AD
AD
AD

သရုပ်ဆောင် ရဲတိုက် ပထမဆုံး ပြန်လည်ရိုက်ကူးမယ့် ဇာတ်ကားကတော့ ဇန်နဝါရီ(၁၃) ရက်နေ့မှာ စတင်ရိုက်ကူးမယ်လို့ သိရပါတယ်။ ဇာတ်ကားရိုက်ကူးဖို့အတွက် ပြင်ဆင်မှုတွေနဲ့ အချိန်ယူခဲ့ပြီး မကြာခင် ရက်ပိုင်းမှာ ပြန်လည်ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။

သူစတင်ရိုက်ကူးမယ့် ဇာတ်ကားကတော့ bo bo film production နဲ့အတူ လက်တွဲပြီး ရိုက်ကူမှာ ဖြစ်ကာ ဒါရိုက်တာ သားညီ ရိုက်ကူးမယ့် "မှန်" ဇာတ်ကားပဲ ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားကို ရဲတိုက်နဲ့အတူ ၊ အိချောပို ၊ထူးသာ၊ ဒေါင်းဝေနဲ့ သရုပ်ဆောင်များစွာ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

ရဲတိုက်က Bo Bo Film Production နဲ့ ရုပ်ရှင်ဇာတ်ကားတွေ၊ ဗီဒီယို ဇာတ်ကားတွေ ရိုက်ကူးဖို့အတွက်သဘောတူ စာချုပ်ချုပ်ဆိုထားပြီးပြီလို့ သိရပါတယ်။

သူရဲ့ ပရိသတ်တွေကတော့ သူပထမဆုံး ပြန်ပြီး ရိုက်ကူးတဲ့ ဇာတ်ကားတွေဟာ ဆာတိုရီနဲ့အတူ လက်တွဲပြီး ရိုက်တဲ့ဇာတ်ကား မဟုတ်တာကြောင့် စိုးရိမ်နေကြတာကိုလည်း တွေ့ရပါတယ်။

play

 

ရဲတိုက်က ဇာတ်ကားတွေ မရိုက်ကူးခင်မှာတော့ ခရီးတွေ သွားဖြစ်ခဲ့သလို ဇာတ်ကားရိုက်ကူးဖို့အတွက်ကိုလည်း ဝိတ်ချနေတယ်လို့လည်း သိရပါတယ်။

ဇာတ်ကားတွေ ရိုက်ကူးတဲ့အခါမှာလည်း သူကြိုက်တဲ့ ဇာတ်လမ်းတွေ၊ ပရိသတ်တွေကြိုက်မယ့်ဇာတ်လမ်းတွေ ရွေးဖြစ်မှာ ဖြစ်သလို ကမ်းလှမ်းထားတဲ့ ဇာတ်လမ်းတွေများကလည်း သူနဲ့ လိုက်မယ့် ဇာတ်တွေ များတယ်လို့ သိရပါတယ်။

play

 

ရင်ခွင်နန်းတော်ဇာတ်ကားကို Myanmar Media 7 ထုတ်လုပ်ရေးက ရိုက်ကူးမှာဖြစ်ပြီး ဖွေးဖွေး၊ ဝတ်မှုံရွှေရည်တို့နဲ့ ရိုက်ကူးဖို့ ဆန္ဒရှိပေမယ့်လည်း အပြောင်းအလဲရှိနိုင်တယ်လို့သိရပါတယ်။

ဇန်နဝါရီ(၁၃) ရက်နေ့မှာတော့ အိချောပိုနဲ့ စရိုက်မယ့် ဇာတ်ကားဟာ သူ့အတွက် အနုပညာနဲ့ ဝေးကွာနေတဲ့ လေးနှစ်တာ အချိန်မှာ ပထမဆုံး ပြန်လည် ရိုက်ကူးမယ့် ဇာတ်ကားလည်းဖြစ်ပါတယ်။

Photo : ရဲတိုက်Fb

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD