နိုဝင်ဘာလထဲမှာ သတင်းကောင်းတွေ ကြားရတော့မှာတဲ့။

လူငယ်ပရိသတ်တွေကြားထဲမှာ အောင်မြင်မှု ရရှိထားတဲ့  Beauty Blogger နေခြည်ဦးက ၂၀၁၈ခုနှစ်မကုန်ခင် သူမရဲ့ ကိုယ်ပိုင် Brand တွေကို မြင်ရတော့မှာပါလို့ ဆိုပါတယ်။



Photo : နေခြည်ဦး FB

 

လူငယ်ပရိသတ်တွေကြားထဲမှာ အောင်မြင်မှု ရရှိထားတဲ့  Beauty Blogger နေခြည်ဦးက ၂၀၁၈ခုနှစ်မကုန်ခင် သူမရဲ့ ကိုယ်ပိုင် Brand တွေ ကို မြင်ရတော့မှာပါလို့ ဆိုပါတယ်။ အခုချိန်မှာ ပရိသတ်တွေကို သူမရဲ့ ကိုယ်ပိုင် Brand နဲ့ ပတ်သက်ပြီး အရမ်းကို ပြောပြချင်တဲ့ စိတ်တွေ ဖြစ်နေမိတယ်လို့ သူမက ပြောပါတယ်။

Photo : နေခြည်ဦး FB

 

"ဒီနှစ်မကုန်ခင်မှာလာတော့မှာပါ။ နေခြည်အများကြီး ပြောပြချင်နေပြီ။ ဒါပေမယ့် နေခြည်ရဲ့ team က လူတွေက ခဏလေး ငြိမ်နေပါဦးဆိုလို့ ငြိမ်နေတာ အ၇မ်းပြောချင်နေပြီအခုတောင် ပြောပြချင်နေပြီ။ ဘာလုပ်မလဲဆိုတာ နောက်တစ်ပတ်နှစ်ပတ်လောက် နေရင် စတော့မယ် နေခြည် chillies တွေ အတွက် နေခြည်လုပ်ထားတာပါ။ သူတို့တွေ အားအရမ်းတက်ပြီးတော့ ဟာ နေခြည်ဦးက ဒီလိုမျိုး လုပ်နိုင်ပါလား ဆိုပြီး စချင်တာ။ နေခြည်ဒါကြောင့်လည်း ၂နှစ်လောက် အချိန်ယူထားတာ နေခြည်အစက ကိုယ်ပိုင် Brand ထုတ်မယ် ထုတ်မယ်ဆိုပြီး လုပ်တယ်။ အခုနေခြည်နှစ်မကုန်ခင်မှာ ထွက်ပြီးရင် တောက်လျှောက်ကို Product တွေ ထွက်တော့မှာပါ"ဆိုပြီး နိုဝင်ဘာ(၁) ရက်နေ့က ပြုလုပ်တဲ့ မီ ရုပ်ရှင်ဇာတ်ကားကြီး Red Carpet Show ပြုလုပ်တဲ့နေ့မှာ  မီဒီယာတွေကို ပြောပြခဲ့တာပါ။

Photo : နေခြည်ဦး FB

 

ဒီနှစ်ထဲမှာ သူမဟာ ကိုယ်ပိုင် Brand တွေ ထွက်ဖို့ ရှိနေရုံသာမက သူမပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

"ဒီနှစ်မကုန်ခင်မှာ နေခြည်ပရိသတ်တွေ Beauty by Nay Chi  ပရိသတ်တွေအတွက ်သတင်းတွေ အများကြီးရှိပါတယ်။ ဒီဇင်ဘာ(၁၅) ရက်နေ့မှာ ရန်သူ ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်မယ်ရွှေထူးရယ် ရွှေမှုံရယ် ကားကတော့ တင်ဖြစ်မယ်လို့ ကြားရပါတယ်။ နေခြည်အတွက် ကတော့ နိုဝင်ဘာနဲ့ ဒီဇင်ဘာမှာ တော်တော်များများ ရှိပါတယ်" ဆိုပြီး သူမက ဆက်လက်ဖြေဆိုပေးခဲ့ပါတယ်။

Photo : နေခြည်ဦး FB

ဝေဖန်မှုတွေကို Entertainment တစ်ခုအဖြစ် နားလည်သွားပြီဆိုတဲ့ နေခြည်ဦး 

မကြာခင်ကျရောက်မယ့် သူ့ရဲ့ မွေးနေ့မှာလည်း We Love လေးတွေနဲ့ အလှူလုပ်မယ်လို့ သိရပါတယ်။ မွေးနေ့ မလုပ်ရတာ ၄ နှစ် ရှိပြီလို့ သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကနေ live လွှင့်ပြီး ပြောပြထားတာလည်း တွေ့ရပါတယ်။

'' နိုဝင်ဘာလ ၁၅ ရက်နေ့ မတိုင်ခင်မှာ ကြားထဲမှာ တစ်ခုခုလေးတွေ လာလိမ့်မယ်။ Beauty by nay chi Page ကနေ စလွှင့်ပါလိမ့်မယ်။ စောင့်ကြည့်ပေးပါ။ လာမယ့် ဇန်နဝါရီ ၂၅ ဆိုရင် နေခြည့်မွေးနေ့လာတော့မယ် အဲ့ဒီအခါကျရင် မွေးနေ့မတိုင်ခင် Fan တွေနဲ့ Activity တစ်ခုခု လုပ်ချင်တယ်။ Fan တွေ အကုန်လုံးနဲ့ ခြုံငုံပြီးပြောရရင် အလှူလေး တစ်ခုလုပ်ဖို့ရှိတယ်။ မွေးနေ့ မလုပ်ရတာလည်း ၄ နှစ်လောက် ရှိပြီ'' လို့ နိုဝင်ဘာ(၃) ရက်နေ့က လွှင့်ခဲ့တဲ့ Live မှာ ပြောပြခဲ့တာပါ။

Photo : နေခြည်ဦး FB

 

နေခြည်ဦးကို ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်တဲ့ Beauty Blogger  တစ်ယောက်အနေနဲ့သာမက အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်လာတာတွေကို မြင်တွေ့ရပါတယ်။ သူပါဝင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်အရှေ့ကို မကြာခင်ရောက်ရှိ လာတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က