AD
AD
AD
play

 

လူငယ်မိန်းကလေးတွေကြားထဲမှာ အောင်မြင်မှုရရှိထားတဲ့ Beauty Blogger တစ်ဦးဖြစ်သူ နေခြည်ဦးက ဒီနှစ်သင်္ကြန်မှာ သူမရဲ့ ပရိသတ်တွေ Chillies တွေနဲ့အတူ အလှူလုပ်ရင်းဖြတ်သန်းမယ်လို့ သူမရဲ့ BeautyBynaychi မှာ ပြောထားတာတွေ့ရပါတယ်။

သင်္ကြန်အကြိုနေ့နဲ့ အကျနေ့ နှစ်ရက်တိုင်တိုင် ပရိသတ်တွေအတူ ဖြတ်သန်းသွားမှာပါတဲ့။

play

"နေခြည် ဒီတစ်ခါတော့ ဒီနှစ်သင်္ကြန်လေးကို Chillies တွေနဲ့အတူတူ ကုသိုလ်ယူရင်း ကုန်ဆုံးချင်ပါတယ်။ ဒါ့ကြောင့် နေခြည် သင်္ကြန် အကြိုနေ့နဲ့ အကျနေ့ နှစ်ရက်၊ မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ ရန်ကုန်မြို့ ကျွန်းတောလမ်းက De Burmese မြန်မာစားသောက်ဆိုင်ရှေ့မှာ စတုဒီသာကျွေးဖို့ စီစဉ်ထားပါတယ်။ CHILLIES တွေကိုလည်း နေခြည်တို့အနေနဲ့ မဏ္ဍပ်မှာ ဧည့်ခံပေးဖို့ရော မီးဖိုချောင် ဝိုင်းကူဖို့ရော volunteer လူအင်အားကလိုအပ်နေတာမို့ လုပ်အားစိုက်ပြီး အတူကုသိုလ်ယူချင်တဲ့ chillies များရှိရင်လည်း မနက်စောစော ၁၀ နာရီဝန်းကျင်လာပြီး အတူပါဝင်နိုင်ပါတယ်ရှင့်။ register လုပ်ရန်မလိုပါ။ နေခြည်တို့တွေ့ကြမယ်နော် အားလုံးပဲကျန်းမာ ပျော်ရွှင်ကြပါစေ။"ဆိုပြီး ရေးသားထားတာတွေ့ရပါတယ်။

play

 

သင်္ကြန်အကြိုနေ့မှာ ကျွေးမယ့် စတုဒီသာက သာကူ၊သင်္ကြန်ထမင်းနဲ့ငါးခြောက်ဖုတ်၊ မုန့်လုံးရေပေါ်တို့ဖြစ်ပြီး အကျနေ့မှာ မုန့်လက် ဆောင်း၊ သင်္ကြန်ထမင်းနဲ့ငါးခြောက်ဖုတ်၊ မုန့်လုံးရေပေါ်တို့ကို ကျွေးမွေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။သူမတို့ရဲ့ မဏ္ဍပ်လေးကို လမ်းကြုံရင်ပဲ ဖြစ်ဖြစ်၊ရေပက်ခံထွက်ရင်း ဗိုက်ဆာလို့ပဲ ဖြစ်ဖြစ် ဝင်ရောက်စားသုံးနိုင်ပါ တယ်ဆိုပြီး ပြောထားပါသေးတယ်။

နေခြည်ဦးဟာ မိန်းကလေး ပရိသတ်များရဲ့ အားပေးမှု အခိုင်အမာရရှိထားသူ Beauty Blogger တစ်ဦးလည်း ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာလည်း ဇာတ်ကားတွေ လက်ခံရိုက်ကူးလျက်ရှိတာကိုလည်း တွေ့ရပါတယ်။

Photo : နေခြည်ဦး FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD