၁၂ ရက်နေ့ဆိုရင် ပြန်လာပါပြီနော်။

Miss World 2018 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဟန်တီက Head to Head challenge winner  BWAP top 25 အဖြစ်နဲ့သာ ကျေနပ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီပြိုင်ပွဲကို နိုဝင်ဘာလကတည်းက တရုတ်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တာပါ။



Photo: ဟန်တီ

 

နိုင်ငံတကာအလှမယ်တွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ Miss World 2018 ပြိုင်ပွဲကြီးရဲ့ နောက်ဆုံး ဖိုင်နယ်ကိုတော့ ဒီဇင်ဘာလ ၈ ရက်နေ့ ညက တရုတ်နိုင်ငံ Sanya ပြည်နယ်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဟန်တီက Head to Head challenge winner  BWAP top 25 အထိ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

''Because of Myanmar ချစ်ရတဲ့ မြန်မာပြည်အတွက် Head to Head challenge winner ဆု BWAP top25 ဝင်နိုင်ခဲ့ပါတယ်။ ကြိုးစားဖို့ အ များ ကြီးလိုသွားတဲ့ အတွက်လည်း တောင်းပန်ပါတယ်ရှင့်။ အားပေးခဲ့ကြတဲ့ ချစ်ရတဲ့သူများ အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်! ဆက်လက် အားပေးကြပါဦးနော်! ၁၂ရက်နေ့မှ ရန်ကုန်ပြန်လာမှာဖြစ်ပါတယ်။  ပြန်လာချင်နေပြီ! သတိရနေပြီ'' ဆိုပြီးတော့လည်း ဒီဇင်ဘာလ ၈ ရက်နေ့ည ၁၀ နာရီကျော်က သူ့ရဲ့ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: ဟန်တီ

 

၂၀၁၈ ခုနှစ်ရဲ့ Miss World ဆုကိုတော့ မက္ကစီကိုနိုင်ငံက အလှမယ် Vanessa Ponce de Leon က ရရှိပိုင်ဆိုင်ခဲ့တာပါ။ First Runner Up ဆုကိုတော့ ထိုင်းနိုင်ငံရဲ့ အလှမယ်လေး Nicolene Pichapa Limsnukan က ရရှိခဲ့တာဖြစ်ပါတယ်။ Miss World 2018 ပြိုင်ပွဲကြီးကိုတော့ နိုဝင်ဘာလအတွင်းမှာကတည်းက ကျင်းပပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

Miss Myanmar World 2018 Winner ဆုကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ ဟန်တီ 

Photo: ဟန်တီ

 

မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်ဟန်တီဟာ အသက် ၂၀ အရွယ်သာ ရှိပါသေးတယ်။ သူမအနေနဲ့ နိုင်ငံတကာ ပြိုင်ပွဲအတွေ့အကြုံတွေလည်း ရှိထားဖူးသူ ဖြစ်ပါတယ်။ ဟန်တီက Miss Supranational 2014 (Top 10 Final list)၊ Miss Supranational Asia & Oceania နဲ့ Miss Supranational Internet ဆုတို့ကိုလည်း ပိုင်ဆိုင်ထားသူပါ။

Photo: ဟန်တီ

 

ဟန်တီက အနုပညာအလုပ်တွေလည်း ဆောင်ရွက်နေရသူဖြစ်သလို ပရဟိတလုပ်ငန်းတွေမှာလည်း Originazation တွေနဲ့ ဖြစ်စေ၊ Miss Myanmar Charity အဖွဲ့ နဲ့ ဖြစ်စေ၊ တစ်ယောက်တည်းဖြစ်စေ အားသွန်ခွန်စိုက် ဆောင်ရွက်နေသူဖြစ်ပါတယ်။ ဒါ့အပြင် ပညာရေးဘက်မှာလည်း ထူးချွန်သူတစ်ယောက်ဖြစ်အောင် ကြိုးစားနေတာကို တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က