AD
AD
AD
play

 

၂၀၁၇ခုနှစ်အတွက်  ကျင်းပပြုလုပ်တဲ့ အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ  အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆုကို 3 Girls ဇာတ်ကားနဲ့ ဓာတ်ပုံဆုကို ကျောက်ဖြူ(ပဒေသာ)နဲ့ ကိုနေဝင်းက ရရှိခဲ့ပါတယ်။ ယင်းဆုကို အကယ်ဒမီဦးကြည်က အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆုကို ကြေညာပေးခဲ့ပြီး ဆုပေးအပ်ခဲ့တာဖြစ်ပါတယ်။

play

 

ယခုရရှိခဲ့တဲ့ အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆုကို ဒါရိုက်တာဝိုင်း ရိုက်ကူးထားတဲ့ 3 Girls ဇာတ်ကားနဲ့ ရရှိသွားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားထဲမှာ အလင်းရောင်၊ ဖွေးဖွေး၊ အိချောပို၊ ပိုင်ဖြိုးသုတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

play

 

တစ်နှစ်တစ်ကြိမ် ကျင်းပတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ) ဆုပေးပွဲအခမ်းအနားကို ၁၉၅၂ ခုနှစ်ကစပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ထူးချွန်ဆုရရှိသူ တစ်ဦးချင်းကို အကယ်ဒမီ ရွှေစင်ရုပ်တုနဲ့ ငွေသားဆု ချီးမြှင့်ပါတယ်။ရွှေစင်ရုပ်တုရဲ့ထိပ်မှာပါတဲ့ ကြယ်ပွင့်ကို ယခင်နှစ်တွေမှာ ရွှေသားစစ်စစ်  ၂ ကျပ်သားနဲ့ ပြုလုပ်ခဲ့တာဖြစ်ပေမဲ့ ဒီနှစ်မှာတော့ ရွှေသား ၅ ကျပ်သားနဲ့ ပြုလုပ် ချီးမြှင့်ခဲ့တာလည်း ဖြစ်ပါတယ်။

play

 

ရုပ်ရှင်မင်းသားကြီး ဦးညွှန့်ဝင်းက လက်ရှိအချိန်ထိ  အကယ်ဒမီဆု (၇)ဆုနဲ့ အကယ်ဒမီ အများဆုံးဆုရှင် မင်းသားကြီး  ဖြစ်ပါတယ်။ ဒါရိုက်တာ ဦးသုခ၊ သရုပ်ဆောင် ရန်အောင်၊ ဦးသန်းညွှန့်တို့က အကယ်ဒမီဆု(၆)ဆုရရှိထားပြီး မြင့်မြင့်ခင်၊ မောင်တင်ဦး၊ ကျော်ဟိန်း၊ မို့မို့မြင့်အောင်၊ ကြည်စိုးထွန်းနဲ့ မေသန်းနုတို့ကတော့ အကယ်ဒမီ (၅)ဆုစီ ရရှိထားကြတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD