ဘာများဖြစ်မလဲ။

ဖွေးဖွေးနဲ့ ရိုက်ထားတဲ့ ပုံဟောင်းတွေကို ဆက်တိုက်တင်ရင်းနဲ့ ပရိသတ်တွေကို မေးခွန်းတွေ ထုတ်ခဲ့တဲ့ စိုင်းစိုင်းက ပရိသတ်တွေ သိချင်နေတဲ့ အကြောင်းအရာကို ဒီနေ့(ဒီဇင်ဘာ၁ရက်)မှာ ပြောပြလိုက်ပါပြီ။

 

စိုင်းစိုင်းဟာ ဖွေးဖွေးနဲ့ အတူရိုက်ထားတဲ့ ပုံအဟောင်းတွေကို အခုရက်ပိုင်း သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ဆက်တိုက်တင်ခဲ့ပါတယ်။ ဓာတ်ပုံတင် ရင်းနဲ့လည်း ပရိသတ်တွေကို မေးခွန်းတွေ ထုတ်ပြီး ခေါင်းစားခဲ့တာပါ။ ပရိသတ်တွေကို မေးထားတဲ့ မေးခွန်းတွေကိုတော့ စိုင်းစိုင်းက ချက်ချင်းမဖြေဘဲ ဒီဇင်ဘာ(၁) ရက်နေ့မှ ဖြေမယ်ဆိုပြီး ပရိသတ်တွေကို ပြောခဲ့ပါတယ်။

ဒီနေ့မှာတော့ ပရိသတ်တွေ သိချင်နေတဲ့ အကြောင်းအရာကို စိုင်းစိုင်းက ပြောပြလိုက်ပါပြီ။

အဲ့ဒါက စိုင်းစိုင်းနဲ့ ဖွေးဖွေးတို့ အတူ သရုပ်ဆောင်ထားတဲ့ " ရည်းစားတစ်ဝမ်းကွဲ" ဆိုတဲ့  ရုပ်ရှင်မကြာခင် ရုံတင်တော့မယ် ဆိုတာ ဖြစ်ပါ တယ်။ စိုင်းစိုင်းခမ်းလှိုင်နဲ့ ဖွေးဖွေးတို့ရဲ့ အချစ်ကားဖြစ်တဲ့ "ရည်းစားတစ်ဝမ်းကွဲ" ရုပ်ရှင်ဇာတ်ကားကို ဒီဇင်ဘာ(၂၁) ရက်နေ့မှာ ရုံတင်မယ်လို့ သိရပါတယ်။

အဲ့ဒီဇာတ်ကားကို ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) က ရိုက်ကူးထားတာ ဖြစ်ပြီး စိုင်းစိုင်းခမ်းလှိုင်၊ ဖွေးဖွေးနဲ့ မြနှင်းရည်လွင်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာပါ။

စိုင်းစိုင်းနဲ့ ဖွေးဖွေးဟာ အနုပညာလောကမှာ အောင်မြင်မှုကိုယ်စီ ရရှိထားတဲ့ အနုပညာရှင်တွေ ဖြစ်ပါတယ်။ ဖွေးဖွေးဟာ မြန်မာနိုင်ငံရဲ့ သရုပ်ဆောင် လောကမှာ ထိပ်တန်းစာရင်းဝင် မင်းသမီးတစ်ဦးဆိုလည်း မမှားပါဘူး။ ဖွေးဖွေးနဲ့ အတူသရုပ်ဆောင်ထားတဲ့ စိုင်းစိုင်းရဲ့ ဇာတ်ကားအတွက် ပရိသတ်တွေ ရင်ခုန်နေကြပါပြီ။

စိုင်းစိုင်းခမ်းလှိုင်ဟာ ၂၀၀၀ခုနှစ်မှာ ချောကလက်ရောင်ရေခဲအိမ်မက် တေးစီးရီးကို ထွက်ရှိခဲ့ကာ ၂၀၀၁ ခုနှစ်မှာ သူငယ်ချင်းများစွာအခွေ၊ ၂၀၀၃ ခုနှစ်မှာ ဖေဖော်ဝါရီ မှတ်တမ်း၊ ၂၀၀၄ ခုနှစ်မှာ Sai Sai Live Show နဲ့ ၂၀၀၅ခုနှစ်မှာ စိုင်းစိုင်းဟုခေါ်သည်၊ ၂၀၀၇ခုနှစ်မှာ Sai Sai Birthday ၊ 2009ခုနှစ်မှာ Ever ဂေါ်လီ၊ ၂၀၁၂ခုနှစ်မှာ ဒိတ်ဒိတ်ကျဲ စတဲ့ တေးစီးရီးများနဲ့ အတွဲခွေများစွာမှာလည်း သီဆိုထားသူ တစ်ဦး လည်း ဖြစ်ပါတယ်။

 

သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာ အာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။

အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frezon Production မှာလည်း ဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က