ချစ်တတ်တာနော်။

ရွှေမှုံက လက်ရှိမှာ အနုပညာအလုပ်တွေ ပြန်လုပ်နေပါပြီ။ အလုပ်တွေနဲ့ မအားမလပ်ဖြစ်နေတဲ့ သူမက ရတဲ့အချိန်လေးမှာ တောင် ခင်ပွန်းအတွက် ထမင်းနယ်ကျွေးနေတာလေးက ချစ်ဖို့ကောင်းလှပါတယ်။



Photo : ရွှေထူး FB

အရမ်းကို ချစ်တတ်ကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ အိမ်ထောင်ရေးက သာသာယာယာရှိလှပါတယ်။ ဥရောပဘက်ကို ဟန်နီးမွန်း ထွက်နေတဲ့ သူတို့ဇနီးမောင်နှံက မြန်မာနိုင်ငံကို ပြန်ရောက်နေပါပြီ။ လက်ရှိမှာ ရွှေထူးက အနုပညာအလုပ်တွေ ပြန်လုပ်နေပြီဖြစ်တဲ့ ရွှေမှုံရတီရဲ့ ရှုတင် တွေကို  လိုက်ပေးနေတာတွေ့ရပါတယ်။

ရွှေမှုံဟာ ရိုက်ကူးရေးတွေနဲ့ အလုပ်မအားတဲ့ ကြားထဲက ခင်ပွန်းဖြစ်သူကို ဂရုတစိုက် ရှိတာကိုလည်း ရွှေထူးတင်ထားတဲ့ ပို့စ်ကို ကြည့်ရင် သိနိုင်ပါတယ်။

Photo : ရွှေထူး FB

"shooting နားတဲ့အချိန်လေး ထမင်းနယ်ကျွေးသူ" ဆိုပြီး Caption ရေးကာ  ဒီဇင်ဘာ(၃) ရက်နေ့က ရွှေမှုံရတီရဲ့ ပုံလေးနဲ့အတူ တင်ထားတာ တွေ့ရပါတယ်။သူတို့ ဇနီးမောင်နှံကိုတော့ ပရိသတ်တွေက အားကျပြီးရင်း အားကျနေကြပါတယ်။ ရွှေမှုံကလည်း သူရှုတင်ကို လိုက်စောင့်ပေး တဲ့ ခင်ပွန်းကြောင့် သူပျော်နေရတယ်ဆိုပြီး သူမရဲ့ Stories မှာ တင်ထားတာတွေ့ရပါတယ်။

"လူနှစ်ယောက်မှ မြင့်မြတ်သောအချစ် တစ်ခုဖြစ်ပေါ်လာခြင်း၊ မိန်းမတစ်ယောက်ကို အရမ်းချစ်သောယောကျ်ား၊ ယောကျ်ားတစ်ယောက်ကို အရမ်းချစ်သောမိန်းမ။မိန်းမိန်းရှုတင်ကို လိုက်စောင့်ပေးသောကျားကျား မိန်းမိန်းပျော်၍နေသည်ချစ်တယ်ကျားရေ" ဆိုပြိး ဒီဇင်ဘာ (၃) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : ရွှေထူး FB

ဇနီးချောလေးရဲ့ စိတ်ဓာတ်ကို လေးစားမိတယ်ဆိုတဲ့ ရွှေထူး  

ရွှေမှုံအနေနဲ့ အိမ်ထောင်တစ်ခု ပြုလုပ်ပေမယ့်လည်း ခင်ပွန်းအပေါ် ဇနီးဝတ္တရားနဲ့ အညီ ပြုစုစောင့်ရှောက်သွားမယ်လို့ နိုဝင်ဘာ(၉) ရက်နေ့က ပြုလုပ်တဲ့မင်္ဂလာဦးဆွမ်းကျွေး အလှူမှာ ပြောပြခဲ့ပါသေးတယ်။သူမက မင်းသမီးဖြစ်ပေမယ့်လည်း အိမ်မှုကိစ္စအားလုံး လုပ်တတ် တာ ကြောင့် ခင်ပွန်းဖြစ်သူ ရွှေထူးအတွက် အဆင်ပြေမှာပါလို့ သူမက ပြောပါတယ်။

Photo : ရွှေထူး FB

 

သူတို့နှစ်ယောက်ဟာ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ထားတဲ့ "ဧည့်သည်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း အတူတွဲပြီး ရိုက်ကူး ရင်းနဲ့ ချစ်သူတွေ ဖြစ်သွားခဲ့ကြတာ ဖြစ်ပါတယ်။ ရွှေထူးဟာ ဂီတအပိုင်းမှာတော့ ပရိသတ်အခိုင်အမာ ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ရွှေမှုံရ တီကလည်း သရုပ်ဆောင်ဘက်မှာ ပရိသတ်အခိုင်အမာရရှိထားသူဖြစ်ပါတယ်။

ရွှထူးနဲ့ ရွှေမှုံရတီတို့ ဟာ အောက်တိုဘာ(၃၀) ရက်နေ့ကေ နပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပြီး နိုဝင်ဘာ(၉) ရက်နေ့မှာ မှော်ဘီမြို့နယ်မှာ ရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပါတယ်။

Photo : ရွှေထူး FB

 

မင်္ဂလာဧည့်ခံပွဲကိုတော့ နိုဝင်ဘာ(၁၁) ရက်နေ့က ရန်ကုန်မြို့၊ အင်းလျားလိတ်ဟိုတယ်မှာ ချစ်တဲ့အနုပညာညီအစ်ကို မောင်နှမတွေနဲ့ ပျော်ရွှင်စွာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က