နိုဝင်ဘာ(၁၀) ရက်နေ့တဲ့နော်။

စည်သူလွင်ရဲ့ သီချင်းလေးတွေကို နားထောင်ချင်တဲ့ ပရိသတ်တွေအတွက် သတင်းကောင်းတစ်ခုပါပဲ။ "A Part Of Me" လို့နာမည်ပေးထားတဲ့ စည်သူလွင်ရဲ့ ဖျေ်ာဖြေပွဲကို အောက်တိုဘာ(၁၀) ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်။

Photo : စည်သူလွင် FB

 

စည်သူလွင်ရဲ့ သီချင်းလေးတွေကို နားထောင်ချင်တဲ့ ပရိသတ်တွေအတွက် သတင်းကောင်းတစ်ခုပါပဲ။  "A Part Of Me" လို့နာမည်ပေးထားတဲ့ စည်သူလွင်ရဲ့ ဖျေ်ာဖြေပွဲကို အောက်တိုဘာ(၁၀) ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်။  "A Part Of Me" ရှိုးပွဲမှာ စည်သူလွင်က ပရိသတ်တွေ အတွက် ထူးထူးခြားခြား ဖြစ်အောင် စီစဉ်ထားတာလေးတွေလည်း ရှိတယ်လို့ သိရပါတယ်။

Photo : စည်သူလွင် FB

 

ယခင်က သူအရမ်းကြိုက်ခဲ့ပြီး နှစ်သက်ခဲ့ရတဲ့ အဆိုတော်ကြီးတွေရဲ့ သီချင်းကောင်းလေးတွေကို ကံကောင်းစွာနဲ့ ရှိုးပွဲမှာ ပြန်လည်သီ ဆိုခွင့်ရခဲ့တယ်တဲ့။

"အခုပွဲလေးမှာတော့ထူးထူးခြားခြားဖြစ်အောင်ကျွန်တော်ပြန်လည်သီဆိုဖြစ်ခဲ့တဲ့သီချင်းကောင်းလေးတွေကိုပဲသီးသန့်စုစည်းပြီး Senior အဆိုတော်ကြီးတွေကို ဂုဏ်ပြုတဲ့အနေနဲ့သီဆိုဖျော်ဖြေသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ငယ်ငယ်က အရူးအမူးကြိုက်ခဲ့ကြရတဲ့ သီချင်းတွေပဲ ဖြစ်တာမို့ပရိတ်သတ်ရဲ့အကြိုက်နဲ့လည်းထပ်တူကျမယ်လို့ထင်မိပါတယ်။ဒါကြောင့်မို့အရမ်းကြိုက်ခဲ့ရတဲ့သီချင်းလေးတွေကိုကျွန်တော်နဲ့အတူတူသီဆိုကြရအောင် A Part Of Me ပွဲလေးကိုလာခဲ့ဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျား" ဆိုပြီး အောက်တိုဘာ(၁၄) ရက်နေ့က စည်သူလွင်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : စည်သူလွင် FB

တစ်ကိုယ်တော်ဖျော်ဖြေပွဲလုပ်မယ်ဆိုတဲ့ စည်သူလွင် 

"A Part Of Me" ပွဲမှာ သီဆိုမယ့် သီချင်းတွေဟာ အားလုံးရတဲ့ သီချင်းတွေပဲ ဖြစ်ရစေမယ်လို့ စည်သူလွင်က အာမခံထားပါသေးတယ်။ သူ့ရဲ့ ရှိုးပွဲကိုကြည့်ပြီး အသက်(၂၀) လောက်ပြန်ငယ်သွားသလို ခံစားရမယ်ဆိုပြီး ပြောထားပါသေးတယ်။

"စိတ်ချအားလုံးရတဲ့သီချင်းတွေပဲဖြစ်စေရမယ်။အသက်လဲ အနှစ် ၂၀ လောက်ပြန်ငယ်သွားမယ်။ ရည်းစားဟောင်းတွေကို ပြန်သတိရ မိရင်တော့ ကိုယ့်ပြသနာ ကိုယ်ရှင်းနော်။ကျွန်တော်မပါဘူး။" ဆိုပြီး ဆက်လက်ပြောထားပါတယ်။

Photo : စည်သူလွင် FB

 

စည်သူလွင်ရဲ့ "A Part Of Me" ရှိုးပွဲကို နိုဝင်ဘာ(၁၀)ရက်နေ့မှာ Hexagon Complex တွင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ တစ်ကိုယ် တော်ဖျော်ဖြေပွဲကလည်း ဒုတိယမြောက်ပွဲဖြစ်တာကြောင့် ပရိသတ်တွေအကြိုက်နဲ့ ထပ်တူကျမယ့် သီချင်းလေးတွေကို ရွေးချယ် ထားတယ် ဆိုပြီးတော့ ဆက်လက်ပြောပြထားတာဖြစ်ပါတယ်။

'' သီချင်းတွေကိုလည်း ကျွန်တော်တို့ငယ်ငယ်တုန်းက ပရိသတ်တွေကြိုက်နှစ်သက်ခဲ့တဲ့ သီချင်းလေးတွေ ရွေးချယ်ပါတယ်။ ဒါပေမယ့် တစ်ပွဲနဲ့တစ်ပွဲအရသာတော့ မတူအောင် အများကြီးစဉ်းစားထားရတယ်။ ကျွန်တော်စိတ်ကူးထားတာလေးတွေလည်း အများကြီးရှိပါတယ်။ လက်မှတ်ရောင်းပြီးတော့ တစ်ကိုယ်တော်ဖျော်ဖြေပွဲလုပ်တာကတော့ ဒုတိယအကြိမ်ပါ'' လို့ ဆိုပါတယ်။

Photo : စည်သူလွင် FB

 

အဆိုတော်စည်သူလွင်ကတော့ ၂၀၁၅ ခုနှစ်တုန်းက သူငယ်ချင်းဖြစ်သူ အဆိုတော်တင်ဇာမော်နဲ့ တွဲပြီး ဖျော်ဖြေပွဲတွေလည်း သီဆိုခဲ့သ လို၊၂၀၁၆ ခုနှစ်တုန်းကလည်း အဆိုတော်အေးချမ်းမေ နဲ့ တွဲဖက်ပြီးတော့ ဖျော်ဖြေပွဲတွေပြုလုပ်ခဲ့ပါသေးတယ်။ တစ်ကိုယ်တော်ရှိုး အနေနဲ့ ကတော့ ၂၀၁၄ ခုနှစ်က ပထမအကြိမ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က