ဒီနေ့မှာ လက်မှတ်ထိုးလိုက်တာပါ။

မော်ဒယ်လောကမှာ နေရာတစ်နေရာ ရရှိထားတဲ့ ခိုင်သဇင်ယုဝါက ဒီနေ့မှာ ချစ်သူနဲ့ ရွှေလက်တွဲသွားပြီလို့သိရပါတယ်။ ချစ်သူသက်တမ်း(၃)နှစ်မှာ လက်ထပ်လိုက်တာပါ။

Photo : ညီညီမောင်(စမ်းချောင်း)FB

 

မော်ဒယ်လောကမှာ နေရာတစ်နေရာ ရရှိထားတဲ့ ခိုင်သဇင်ယုဝါနဲ့ ခိုင်သဇင်ငုဝါတို့ ညီအစ်မနှစ်ယောက်ဟာ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား အနုပညာရှင်တွေဖြစ်ပါတယ်။ ဒီနေ့မှာတော့ အမြွှာညီအစ်မနှစ်ယောက်ထဲက ခိုင်သဇင်ယုဝါက ချစ်သူနဲ့ ရွှေလက်တွဲသွားပြီ ဖြစ်ပါတယ်။ ခိုင်သဇင်ယုဝါရဲ့ လက်မှတ်ထိုး မင်္ဂလာပွဲအတွက် ညီညီမောင်(စမ်းချောင်း)က မိတ်ကပ်ပြင်ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Photo : ညီညီမောင်(စမ်းချောင်း)FB

 

ခိုင်သဇင်ယုဝါရဲ့ လက်မှတ်ထိုးမင်္ဂလာမှာ မိတ်ကပ်ပြင်ပေးခဲ့ကြောင်းကိုလည်း ညီညီမောင်(စမ်းချောင်း)ရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးထား ပါတယ်။"ခိုင်သဇင်ယုဝါ လတ်မှတ်ထိုး မင်္ဂလာပွဲ အတွက် သု ရဲ့ မိတ်ကပ် ဆံပင် ပြင်ဆင်မှုလေးပါ " ဆိုပြီး နိုဝင်ဘာ(၂၉) ရက်နေ့က ပြောထားတာပါ။

မကြာခင်မှာ သူမရဲ့ မင်္ဂလာပွဲသတင်းကို ပရိသတ်တွေ ကြားရတော့မှာ ဖြစ်ပါတယ်။

Photo : ညီညီမောင်(စမ်းချောင်း)FB

မျက်ရည်ကျမတတ် ဝမ်းသာနေတဲ့ ခိုင်သဇင်ယုဝါ 

ခိုင်သဇင်ယုဝါနဲ့ ခင်ပွန်းသည် ရဲထွဋ်တို့ဟာ ချစ်သူသက်တမ်း (၃) နှစ်ရှိပြီလို့ သိရပါတယ်။ ချစ်သူက အနုပညာလောကထဲက မဟုတ်တာ ကြောင့် နားလည်မှုတွေ ယူခဲ့ရတယ်လို့ အင်တာဗျူး တော်တော်များများ ဖြေဆိုဖူးပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေ ယူရင်းနဲ့ အားလုံးပြည့်စုံတဲ့ တစ်နေ့မှာ လက်ထပ်ဖို့ စီစဉ်ထားကြောင်းကိုလည်း ပြောပြခဲ့ဖူးပါတယ်။

ခိုင်သဇင်ယုဝါဟာ အနုပညာအလုပ်တွေ မလုပ်ဖြစ်တော့တာ တော်တော်ကြာခဲ့ပါပြီ။ ဒါပေမယ့်လည်း သူမကို ချစ်တဲ့ ပရိသတ်တွေက အခုချိန်ထိ ရှိနေဆဲပါ။

Photo : ခိုင်သဇင်ယုဝါ FB

 

ခိုင်သဇင်ငုဝါဟာ အနုပညာလောကထဲကို အလှမယ် ပြိုင်ပွဲတွေကနေ တဆင့် ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ မော်ဒယ်အဖြစ် အချိန်တော် တော်ကြာ ရပ်တည်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ အနုပညာလောကထဲကို အတူတူဝင်ရောက်လာခဲ့တဲ့ ခိုင်သဇင်ယုဝါနဲ့ ခိုင်သဇင်ငုဝါတို့ အမြွှာညီအစ်မနှစ်ယောက်ဟာ ပရိသတ်တွေရဲ့ အားပေးမှု ရရှိထားသူတွေလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က