ဒါက မိခင်မေတ္တာများလား။

အေသင်ချိုဆွေက သမီးလေး Ivy ကို ကြည့်ရင်း သူ့ရင်ထဲမှာဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကို အခုလို ရင်ဖွင့်ပြောပြ လာပါ တယ်။ လက်ရှိမှာ တော့ သူမက သမီးလေးအတွက် အလုပ်တွေ ကြိုးစားနေတာဖြစ်ပါတယ်။

 

ပရိသတ်အချစ်တော် အဆိုတော်မလေး အေသင်ချိုဆွေက သူ့ရင်ထဲကဖြစ်ပေါ်လာတဲ့ မိခင်မေတ္တာကို ထုတ်ဖော်ပြောပြလာပါတယ်။ လက်ရှိ မှာ လည်း ချစ်စရာကောင်းတဲ့ သမီးလေး Ivy ကို ပိုင်ဆိုင်ထားတဲ့ မေမေ ဖြစ်ပါတယ်။

'' တစိမ့်စိမ့်ထိုင်ကြည့်နေရင်းနဲ့ကို ချစ်နေရတာပါ။ ဒါမိခင်တယောက်ရဲ့ချစ်ခြင်းမေတ္တာများလား'' ဆိုပြီးတော့ ဒီဇင်ဘာလ ၉ ရက်နေ့ ည ၁၀ နာရီ  ညက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ အဲ့ဒီနောက် တစ်ဦးတည်းသော ချစ်သမီးလေး Ivy ရဲ့ ပုံရိပ်လေးတွေလည်း တင်ခဲ့တာကို တွေ့ရပါတယ်။

Photo: အေသင်ချိုဆွေ

 

အေသင်ချိုဆွေက ၂၀၁၈ ခုနှစ်အတွင်းမှာ ဖျော်ဖြေရေးခရီးစဉ်တွေနဲ့ နယ်တွေသွားနေရသူပါ။ အခုလည်း တာချီလိတ်ကို ဖျော်ဖြေရေး ခရီး စဉ် နဲ့ ရောက်ရှိနေတာကို တွေ့ရပါတယ်။ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ဖြစ်နေတဲ့ အေသင့်ကို သမီးလေး Ivy က မျက်စိအောက်က ကို အပျောက်မခံပါဘူးတဲ့။

'' '' ဪ ခလေးကို မေမေ က ဘာမှ မကျွေးဘူးဆိုတော့ ကြည့်ဦး ဒီဇိုင်းကာလာအနေအထားကို စိတ်တွေလဲညစ်ပါတယ်။ တွေ့သမျှ မြင်သမျှ ပါးစပ်ထဲထည့်နေလို့ တချက်မှ အလွတ်ပေးလို့မရဘူး အမေ ကိုလဲမျက်စိအောက်ကကိုအပျောက်မခံတာယူ နော် ယူ ချစ်တယ်'' ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ဖူးပါတယ်။

သမီးကြောင့်လိုချင်တဲ့ နွေးထွေးမှုတွေ ရလာတာပါဆိုတဲ့ အေသင်ချိုဆွေ 

အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာတဲ့ အေသင်ဟာ ဇူလိုင်(၁၀) ရက်နေ့က Comeback Song အနေနဲ့ "အသည်းကွဲသီချင်း တွေမဆိုတော့ဘူး" ဆိုတဲ့ သီချင်းသစ်လေးကို ပရိသတ်လက်ထဲ အရောက်ပေးခဲ့ပါတယ်။လက်ရှိမှာ ပရိသတ်တွေအတွက် အနုပညာ အလုပ် တွေ ပိုပြီး ဆက်လုပ်သွားဖို့ ပြင်ဆင်လျက်ရှိတယ်တဲ့။ သီချင်းအသစ်တွေ လုပ်နေသလိုမကြာခင်မှာလည်း အွန်လိုင်းကနေ သီချင်းတွေ ဖြန့်သွားဖို့လည်း ရှိပါတယ်။

Photo: အေသင်ချိုဆွေ

 

အေသင်ချိုဆွေရဲ့ သမီးလေး Ivy ဟာ သြဂုတ်လ ၂၅ ရက်နေ့က တစ်နှစ်ပြည့်ခဲ့တာဖြစ်ပါတယ်။ သမီးလေးရဲ့ တစ်နှစ်ပြည့် မွေးနေ့မှာတော့ အလှူအတန်းတွေလုပ်ရင်း ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။အေသင်ရဲ့ သမီးလေး Ivy ဟာ ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ သမီး လေးဖြစ်ပါတယ်။ အရုပ်မလေးနဲ့ တူလွန်းတာကြောင့်လည်း ပရိ သတ်တွေက အသည်းတုန်အောင် ချစ်နေကြတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က