AD
AD
AD

ဒီနေ့(နိုဝင်ဘာ၃၀ရက်)က သရုပ်ဆောင် ပြေတီဦးရဲ့ မွေးနေ့လေး ဖြစ်ပါတယ်။ သူ့ရဲ့ မွေးနေ့မှာတော့ သားဖြစ်သူ ပြေဓိရက Birthday wish အနမ်းလေးကို စောစောစီးစီး ပေးခဲ့တာကြောင့် ပြေတီဦးတစ်ယောက် ပျော်လို့နေပါတယ်။

သမီးလေးကတော့ ကျောင်းသွားနေတာဖြစ်လို့ Wish မလုပ်ရသေးဘူးလို့ အိန္ဒြာကျော်ဇင်ရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားပါတယ်။

play

 

အိန္ဒြာကျော်ဇင်ရဲ့ ဖေ့စ်ဘွတ်မှာတော့ လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်က ပြေဓိရ Birthday wishလုပ်တဲ့ ဗီဒီယိုဖိုင်လေးကို တင်ထားပါတယ်။ အဲ့ဒီဗီဒီယိုဖိုင်ထဲမှာတော့ အိန္ဒြာကျော်ဇင်နဲ့ သားလေး ပြေဓိရက လှေကားပေါ်က ဆင်းလာပြီး မနက်စာစားနေတဲ့ ပြေတီဦးကို သားလေးက နမ်းလိုက်တာပါ။ ဗီဒီယိုဖိုင်လေး ကြည့်ရတာ ကြည်နူးဖို့ ကောင်းလှပါတယ်။

အဲ့ဒီဗီဒီယိုဖိုင်လေးကတော့ တင်ပြီးချိန် တစ်နာရီအတွင်းမှာပဲ ကြည့်ရှုသူ နှစ်သောင်းခြောက်ထောင် ရှိခဲ့ပါတယ်။ Like လုပ်တဲ့ သူကတော့ တစ်သောင်းကျော် ရှိခဲ့ပါတယ်။

Postby

 

ဗီဒီယိုဖိုင်လေးနဲ့ အတူ အိန္ဒြာကျော်ဇင်က ယခုလို စာသားလေးလည်း ရေးသားထားပါသေးတယ်။

"ဖေဖေ့အတွက် သားသားရဲ့Birthday wish အနမ်း❤️သမီးကကျောင်းသွားနေလို့wish မလုပ်ရသေးဘူး "ဆိုပြီး ပြောထားပါတယ်။

play

 

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ဟာ ၂၀၁၁ခုနှစ် ဇန်နဝါရီ (၁)ရက်နေ့က လက်ထပ်ထိမ်းမြားခဲ့တာ ဖြစ်ပါတယ်။သမီးကြီးပြေသုဒြာကိုတော့ ၂၀၁၁ခုနှစ် အောက်တိုဘာ(၁၄)ရက်နေ့က မွေးဖွားခဲ့တာ ဖြစ်ပြီး သားငယ်လေးကိုတော့ ၂၀၁၅ခုနှစ်သြဂုတ်(၂၇)မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

play

 

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ မိသားစုလေးကတော့ ပရိသတ်တွေ အားကျရတဲ့ အနုပညာရှင် မိသားစုလေးလည်း ဖြစ်ပါတယ်။

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ မိသားစုလေးကတော့ ပရိသတ်အားပေးမှု ရရှိထားတဲ့ မိသားစုလေး ဖြစ်သလိုပရိသတ်တွေ အားကျရတဲ့ မိသားစုလေး တစ်ခုလည်း ဖြစ်ပါတယ်။

Photo : ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD