပွန်းဖြစ်တဲ့ ကိုဥက္ကာကျော်ရဲ့ ချစ်ခြင်းတစ်ခုတည်းနဲ့တင် ပြည့်စုံနေပြီလို့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ဖူးပါတယ်။ သာယာပျော်ရွှွင်တဲ့ မိသားစု ဘဝတစ်ခုကို ဦးဆောင် တည်ဆောက်ပေးတဲ့ ခင်ပွန်းဖြစ်တာကြောင့်လည်း သူ့ရဲ့ ဘဝမှာ အစစအရာရာ ပြည့်စုံခဲ့တယ်လို့ ဖေ့ စ်ဘွတ်စာမျက်နှာပေါ်မှာဖွင့်ပြောပြခဲ့ဖူးပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က