အနုပညာမောင်နှမတွေကလည်း ဆုတောင်းပေးခဲ့ကြပါတယ်။

Crush နဲ့ မြန်မြန်နီးဖိ့ု အလင်းရောင်တစ်ယောက် အလုပ်တွေ ကြိုးစားပြီး ပိုက်ဆံစုနေပါတယ်။ လက်ရှိမှာလည်း ဒါရိုက်တာ စတီးလ် ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။



Photo: အလင်းရောင်ဖေ့စ်ဘွတ်

 

အလင်းရောင်တစ်ယောက် သူ့ရဲ့ Crush လေးနဲ့ မြန်မြန်နီးဖို့ ပိုက်ဆံတွေစုနေတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ Crush နဲ့ နီးနိုင်ဖို့ ကိုလည်း ပရိသတ်တွေ၊ အနုပညာမောင်နှမတွေက ဝိုင်းပြီး ဆုတောင်းပေးနေကြတာကိုလည်း တွေ့ရပါတယ်။

''ဒေါ်လာဈေးပြန်ကျဖို့အစီအစဉ်ရှိမရှိ။ Crush နဲ့နီးဖို့ ပိုက်ဆံစုနေရတယ်'' ဆိုပြီးတော့ စက်တင်ဘာလ ၂၆ ရက်နေ့ နေ့လည် ၁၂ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့ပါတယ်။ အလင်းရောင်ရဲ့ စာသားအောက်မှာ ဒါရိုက်တာသားညီကလည်း ''  သြော် ဒီလောက်နေ ပူကြီးထဲမှာ အနွေးထည်ကြီးဝတ်ရိုက်နေတာတောင် Crush လုပ်နိုင်သေးတယ် အာဂပဲ'' ဆိုပြီးတော့ စနောက်ခဲ့ပါတယ်။

Photo: အလင်းရောင်ဖေ့စ်ဘွတ်

ထူးထူးခြားခြားကာရိုက်တာတွေနဲ့ မြင်ရဦးမယ်ဆိုတဲ့ အလင်းရောင် 

သရုပ်ဆောင်တစ်ယောက်အဖြစ် ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေရတဲ့ အလင်းရောင်ဟာ ဂီတဘက်မှာလည်း အောင်မြင်ဖို့ကြိုးစားနေ သူဖြစ်ပါတယ်။ သူ့ရဲ့ တစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ Oh..My Crush ဆိုတဲ့ တေးစီးရီး Audio ကိုတော့ ၂၀၁၆ ခုနှစ် ၄ လပိုင်းမှာ ထွက်ရှိ ခဲ့တာပါ။ ဒီအခွေလေး MTV ထွက်နိုင်ဖို့ကိုလည်း ကြိုးစားနေတယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုထားပါတယ်။

Photo: အလင်းရောင်ဖေ့စ်ဘွတ်

 

အလင်းရောင်က အခုလက်ရှိမှာတော့ ဒါရိုက်တာ စတီး(လ်) (ဒွေးမေတ္တာ) ရိုက်ကူးတဲ့ '' အလျှံပယ်'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ် ဆောင်နေတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ အဓိက သရုပ်ဆောင်တွေ အနေနဲ့ ထွန်းထွန်း၊ အလင်းရောင်၊ ခင်လှိုင်၊ ကျော်ထူး၊ ဇင်ဝိုင်း၊ ခိုင်သင်းကြည်၊ သက်မွန်မြင့်၊ အေးမြတ်သူ၊ ရွှေသမီး၊ မေမြင့်မိုရ်၊ ပွင့်နဒီမောင်နဲ့ ကြယ်ဖြူရှင်းသန့်တို့ ပါဝင်နေတယ်လို့ သိရပါတယ်။

Photo: အလင်းရောင်ဖေ့စ်ဘွတ်

 

အလင်းရောင်ဟာ First Love ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေစပြီး ခေါင်းဆောင်မင်းသားတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင် ခဲ့ရာမှ ပရိသတ်တွေအားပေးမှုအများကြီးရရှိလာခဲ့တာပါ။ အလင်းရောင်ဟာ First Love ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အောင်မြင်ခဲ့ပြီးနောက် '' ဘယ် ရည်းစားကို အချစ်ဆုံးလဲ'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ဆက်လက်အောင်မြင်မှုတွေရရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က