သူမကိုယ်တိုင်ကလည်း ကြောက်လန့်ပြီး ငိုနေမိပါတယ်တဲ့။

သန္တာဗိုလ်က Myanmar Int'l Fashion Week 2018 ပွဲကြီးအတွက် rehearsal တိုက်နေရင်း Toiletသွားတဲ့အချိန်မှာ ထိတ်လန့်စရာ ဖြစ်ရပ်တစ် ခုနဲ့ ကြုံခဲ့ရတယ်လို့ရင်ဖွင့်ပြောပြလာပါတယ်။ သူမကိုယ်တိုင်ကလည်း ကြောက်လန့်ပြီး ငိုနေမိတယ် လို့ ဆိုပါတယ်။

Photo: သန္တာဗိုလ်

 

သရုပ်ဆောင် သန္တာဗိုလ် ဟာ ဒီဇင်ဘာလ ၉ ရက်နေ့ မနက်စောစော က Myanmar Int'l Fashion Week 2018 ပွဲမှာ Show လျှောက်ပြီးချိန် အပေါ့အပါး သွား ချင်တာကြောင့် Toilet ရှိတဲ့နေရာကို သွားခဲ့ပါတယ်တဲ့။ အဲ့ဒီအချိန်မှာ ထိတ်လန့်စရာ အတွေ့အကြုံဖြစ်ခဲ့တဲ့ အကြောင်းတွေကို အခုလို ရင်ဖွင့်ပြောပြလာပါတယ်။

''အရင်တုန်းကလည်းသွားနေကျပဲဆိုတော့ ဘာမှမဖြစ်လောက်ဘူးပေါ့ အိမ်သာထဲဝင်ပြီး အိမ်သာသွားနေချိန် လူဝင်လာတဲ့ အရိပ်တွေ့တယ်။ မိန်းကလေး အိမ်သာဆိုတော့ ကိုယ့်လူတွေပဲ Model မဟုတ်ရင် အလုပ်လုပ်ကျတဲ့ မိန်းကလေးတစ်ယောက် အိမ်သာလာတယ်ပေါ့ဆိုပြီး အိမ်သာသွားရင်း ဖုန်းကြည့်နေလိုက်တယ် နည်းနည်းကြာတော့ စိတ်ကတစ်မျိုးဖြစ်သွားတယ် ခုနကဝင်လာတဲ့တစ်ယောက်က အိမ်သာထဲ ဝင်သံလည်း မကြားလိုက်ဘူး အိမ်သာမဝင်ရင်လက်လာဆေးတယ်ဆိုလဲ ရေသံမကြားဘူး။ စိတ်ထဲတစ်မျိုးဖြစ်တော့ ဘာရယ်မဟုတ် အပေါ်မော့ကြည့်လိုက်တာ အမယ်လေး တံခါးကနေ အပေါ်ကိုမိုးပြီး video လှမ်းရိုက်နေတာ အရမ်းလန့်ပြီးတစ်ကိုယ်လုံးတုန်သွားတာပဲ ကြောက်ကြောက်နဲ့ ဘယ်သူလဲလို့ ခက်ကျယ်ကျယ်အော်လိုက်တဲ့ချိန်မှာ အဲဒီလူ ထွက်ပြေးသွားတယ်။ တံခါးတွေနဲ့တိုက်မိတဲ့အသံ တော့ ကြားလိုက်တယ် ကိုယ်ကလဲ အောက်ပိုင်းကချွတ်ထားတော့ အမြန်ပြန်ဝတ်ပြီး ထွက်ကြည့်တာပဲမတွေ့တော့ပါဘူး'' လို့ ဆိုပါတယ်။

Photo: သန္တာဗိုလ်

 

သန္တာဗိုလ်က ၃ ရက်တိုင်တိုင် ကျင်းပပြုလုပ်တဲ့ Myanmar Int'l Fashion Week 2018 ပွဲမှာ Model တစ်ဦးအနေနဲ့ ပါဝင်နေရသူဖြစ်ပါတယ်။ သူ ပြောပြလာတဲ့ အတွေ့အကြုံကတော့ ဒုတိယမြောက်နေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၈ ရက်နေ့ ညမှာ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်တစ်ခုပါ။ နောက်နေ့ အတွက် rehearsal  တိုက်နေတဲ့အချိန် ည ၁၂:၃၀ Hexagon Complex (Shwe Htut Tin) မှာ ဖြစ်ခဲ့တာလို့ ဒီဇင်ဘာလ ၉ ရက်နေ့ မနက် ၃ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: သန္တာဗိုလ်

အနုပညာရှင်ပေါင်း(၁၃၀)ကျော်ပါဝင်မယ့် Myanmar Int'l Fashion Week 

အဲ့ဒီနောက် သန္တာဗိုလ်က ကြောက်လန့်နေတဲ့ စိတ်နဲ့ သူငယ်ချင်းတွေရှိတဲ့နေရာကို ပြန်ရောက်လာပြီး သူ့ရဲ့ အကြောင်းကို ရင်ဖွင့်ပြောပြမိခဲ့ တယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့်လည်း နောက်နောင် မိန်းကလေးတိုင်း သတိထားမိစေဖို့  အခုလို ပြောပြဖြစ်တယ်လို့လည်း ဆက်လက် ရေးသားထားတာ တွေ့ရပါတယ်။

''သူ့ဖုန်းပုံစံတော့သိလိုက်တယ် သူငယ်ချင်းတွေကိုပြောပြပြီး ငိုပါလေရော တကယ်ကြောက်ဖို့ကောင်းတယ်။ ဆရာဂျွန်လွင်လည်း ရှိတဲ့ သူတွေ ရဲ့ဖုန်းပုံစံကို အကုန်ထုတ်ပြခိုင်းပြီးစစ်ပေးတယ်။ ဒါပေမဲ့ ကိုယ့်လူတွေထဲကမဟုတ်ဘူးဆိုတာသိတယ်။ ဘဝမှာပထမဆုံးအတွေ့အကြုံ အိမ်သာ မှာ သတ်သွားရင်တောင်သိမယ်မထင်ဘူး။အဲဒီလူကတစ်ယောက်ထဲဝင်တဲ့ အချိန်ကို ဘယ်ချိန်ထဲကချောင်းနေလဲမသိဘူး။ နောက်ဆို မိန်းက လေးတွေအိမ်သာသွားရင်တစ်ယောက်ထဲဝင်မယ်ဆိုရင် သတိထားကြပါနော်။ ဘာဖြစ်လို့ အဲလို လုပ်ကြတာလဲ စဉ်းစားလို့တောင်မရဘူး'' လို့ ဆိုပါတယ်။

Photo: သန္တာဗိုလ်

 

သန္တာဗိုလ်ဟာ ချစ်သူကောင်းပြည့်နဲ့အတူ ဇာတ်ကားရိုက်ကူးမှုတွေ အတူတူပြုလုပ်လျက်ရှိတာ ဖြစ်ပါတယ်။ သရုပ်ဆောင်ဘက်မှာအောင်မြင် ဖို့ကြိုးစားနေတဲ့ သန္တာဗိုလ်ဟာ ဂီတဘက်မှာလည်း အောင်မြင်ဖို့ ကြိုးစားနေသူတစ်ဦးပါ။ သန္တာဗိုလ် ဟာ သူရဲ့ တစ်ကိုယ်တော်တေးစီးရီး ဖြစ်တဲ့ ''နားလည် ပေးပါ..ကို'' တေးစီးရီးကို ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့ပါတယ်။

Share

Loading Next Article...
က္က