ကံကောင်းလိုက်ကြတာ။

Photo: ဟဲလေးဖေ့စ်ဘွတ်

 

အဆိုတော်ဟဲလေးတစ်ယောက် ဇွန်လ ၃၀ ရက်နေ့ ညက မန္တလေးမှာ သီချင်းသွားဆိုကြဖို့ ရောက်ခဲ့ကြတယ်လို့ဆိုပါတယ်။ အဲ့ဒီနောက် ဇူလိုင်လ ၁ ရက်နေ့ ဒီနေ့ မနက်မှာပဲ အဆိုတော်နိုင်းဝမ်းနဲ့ အတူ ရင်း BMW 7 Series ကားအသစ်ကြီး ကံစမ်းမဲပေါက်ခဲ့တယ်ဆိုပြီးတော့ သူ့ရဲ့ ပရိသတ်တွေကို ပြောပြခဲ့ပါတယ်။ 

'' July ကတော့ မှည့်ပြီ မန်းလေးမှာ သီချင်းသွားဆိုရင်း Nine Oneနဲ့ကျွန်တော် BMW 7 Series ကံစမ်းမဲပေါက်တယ်။ ကိုယ်ကမနက်သုံးပြီး

သူကညပိုင်းသုံးမယ်။ အယ်လယ် လူသားအားလုံးကံကောင်းကြပါစေ'' ဆိုပြီးတော့ ဇူလိုင်လ ၁ရက်နေ့ မနက် ၇ နာရီ ၅၉ မိနစ်က ဟဲလေးရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။ မန္တလေးမှာ ကျင်းပပြုလုပ်မယ့် ဖျော်ဖြေပွဲမှာ ဟဲလေး၊ နိုင်းဝမ်း နဲ့ မိုးမိုး တို့လည်း ပါဝင်တယ် လို့ သိရပါတယ်။

Photo: ဟဲလေးဖေ့စ်ဘွတ်

"မှည့်" သီချင်း ဆင်ဆာထိတာနဲ့ ပတ်သက်ပြီး ပြန်ဖြေရှင်းလိုက်တဲ့ ဟဲလေး 

အဆိုတော် ဟဲလေးဟာ ယခုနောက်ပိုင်း ရှိုးပွဲတွေသွားနေရသလို မတ်လ ၁၅ ရက်နေ့က ပရိသတ်တွေနဲ့ မိတ်ဆက်ပေးလိုက်တဲ့  "မှည့်" သီချင်းဟာလည်း ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ သီချင်းဖြစ်ပါတယ်။ ဟဲလေးဟာ ဂီတလောကမှာ အောင်မြင်နေတဲ့ အဆိုတော်တစ်ဦးလည်း ဖြစ်ပါတယ်။

Photo: ဟဲလေးဖေ့စ်ဘွတ်

 

နိုင်းဝမ်းကလည်း လက်ရှိဂီတလောကမှာ ပရိသတ်အခိုင်အမာရရှှိထားဆဲ အဆိုတော်တစ်ဦးဖြစ်ပါတယ်။ သူကိုယ်တိုင်ရေးပြီး သူကိုယ်တိုင် သီဆိုထားတဲ့ သီချင်းတွေကလည်း ယနေ့ခေတ် လူငယ်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေတုန်းပါပဲ။ သူ့အနေနဲ့  ပရိသတ်ကို နောက်ဆုံး မိတ်ဆက်ပေးလိုက်တဲ့ နင်သာရှိရင် ၂ MTV သီချင်းလေးကလည်း အရမ်းကိုအောင်မြင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က