အနုပညာအလုပ်တွေ ပထမဆုံးအတူတူလုပ်ခွင့်ရခဲ့ပါတယ်။

ပိုင်ဖြိုးသုက ဝတ်မှုန်ရွှေရည်ရဲ့ အလှအပတွေနဲ့ ယှဉ်ရင် သူကိုယ်တိုင်တောင် အားငယ်မိသွားတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ လည်း သူတို့နှစ်ယောက်အတူတူ ကြော်ငြာရိုက်ကူးရေးတွေလုပ်နေပါတယ်တဲ့။



Photo- Bella

 

သရုပ်ဆောင် ပိုင်ဖြိုးသုက သရုပ်ဆောင်ဝတ်မှုန်ရွှေရည်နဲ့ အတူ ကြော်ငြာရိုက်ကူးရေးတွေလုပ်နေတယ်လို့ ဆိုပါတယ်။ ပထမဆုံးအကြိမ် ဝတ်မှုန်ရွှေရည်နဲ့ အနုပညာအလုပ် လုပ်ခွင့်ရလို့ ပျော်ရွှွင်နေတဲ့ သူမရဲ့ ခံစားချက်တွေကို အခုလို ပြောပြထားပါတယ်။

''မနေ့က Bella ကြော်ငြာရိုက် ရုပ်ရှင်လောကထဲ စရောက်ကာစ မကစ်ကိုအပြင်မှစမြင်ဖူးတော့ အောင်မလေး လှလွန်းလို့ လူကောင်မလေး တောင် ဟုတ်ရဲ့လားလို့သံသယဝင်မိတဲ့အထိပဲ။ ဖြူဖွေးနုဖတ်နေတာပဲ။ သူ့ဘေးမှာရပ်လိုက်တိုင်းအားတောင်ငယ်တယ်။ ကိုယ်က ငါးကျည်း ခြောက်လေ သိတယ်မလား။ မနေ့ကကြော်ငြာရိုက်က ပထမဦးဆုံးမကစ်နဲ့အလုပ်တွဲလုပ်ဖူးတာပါ '' လို့ ဆိုပြီးတော့ ဒီဇင်ဘာလ ၄ ရက်နေ့ နေ့လည် ၁ နာရီ ၁၃ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာရေးသားခဲ့ပါတယ်။

Photo: ပိုင်ဖြိုးသု

 

ပိုင်ဖြိုးသု ဟာ ဆေးတက္ကသိုလ်ကျောင်းသူ ဘဝကတည်းက အနုပညာလောကထဲကို စတင်ဝင်ရောက်လာပြီး ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးခဲ့ ပါသေးတယ်။ အဲ့ဒီနောက် ပညာရေးကို ဦးစားပေးခဲ့လို့ ပရိသတ်တွေနဲ့ ခဏတာ အဆက် အသွယ် ပြတ်နေခဲ့တာပါ။ ကျောင်းပြီးသွား အချိန်မှာ အနုပညာ ပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်ဦးအဖြစ် သရုပ်ဆောင်အလုပ်ကို ပြန်လည် ဆောင်ရွက်လာခဲ့တာဖြစ်ပါတယ်။

ခီဇနီးမောင်နှံရဲ့ တတိယမြောက် ရုပ်ရှင်မှာ ပါဝင်မယ့် ပိုင်ဖြိုးသု 

Photo: Amazing Grace

 

အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်လာရင်း ရုပ်ရှင်ဇာတ်ကားကြီးတော်တော်များများလည်း ရိုက်ကူးခဲ့ပါသေးတယ်။ အဲ့ဒီနောက် ပိုင်ဖြိုး သု က ဘီလူးမ၊ သရဲမနှင့် မိန်းမပျိုရုပ်ရှင်ဇာတ်ကားနဲ့ ၂၀၁၇ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆုကိုလည်း ဆွတ်ခူး နိုင်ခဲ့ပါတယ်။

Photo: ပိုင်ဖြိုးသု

 

ပိုင်ဖြိုးသုဟာ မကြာခင်မှာရိုက်ကူးမယ့် ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ တတိယမြောက်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ''ထာဝရ နှောင်ကြိုး'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားမှာတော့ ဇဏ်ခီ၊ ပိုင်ဖြိုးသု၊ မြင်စိုင်းသား အောင် အောင် တို့အပြင် နောက်ထပ် သရုပ်ဆောင် အသစ်တွေလည်း ပါဝင်သွားမှာဖြစ်ပါတယ်။

Share

Loading Next Article...
က္က