AD
AD
AD

သဉ္ဇာနွယ်ဝင်းတို့ ဇနီးမောင်နှံကတော့ သားလေးအတွက် Baby Shower ပွဲလေးလုပ်ပေးခဲ့ပါတယ်။ သဉ္စာနွယ်ဝင်းကို ချစ်ကြတဲ့ သူငယ်ချင်းမိတ်ဆွေများက နိုဝင်ဘာလအတွင်းမွေးဖွားလာတော့မယ့် သားဦးလေးအတွက် Surprise  Baby Shower ကို သဉ္စာနွယ်ဝင်းတို့ဇနီးမောင်နှံအတွက် ကျင်းပပြုလုပ်ပေးကြခဲ့ပါတယ်။

အဲ့ဒီပွဲလေးကိုတော့ အောက်တိုဘာ(၂၉)ရက်နေ့က ကျင်းပပေးခဲ့တာ ဖြစ်ပါတယ်။

play

 

သားလေးအတွက် လုပ်ပေးတဲ့ Baby Shower ပွဲပုံရိပ်များကိုလည်း ပရိသတ်များအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

သဉ္ဇာနွယ်ဝင်းရဲ့ ကိုယ်ဝန်ကတော့ (၃၃)ပတ်ကျော်ထဲ ရောက်နေပြီလို့ သိရပါတယ်။ ကိုယ်ဝန်ကို ဝိတိုရီယဆေးရုံးမှာ မွေးမှာ ဖြစ်ပြီး သဘာဝအတိုင်း မွေးသွားမှာ ဖြစ်တယ်လို့ သဉ္ဇာနွယ်ဝင်းက ဆိုပါတယ်။

play

 

မွေးဖွားမယ့် ရက်ကတော့ (၁၁)လပိုင်း လလယ်(သို့)လကုန်းပိုင်းလောက် ပြောထားတယ်လို့ သိရပါတယ်။

‘‘ရိုးရိုးမွေးလို့ရှိရင် တစ်နှစ် လောက်နေပြီးရင် ကလေးထပ်ယူ လို့ရတယ်။ ခွဲမွေးရင်က ၂ နှစ်၊ သုံးနှစ်လောက်နေမှ ထပ်ယူလို့ရ တယ်ဆိုတော့ ကိုယ်က ကလေး ကို သုံးယောက်ယူချင်တာဆို တော့ ကလေးကို တစ်ယောက်နဲ့ တစ်ယောက် သိပ်မကွာချင်လို့ တစ်ခါတည်း ပေါင်းထိန်းလိုက် ချင်လို့ပါ။ မွေးမယ့်ရက်က ၁၁ လပိုင်း လလယ် (သို့မဟုတ်) လကုန်ပိုင်းလောက် ပြောထားပါ တယ်’’ဆိုပြီး 7day Daily မှာ ဖြေဆိုထားပါတယ်။

play

သဘာဝအတိုင်းေ မွးရမှာ ဖြစ်တာကြောင့် စိတ်လှုပ်ရှားပြီး ကြောက်နေပေမယ့် ရင်သွေးလေးကိုတော့ တွေ့ချင်လှပြီဆိုပြီး ပြောပါတယ်။ ကိုယ်ဝန်လရင့်နေပြီဖြစ်တဲ့ သူမကတော့ အပြင်မထွက်ဖြစ်ဘဲ အိမ်မှာပဲ အနေများတယ်လို့ သိရပါတယ်။

သရုပ်ဆောင်သဉ္ဇာနွယ်ဝင်းကတော့ ၂၀၁၇ခုနှစ် ဖေဖော်ဝါရီ(၁)ရက်နေ့က မင်္ဂလာဆွမ်းကျွေးအလှူပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ(၂)ရက်နေ့က နှစ်ဦးသဘောတူ ရုံးတက်လက်မှတ်ထိုးခဲ့ကြပါတယ်။

play

 

ဖေဖော်ဝါရီ(၃)ရက်နေ့ကတော့ Melia ဟိုတယ်မှာ မင်္ဂလာပွဲကို ပျော်ရွှင်စွာနဲ့ ကျင်းပ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Postby

 

Photo : သဉ္ဇာနွယ်ဝင်း ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD