လက်ရှိမှာတော့ ဘုရားဖူးခရီးတွေ ထွက်နေပါတယ်တဲ့။

ပပဝင်းခင်က မိသားစုဝင်တွေနဲ့အတူ ဘုရားဖူး ခရီးတွေထွက်ရင်း ကုသိုလ်ကောင်းမှုတွေ လုပ်ခဲ့တယ်လို့ဆိုပါတယ်။ လက်ရှိ မှာတော့ အနုပညာအလုပ်တွေထက် စီးပွားရေးကို ဦးစားပေး လုပ်ကိုင်နေသူတစ်ယောက် ဖြစ်ပါတယ်။

Photo: ပပဝင်းခင်

 

ပပဝင်းခင်က အနုပညာအလုပ်တွေ ရပ်နားထားတာဖြစ်ပြီး လက်ရှိမှာ မိသားစုနဲ့အတူ ကိုယ်ပိုင်စီးပွားရေးအလုပ်တွေ လုပ်နေတာကို တွေ့ရပါတယ်။ အခုလည်း မိသားစုနဲ့အတူ ဘုရားဖူးထွက်ရင်း ကုသိုလ်ရေးတွေ လုပ်ခဲ့တဲ့အကြောင်းကို ပြောပြလာပါတယ်။

''မနက်မိုးသောက်ယံ " ထားဝယ်သမိုင်းဝင်ရှင်ကိုးရှင် " ရှင်တောင်ပုံဘုရား'' ဖူး , ဝတ္ထူကပ်လှူ , ပန်း ရေချမ်း ဆီးမီးကပ်လှူ , သန့်ရှင်းရေး တံမြက်စည်းလှည်း ပပတို့မိသားစု ကုသိုလ်ယူ။ မနက်ခင်းအစ ကုသိုလ်များ ထပ်တူရပါစေ ချစ်ရသောသူများ'' ဆိုပြီးတော့ ဒီဇင်ဘာလ ၈ ရက်နေ့ ည ၇ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးထားတာ တွေ့ရပါတယ်။

Photo: ပပဝင်းခင်

 

ပပဝင်းခင်က  အနုပညာအလုပ်တွေ မလုပ်ဖြစ်တာ တော်တော်ကြာခဲ့ပါပြီ။ လက်ရှိမှာ မိသားစုနဲ့အတူ စီးပွားရေးဘက်ကို ဇောက်ချလုပ်ကိုင်ဖြစ်နေတာကို တွေ့ရပါတယ်။ သူမကတော့ သရုပ်ဆောင်လောကမှာ ပရိသတ်အားပေးမှု ရရှိထားသူတစ်ဦးပါ။ အခုချိန်ထိလည်း သူမရဲ့ပရိသတ်တွေက ဇာတ်ကားတွေ ပြန်ရိုက်ဖို့ တောင်းဆိုနေတာတွေလည်း ရှိပါတယ်။

Photo: ပပဝင်းခင်

ထီပေါက်တဲ့ ငွေအားလုံးကို ကုသိုလ်ကောင်းမှုပြုခဲ့တဲ့ ပပဝင်းခင်

အနုပညာအလုပ်တွေ မလုပ်ဖြစ်တော့ပေမယ့်လည်း ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင် သူမရဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ အမြဲတမ်း အဆက်အသွယ်လုပ်နေတာကိုလည်း တွေ့ရပါတယ်။ ပပဝင်းခင်က လူမှုကွန်ယက် စာမျက်နှာကနေ Comment လာပေးသူတိုင်းကို စကားပြန်ပြောလေ့လည်း ရှိပါတယ်။

Photo: ပပဝင်းခင်

 

အသက် ၃၀ ကျော်ပြီဖြစ်တဲ့ ပပဝင်းခင်ရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး ကောလာဟလတွေ မရှိသလို ပရိသတ်ကိုလည်း ဖွင့်ဟပြောပြလာတာမျိုး မရှိသေးပါဘူး။ စီးပွားရေး အလုပ်တွေ၊ ဘာသာရေးအလုပ်တွေနဲ့ ပျော်ရွှင်နေသူတစ်ယောက် ဖြစ်ပါတယ်။ သူမရဲ့အစ်ကိုဖြစ်သူ သရုပ်ဆောင်ကျော်ရှိန်းကလည်း မိသားစု စီးပွားရေးတွေမှာ ဝိုင်းဝန်းလုပ်ကိုင်နေပါတယ်။

 

 

Share

Loading Next Article...
က္က