စိတ်တိုအောင် အရင်လုပ်ခဲ့တယ်တဲ့။

အဆိုတော် ဖြိုးလေးက ချစ်သူလေး ဝါဆိုမိုးဦးအတွက် ချစ်သူသက်တမ်း ၃ နှစ်ပြည့်အမှတ်တရ Surprise လုပ်ခဲ့တယ်လို့ ဆိုပါ တယ်။ သူတို့ စုံတွဲလေးဟာ ပရိသတ်တွေအားကျရတဲ့ စုံတွဲလေးဖြစ်ပါတယ်။

Photo: ဝါဆိုမိုးဦး

 

အဆိုတော် ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ ရဲ့ ချစ်သူ သက်တမ်း က ဒီနေ့(ဒီဇင်ဘာလ ၁၀) ရက်နေ့မှာ ၃ နှစ်ပြည့်ပြီလို့ သိရပါတယ်။ ဒီ့အတွက်လည်း ဖြိုးလေးလုပ်ပေးထားတဲ့  Anniversary Surprise လေးကိုလည်း  ဝါဆိုမိုးဦးက အခုလို ပြောပြလာတာ တွေ့ရပါတယ်။

'' ကိုဖြိုးလေးက ၃ နှစ်ပြည့် Surprise လုပ်ပေးတာပါ။ အရင် စိတ်တိုအောင်လုပ်ပြီးမှ Surprise လုပ်တာပါ။ ရန်ဖြစ်ပြီးတော့ အိမ်ကို အတင်း ခေါ်တယ်။ Surprise လုပ်ပေးထားတာလည်း မသိဘူးလေ။ ကြွားတာ ကြွားတာ ဖေ့စ်ဘွတ်က သူငယ်ချင်းတွေကို '' ဆိုပြိးတော့ ဒီဇင်ဘာလ ၈ ရက်နေ့ ည ၁၁ နာရီ ၅၄ မိနစ်က ဝါဆိုမိုးဦးရဲ့ ဖေ့စ်ဘွတ် Live ကနေတဆင့် ပြောပြထားတာဖြစ်ပါတယ်။

Photo: ဖြိုးလေး

 

ဖြိုးလေးက ဝါဆိုမိုးဦးအတွက် ၃ နှစ်ပြည့် Anniversary လက်ဆောင်ကိုတော့ တခြားနေရာကနေ မှာထားတာဖြစ်တဲ့အတွက် နှစ်ပတ်လောက် ကြာမယ်လို့ဆိုပါတယ်။ အခုတော့ ချစ်သူလေး ဝါဆိုမိုးဦးဆီကနေ I Watch နာရီလေး လက်ဆောင်ရတယ်လို့ ဆိုပါတယ်။

'' ပစ္စည်းကတော့ နောက် နှစ်ပတ်လောက်နေမှ ရောက်ပါမယ်။ အခုလောလောဆယ်တော့ နာရီလက်ဆောင်ရပါတယ်။ I watch ရပါတယ်။ ပန်းအပွင့် ၃၀၀ ရော၊ ပူပေါင်းတွေရော၊ ၃ နှစ်ပြည့် ကိတ်မုန့်ရော၊ Happy 3rd Anniversary ပါ သဲလေးအကောင်း အဆိုးတွေ အတူတူ မျှဝေခံစားရင်း ဘာလိုလို နဲ့ ၃ နှစ်ပြည့်ခဲ့ပြီ။ နားလည်မှုတွေ သည်းခံမူတွေ နဲ့ အနားမှာ အမြဲရှိနေပေးတဲ့အတွက် ကော I watch လေး လက် ဆောင်ပေးလို့ကော ကျေးဇူးပါ '' ဆိုပြီးတော့ ဒီဇင်ဘာလ ၈ ရက်နေ့ ညက လွှင့်ခဲ့တဲ့ ဝါဆိုမိုးဦးရဲ့ Live မှာပဲ ပြောပြခဲ့တာဖြစ်ပါတယ်။

Photo: ဝါဆိုမိုးဦး

ချစ်သူဖြစ်ပြီးနောက်ပြောင်းလဲသွားကြတဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦး 

မကြာသေးခင်ကလည်း ကမ်းခြေမှာ ဖြိုးလေးက ဝါဆိုမိုးဦးကို ချီထားတဲ့ ဓာတ်ပုံလေးကလည်း ပရိသတ်ကြားမှာ ရေပန်းစားခဲ့ပါသေးတယ်။ ဒီဓာတ်ပုံလေးကလည်း အမှတ်တရတွေ ရှိခဲ့တဲ့အကြောင်း အခုလို ပြောပြထားပါသေးတယ်။

'' မနည်း ချီရတာပေါ့။ ဝါဆို့ ခန္ဓာကိုယ်က မသိမသာလေးတာ အရိုးအစစ်ကြီးတာလား မသိဘူး လေးတယ်။ ချီနေကြပါ ဘာရယ်တော့ မဟုတ်ဘူး ချီနေကြပါပဲ။ ဒါပေမယ့် Snap လေး ရိုက်မယ် ဆိုပြီးတော့ ရိုက်ဖြစ်သွားတာပါ'' ဆိုပြီးတော့ နိုဝင်ဘာလ ၂၆ ရက်နေ့က နေဝင်းရဲ့ '' ဆွေမျိုးမေ့'' တေးစီးရီးမိတ်ဆက်ပွဲမှာဖြေဆိုခဲ့တာပါ။

Photo: ဖြိုးလေး

 

Rap အဆိုတော် ဖြိုးလေး(Snare) နဲ့ ဝါဆိုမိုးဦး တို့ရဲ့ အချစ်ရေးကတော့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပါဘဲတဲ့။ ပုံစံချင်းမတူဘဲ လက်တွဲခဲ့ကြတဲ့ သူတို့နှစ်ဦးရဲ့ အချစ်ရေးက ညှိနှိုင်းရင်းနဲ့ဘဲ ချစ်သူသက်တမ်း ၃ နှစ်ပြည့်ပါပြီ။လက်ရှိမှာလည်း သူတို့နှစ်ဦးဟာ ကိုယ်ပိုင် စီးပွားရေးတွေ လုပ်နေတာကို တွေ့ရပါတယ်။

Share

Loading Next Article...
က္က