သူ့ရဲ့ ပီတိစကားတွေ ပြောပြခဲ့ပါတယ်။

နေခြည်ဦးက ဒီနေ့မှာပဲ သူ့ကိုချစ်တဲ့ ပရိသတ်ပေါင်း ၈ သိန်းကို ပိုင်ဆိုင်သွားပြီလို့ ဆိုပါတယ်။ မကြာခင်မှာ ရုံတင်ပြသတော့ မယ့် '' ရန်သူ'' ရုပ်ရှင်ဇာတ်ကားကြီးအတွက်လည်း စိတ်လှုပ်ရှားနေတယ်လို့ဆိုပါတယ်။



Photo: နေခြည်ဦး

 

နေခြည်ဦး တစ်ယောက် ဒီဇင်ဘာလ ၇ ရက်နေ့မှာပဲ သူ့ကို အားပေးတဲ့ ပရိသတ်ပေါင်း ၈ သိန်းကို ပိုင်ဆိုင်ခဲ့ရပြီလို့ ဆိုပါတယ်။ သူကိုယ်တိုင် ကလည်း follower ၈သိန်း ပြည့်ရမယ်ဆိုတာကို အစကတည်းက ရည်ရွယ်ချက် ရှိခဲ့ဖူးတဲ့ အကြောင်းကို ပြောပြလာပါတယ်။

'' ဒီနေ့ နေခြည့် personal account လေး Follower ၈ သိန်းပြည့်သွားပါပြီ။ နေခြည့် ၂၀၁၈ planner စာအုပ်လေးက မကုန်သေးတော့ ဒီနှစ် အတွင်း follower ၈သိန်း ပြည့်ရမယ်လို့ နေခြည် plan ခဲ့ဖူးတာ မှတ်မိနေတယ်။ ကိုယ့်ဟာကိုယ် စာအုပ်ဗြောင်မှာလုပ်ထားရတဲ့ Planner စာအုပ် လေးဆိုတော့ date တွေပြန်ရှာရတာ သိပ်ခက်တာဘဲ။ feb တစ်ရက်နေ့ တုန်းက ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်နဲ့ ရေးခဲ့တာလေး အခု ပြန်ရှာတွေ့မိတော့ မျက်ရည်တောင်ဝဲတယ်။ နေခြည်လုပ်နိုင်ခဲ့ပြီလေ'' လို့ ဆိုပါတယ်။

Photo: နေခြည်ဦး

 

နေခြည်ဦးဟာ ၂၀၁၈ ခုနှစ်အတွင်းမှာ သူကိုယ်တိုင် ကြိုးစားခဲ့ရတဲ့ အရာတွေက ပရိသတ်အသိအမှတ်ပြုတာ ခံရလို့ ဝမ်းသာပီတိဖြစ်လို့ နေပါ တယ်။ ဒါကြောင့်လည်း သူ့ကို ချစ်တဲ့ ပရိသတ်တွေအတွက် ရှေ့ဆက်ပြီးတော့လည်း ကြိုးစားသွားဦးမယ့်အကြောင်း ပြောပြခဲ့ပါသေးတယ်။

''လောကမှာ ကြောက်တာဆိုလို့ သရဲကားနဲ့ ပင့်ကူဘဲရှိတယ်။ ယုံကြည်မှုရှိရင် ဘာမဆိုရင်ဆိုင်နိုင်တယ်။အောင်မြင်မှုအတွက် chillies တွေရဲ့ပံ့ပိုးမှုနဲ့ ၂၀၁၉ တစ်နှစ်ပတ်လုံးကို ရဲရဲကြီးသွားနေဦးမှာဘဲ'' ဆိုပြီးတော့ ဒီဇင်ဘာလ ၇ ရက်နေ့ နေ့လည် ၂ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ် မှာရေးသားခဲ့ပါတယ်။

Photo: နေခြည်ဦး

အသက် ၂၇ နှစ်အရွယ် နေခြည်ဦးရဲ့ အိမ်ထောင်ရေးခံယူချက် 

နေခြည်ဦးကို ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့ Beauty Blogger တင်မက အနုပညာ အလုပ်တွေ လည်း ဆောင်ရွက်လို့နေပါပြီ။ သူပါဝင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်အရှေ့ကို မကြာခင်ရောက်ရှိ လာတော့မှာပါ။

Photo: နေခြည်ဦး

 

မကြာခင် ရုံတင်ပြသတော့မယ့် ''ရန်သူ'' ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း နေခြည်ဦးက ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ဒီရုပ်ရှင်ဇာတ် ကားကြီးဟာ သူ့အတွက် ပထမဆုံးအနုပညာခြေလှမ်းဖြစ်တာကြောင့်လည်း စိတ်လှုပ်ရှားနေရတယ်လို့ ဆိုပါတယ်။ ''ရန်သူ'' ရုပ်ရှင် ဇာတ်ကားကြီးကို ဒီဇင်ဘာလ ၁၄ ရက်နေ့ဆိုရင် အဆင့်မြှင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသပြီဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က