လမ်းခွဲလိုက်ပြီဆိုတဲ့ သတင်းတွေထွက်နေတာဖြစ်ပါတယ်။

ရဲရင့်အောင် နဲ့ ဧငြိမ်းဖြူ တို့ လမ်းခွဲလိုက်ကြပြီဆိုတဲ့ သတင်းတွေအပေါ် ဧငြိမ်းဖြူက အခုလို ဖြေရှင်းလာပါပြီ။ ဒီသတင်းတွေ ကြောင့် Fan တွေလည်း စိတ်ညစ်နေရပြီ လို့ သူမက ဆက်လက်ပြောပြလာပါတယ်။

Photo: ဧငြိမ်းဖြူ

 

အဆိုတော် ရဲရင့်အောင်နဲ့ ချစ်သူကောင်မလေး ဧငြိမ်းဖြူတို့ရဲ့ အချစ်ရေးကတော့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပါပဲ။ သိပ်မကြာသေးခင်ကလည်း ဧငြိမ်းဖြူရဲ့ My Story ကနေ လမ်းခွဲလိုက်ပါပြီ ဆိုတဲ့ အပေါ် ပရိသတ်တွေကြားမှာ ဂယက်ရိုက်ခဲ့တာကို တွေ့ရပါတယ်။

'' ငါ ညံ့လိုက်တာကွာ တစ်ချိန်လုံး လိမ်ခံနေခဲ့ရတာ '' '' လမ်းခွဲလိုက်ကြပါပြီ'' ဆိုပြီးတော့ ဒီဇင်ဘာလ ၉ ရက်နေ့ ညက ဧငြိမ်းဖြူရဲ့ My Story မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် သတင်း မီဒီယာတွေကနေတဆင့် လမ်းခွဲလိုက်ပြီ ဆိုတဲ့ သတင်းတွေဆက်လက် ထွက်ပေါ်ခဲ့တာကို တွေ့ရပါတယ်။

Photo: ဧငြိမ်းဖြူ

 

အဲ့ဒီနောက် ညတွင်းချင်းမှာပဲ ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့ လမ်းခွဲလိုက်ကြပြီ ဆိုတဲ့အတွက် နှစ်ယောက်စလုံးကို ချစ်တဲ့ ပရိသတ်တွေကလည်း စိုးရိမ်ခဲ့ကြပါသေးတယ်။ ဒါပေမယ့်လည်း ရန်ဖြစ်လိုက် ပြန်ချစ်လိုက် သူတို့ နှစ်ဦးကတော့ အခုဆိုရင် ပြန်အဆင်ပြေသွားပြီလို့ ဧငြိမ်းဖြူက ပြောပါတယ်။

'' ညတွင်းချင်း ပြဿနာဖြေရှင်းခွင့်လေးတောင် မပေးကြဘူးလား။ မနက်အထိတော့ ခဏစောင့်ကြည့်ဦးပေါ့။ ဇွတ်နော် ယူတို့ကလည်း အခုချက်ချင်း ပြန်အဆင်ပြေသွားတော့ ဘယ်လို လုပ်မလဲ။ Fan လေးတွေပဲ စိတ်ညစ်ရတယ်။ Sry ပါ။ အဲ့ဒါကြောင့် သူက Interview မှာ ဖြေတာ သူဘာတင်တင် မမြင်ချင်ယောင်ဆောင်နေလိုက်ပါတယ်တဲ့။ ဒါ အမှန်ဆုံးပဲ ကိုယ်က တစ်ခါတလေ ကျပ်သိပ်မပြည့်ချင်ဘူး'' ဆိုပြီးတော့ ဒီဇင်ဘာလ ၁၀ ရက်နေ့ မနက်စောစောက သူ့ရဲ့ My Story မှာ ထပ်တင်ထားတာ တွေ့ရပါတယ်။

ခပ်ဟော့ဟော့ အဝတ်အစားတွေ ဝတ်ရင် ချစ်သူက ဆူတယ်ဆိုတဲ့ ဧငြိမ်းဖြူ 

Photo: ဧငြိမ်းဖြူ

 

ရဲရင့်အောင်ဟာ ချစ်သူကောင်မလေး ဧငြိမ်းဖြူ နဲ့ အကျင့်စရိုက်ချင်းကလည်း တူပြန်တယ်လို့ဆိုပါတယ်။ သူချစ်တတ်တဲ့ အကြောင်းအရာတွေ ကိုလည်း ထုတ်ပြပြီး မပြောဆိုတတ်သလို သူကိုယ်တိုင်ကလည်း ရင်ခုန်စရာကောင်းတဲ့ ယောကျ်ားတစ်ယောက်မဟုတ်တဲ့အကြောင်း Duwun Media ကနေ ပြောပြခဲ့ ပါသေးတယ်။

'' တော်တော်များများက တူတယ်။ အဲ့ဒီလို တူတော့ မတည့်တော့ဘူးပေါ့။ အကျင့်က အကုန်တူတာ အချိုးမပြေတာတွေကအစ။ သူက ထုတ်ပြ ပြီးလျှောက်ပြောနေတာကိုး ကျွန်တော်က မပြောဘူး၊ ဘယ်တော့မှလည်း ပြောမှာ မဟုတ်ဘူး။ ဒီအတိုင်းပဲ အဲ့ဒါကြောင့်လည်း ပြဿနာက ခဏ ခဏ တက်ရတယ်။ ကျွန်တော်က မRo တက်ဘူး ရင်ခုန်စရာလည်း မကောင်းဘူး'' လို့ဆိုပါတယ်။

Photo: ဧငြိမ်းဖြူ

 

အဆိုတော် ရဲရင့်အောင်နဲ့ မော်ဒယ်လ် Dancer မယ်လေး ဧငြိမ်းဖြူ တို့ အတွဲကိုတော့ မသိတဲ့ပရိသတ် မရှိသလောက်ပါပဲ။ သူတို့ နှစ်ဦးဟာ ၂၀၁၇ ခုနှစ် သင်္ကြန်အပြီးမှာ ချစ်သူတွေဖြစ်ကြောင်း ဝန်ခံလိုက်ကြတာဖြစ်ပါတယ်။ နှစ်ယောက် စလုံးဟာ လူငယ်တွေလည်း ဖြစ်သလို အောင်မြင်လျှက်ရှိတဲ့ အနုပညာရှင် စုံတွဲတစ်တွဲဖြစ်ပါတယ်။ အခုချိန်မှာတော့ သူတို့နှစ်ဦးရဲ့ ချစ်သူသက်တမ်းက တစ်နှစ်ကျော် ကြာခဲ့ပါပြီ။

Share

Loading Next Article...
က္က