ဒီနေ့ ညမှာပဲ မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပါတယ်။

Miss Supranational 2018 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် ရွှေအိမ်စည်ဟာ ဒီနေ့ညမှာပဲ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

Photo: ရွှေအိမ်စည်

 

ပိုလန်နိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Miss Supranational 2018 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ်ရွှေအိမ်စည်ဟာ ဒီနေ့ ( ဒီဇင်ဘာလ ၉ ရက်) ညမှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ချစ်ရတဲ့ ပရိသတ်တွေ၊ မိသားစုဝင်တွေကို စုံစုံလင်လင် တွေ့ချင်တယ်ဆိုတဲ့ သူမရဲ့ဆန္ဒကို အခုလိုပြောပြလာပါ။

''အိမ်စည့်ကို လေဆိပ်မှာ ကြိုချင်ကြတဲ့ we love fans, family and friend တွေအတွက် မနက်ဖြန် ညနေ ၇ နာရီ ခွဲ မှာ သုဝဏ္ဏဘူမိလေဆိပ် ကနေ မြန်မာ နိုင်ငံသို့ပြန်လည် ရောက်ရှိပါမယ် နော်။ အိမ်စည်ရဲ့ အိမ်အပြန် ခရီးစဉ်လေးကိုလည်း အိမ်စည်ကိုချစ်သောသူများအားလုံးကို လာရောက်ပေးဖို့ ဖိတ်ခေါ်ပါတယ်။ အားလုံးပျော်ရွင်စွာ တွေ့ကြမယ်နော်'' ဆိုပြီးတော့ ဒီဇင်ဘာလ ၈ ရက် ည ၁၁ နာရီခွဲက သူ့ရဲ့ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: ရွှေအိမ်စည်

 

Miss Supranational 2018 Final ပြိုင်ပွဲကြီးကို ဒီဇင်ဘာ(၇) ရက်နေ့က ပိုလန်နိုင်ငံ Karpacz မြို့မှာ ပိုလန်အချိန် ည(၈)နာရီကကျင်းပ ပြုလုပ်သွားခဲ့ပါတယ်။ မြန်မာနိုင်ငံထက် ပိုလန်နိုင်ငံရဲ့ နာရီချိန်ဟာ (၆)နာရီကျော်ကြာ နောက်ကျပေမယ့်လည်း မြန်မာပရိသတ်များက အိမ်စည့်အတွက် မအိပ်မနေ အားပေးခဲ့ကြပါတယ်။

Photo: ရွှေအိမ်စည်

Top 25 finalists နဲ့သာကျေနပ်လိုက်ရတဲ့ ရွှေအိမ်စည် 

အိမ်စည့်အနေနဲ့လည်း ပရိသတ်တွေ မျှော်လင့်ထားသလို အကောင်းဆုံးဖြစ်အောင် ပြိုင်ပွဲတစ်လျှောက် ကြိုးစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း Final Night မှာ အိမ်စည့်အနေနဲ့ Top 25 Finalist အနေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ Top 25 အထိသာ ဝင်ခဲ့ပေမယ့် ပရိသတ်တွေက စိတ်မညစ်ဖို့နဲ့ သူမ ကြိုးစားခဲ့တာတွေကို အသိအမှတ်ပြုကြောင်း ပြောပြထားတဲ့ ပို့စ်တွေ ကောမန့်တွေကလည်း အများကြီးပါပဲ။

Photo: ရွှေအိမ်စည်

 

မြန်မာနိုင်ငံက ပရိသတ်တွေရဲ့အားပေးမှု သူမရဲ့ ကြိုးစားမှုတွေကြောင့် အခြားသော အလှမယ်တွေကြားထဲမှာ မျက်နှာပွင့်လန်းခဲ့ပါတယ်။ အဲ့ဒီနောက် ဒီဇင်ဘာလ ၂ ရက်နေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ Preliminary Evening Gown ရဲ့ Winner ဆုကိုလည်း ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံကို မသိတဲ့ နိုင်ငံတကာ အလှမယ်တွေ ကြားထဲမှာ မြန်မာနိုင်ငံကို ကောင်းကောင်းကြီး Promote လုပ်နိုင်ခဲ့တယ်လို့ ဆိုရမှာပါ။

Share

Loading Next Article...
က္က