ဆေးရုံက ဆင်းရတော့မှာပါတဲ့။

သရုပ်ဆောင် ရန်အောင်က ကျောက်ကပ်နဲ့ အဆုတ်ဝေဒနာခံစားနေရတဲ့ ဟာသသရုပ်ဆောင် ကစ်ကစ်အတွက် ကျန်းမာရေး ထောက်ပံ့ငွေ ၅ သိန်းကျပ် လှူဒါန်းခဲ့တယ်လို့ ခင်သဇင်က ပြောပါတယ်။ ကစ်ကစ်ရဲ့ လက်ရှိကျန်းမာရေးအခြေအနေတွေကို လည်း ပြောပြလာပါတယ်။



Photo: ခင်သဇင်

 

ဟာသသရုပ်ဆောင် ကစ်ကစ် ရဲ့ ကျန်းမာရေးအတွက် သရုပ်ဆောင် အကယ်ဒမီများရှင် ရန်အောင်က ဆေးဖိုးဝါးခ ၅ သိန်းကျပ် လှူဒါန်းခဲ့ တယ်လို့ ခင်သဇင်က ပြောပါတယ်။ ကစ်ကစ်ကတော့ လက်ရှိမှာ ကျောက်ကပ်အစားထိုး ကုသဖို့ လိုအပ်သေးတယ်လို့ ဆိုပါပါတယ်။

''ကျောက်ကပ်အစားထိုး ကုဖို့ကတော့ သာမာန်လူတစ်ယောက်လို သွားလာလှုပ်ရှားနိုင်မှ အစားထိုးလို့ရမယ်လို့ ခုတင်ငါးရာမှ ဆရာဝန်ကြီး များ မှ ပြောပါတယ်။ သူနေကောင်း မြန်ရင် မြန်သလို အပေါ်မှာမူတည်တယ်လို့ပြောပါတယ်။ မနေ့က ရှုတင်မှာဆုံတုန်း ငွေငါးသိန်း လှူဒါန်း လိုက်တဲ့ ကိုရန်လေးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ် သာဓုခေါ်ပါတယ်ရှင်'' ဆိုပြီးတော့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: ခင်သဇင်

 

ဟာသသရုပ်ဆောင် ကစ်ကစ်ရဲ့ ကျန်းမာရေးအခြေအနေကောင်းလာပြီလို့ သရုပ်ဆောင် ခင်သဇင်က ပြောပြခဲ့ပါတယ်။  အခုလက်ရှိမှာ လည်း အဆုတ်နဲ့ ကျောက်ကပ်က နေပြန်ကောင်းနေပြီဖြစ်လို့ ဆေးရုံတောင် ဆင်းလို့ရပြီလို့ ဆိုပါတယ်။

'' မကစ် မနက်ဖြန်ဆို ဆေးရုံကနေ အိမ်ပြန်ရတော့ပါမယ်။ ကျောက်ကပ်ကတော့ ဆက်လက် ဆေးပေးနေရပါဦးမယ်။ နှလုံးကတော့ ဆေးတွေ ဆက်သောက်နေရပြီး အဆုတ်ကတော့ ရေတွေ စုပ်ထုပ်ထားပြီးလို့ အဆင်ပြေနေပါတယ်။ မျက်လုံးကတော့ ကျန်တာ အားလုံး ကောင်းမှ ဆက်ကုရမှာပါ '' လို့ သူကဆိုပါတယ်။

Photo: ခင်သဇင်

 

ကစ်ကစ်ဟာ သူ့ရဲ့ ကျန်းမာရေးအတွက် ငွေကြေးထောက်ပံ့ခဲ့သူများကို လည်း ဆုတောင်း မေတ္တာပို့သလျှက်ရှိတယ်လို့ ခင်သင်ဇင်က ပြောပါတယ်။ ပရိသတ်တွေကိုလည်း အစားအသောက်နဲ့ ပတ်သက်ပြီး ဆင်ခြင်နိုင်စေဖို့ စကားလက်ဆောင်ပါးခဲ့သေးတယ်ဆိုတာကို ဒီဇင်ဘာလ ၂ ရက်နေ့ ည ၇ နာရီက ခင်သဇင်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

''မကစ်အခုလို အသက်ဆုံးရှုံးမှုကနေ လွန်မြောက်နိုင်ခဲ့တာ ပါဝင် လှူဒါန်းသူ မြောက်မြားစွာရဲ့ စေတနာ သဒ္ဒါ စွမ်းအားကြောင့်ပါ။ မကစ် ကလည်း ၇ ရက် သားသမီး အားလုံးကို ပန်းလိုမွှေးပြီး ရေလို အေးစေဖို့ အမြဲ ဆုတောင်းပေးနေကြောင်း စကားပါးလိုက်ပါသေးတယ်။ သူက လှူဒါန်းသူ များရဲ့ စေတနာ သဒ္ဒါ ကုသိုလ်အား အထမြောက်စေရန် အစားကို လုံးဝကို လိုတာထက်ကို ပိုရှောင်ကြောင်း တဖွဖွ ပြောရှာ ပါတယ်''လို့ ဆက်လက်ပြောပြခဲံ့ပါတယ်။

အရေးပေါ်ကျန်းမာရေးအခြေအနေကနေ လွတ်မြောက်နိုင်ခဲ့တဲ့ ကစ်ကစ် 

Photo: ခင်သဇင်

 

သရုပ်ဆောင် ကစ်ကစ်ဟာ ဆီးချိုရောဂါကိုခံစားနေသလို ကျောက်ကပ် ကပါ မကောင်းတဲ့အတွက် အချိန်တော်ကြာ ဆေးကုသမှု ခံယူခဲ့ရ တာကြောင့် အနုပညာအလုပ်တွေနဲ့ရောပရိသတ်တွေနဲ့ပါ အဆက်အသွယ်ပြတ်ခဲ့ရပါတယ်။ ကစ်ကစ်ဟာ ၂၀၁၈ခုနှစ် နှစ်စပိုင်းတုန်းက ကျန်းမာရေး အခြေအနေတော်တော့်ကို မကောင်းခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က