နောက်တစ်ယောက်ပြောင်းသွားသလိုပါပဲတဲ့။

နန်းမြတ်ဖြိုးသင်းက ကိုယ်ဝန်လရင့်လာချိန်မှာ သူ့ရဲ့စိတ်နေစိတ်ထား အပြောင်းအလဲတွေကို ဖွင့်ဟပြောပြလာပါတယ်။ သူမရဲ့ ပထမဆုံး ရင်သွေးလေးကတော့ သားလေးဖြစ်တယ်လို့ ဆိုပါတယ်။

Photo: နန်းမြတ်ဖြိုးသင်း

 

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းက ပထမဆုံးရင်သွေးလေးကို လွယ်ထားရတာ အခုဆိုရင် ၆လကျော်၊ ၇ လထဲကို ရောက်နေပြီ ဖြစ်ပါတယ်။ ကိုယ်ဝန်လွယ်ထားရချိန်မှာ ဖြစ်တတ်တဲ့ သူ့ရဲ့ စိတ်နေစိတ်ထားတွေကိုလည်း အခုလို ဖွင့်ဟပြောလာပါတယ်။

''ဗိုက်ကြီးမှ စိတ်ကလည်းနုလိုက်တာ။ ရုပ်ရှင်ကြည့်ရင်လည်း နည်းနည်းဝမ်းနည်းစရာပါတာနဲ့ ငိုလိုက်တာဝက်ဝက်ကွဲ(နှပ်တွေပါထွက်လို့) အပြင် သွားရင်းလမ်းမှာ စိတ်မကောင်းစရာတခုကြုံရင်လည်း မျက်ရည်ကထွက်လာရော။ ယောက်ျားကိုလဲစိတ်ကောက်လိုက်ရတာမော။ အရင်ကနဲ့မတူ နောက်တစ်ယောက်လိုပါပဲလား'' ဆိုပြီးတော့ ဒီဇင်ဘာလ ၈ ရက်နေ့ ည ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာတင်ခဲ့ပါတယ်။

Photo: နန်းမြတ်ဖြိုးသင်း

 

နန်းမြတ်ဖြိုးသင်းရဲ့ ရင်သွေးလေးက သားလေးဖြစ်တာကြောင့် လည်း ဇနီးမောင်နှံ နှစ်ယောက်စလုံး ပျော်ရွှင်ခဲ့ကြပါတယ်။ လက်ရှိမှာတော့ နန်းမြတ်က အနုပညာအလုပ်တွေ ရပ်နားထားပြီး ဖိတ်ကြားထားတဲ့ ပွဲတွေလောက်သာ တက်ဖြစ်နေတယ်လို့ သိရပါတယ်။ သူ့ကိုချစ်တဲ့ ပရိသတ်တွေ၊ သူငယ်ချင်းတွေကလည်း နန်းမြတ်ရဲ့ သားလေးကို အရမ်းတွေ့ချင်နေပါပြီတဲ့။

ဗိုက်ထဲမှာရှိတဲ့ သားလေးနဲ့အတူကုသိုလ်ပြုခဲ့တယ်ဆိုတဲ့ နန်းမြတ် 

Photo: နန်းမြတ်ဖြိုးသင်း

 

ကိုတာတာမျိုးနဲ့ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းတို့ဟာ နိုဝင်ဘာလ ၂၆ ရက်နေ့ မှာပဲ မင်္ဂလာသက်တမ်း ၁ နှစ်ပြည့်ခဲ့ပြီလို့ သိရပါတယ်။ အိမ်ထောင်သက်တမ်း ၁ နှစ်တာမှာလည်း ခင်ပွန်းဖြစ်သူ အပါအဝင် စိတ်ချမ်းသာအောင်ထားခဲ့ကြတဲ့ မိသားစုဝင်တွေ၊ ညီအစ်ကိုမောင်နှမတွေကိုလည်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ကျေးှဇူးတင်စကား ပြောထားပါသေးတယ်။

Photo: နန်းမြတ်ဖြိုးသင်း

 

ကိုတာတာမျိုးနဲ့ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းတို့ရဲ့ မင်္ဂလာပွဲကိုတော့ နိုဝင်ဘာ၂၆ရက်က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲ့ဒီနောက် မင်္ဂလာညစာစားပွဲကို ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်မှာ နိုဝင်ဘာ(၂၇)ရက်နေ့ညက ကျင်းပပြုလုပ်ခဲ့တာပါ။

Share

Loading Next Article...
က္က