သူ့ကို အားပေးတဲ့ သူတွေထဲမှာလည်း ရှိတယ်တဲ့။

ဆယ်ကျော်သက် အဆိုတော် ကောင်မလေး ချမ်းမြေ့မောင်ချိုက တခြားသူကို မကောင်းပြော၊ Cyber bullying လုပ်တာကိုေ တာ့ ရှက်မိတယ်ဆိုပြီး ပြောထားပါတယ်။

Photo : ချမ်းမြေ့မောင်ချို FB

 

ဆယ်ကျော်သက် အဆိုတော် ကောင်မလေး ချမ်းမြေ့မောင်ချိုက တခြားသူကို မကောင်းပြော၊ Cyber bullying လုပ်တာကိုတော့ ရှက်မိတယ်ဆိုပြီး ပြောထားပါတယ်။ သူမကို အားပေးတဲ့ သူတွေအနေနဲ့ တခြားသူကို အားပေးတာ ဘာမှမဖြစ်ပေမယ့် သူမကိုယ် အားပေးရင်း တခြားသူကို  မကောင်းပြော Cyber Bullying လုပ်တာကိုတော့ လက်မခံနိုင်ပါဘူးတဲ့။

အရင်ကတော့ ဝေဖန်မှုတွေကို သူမဘယ်လိုခံစားရလဲ မသိပေမယ့် သူမကိုယ်တိုင် ဝေဖန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရချိန်တွေမှာ သတ်သေချင် လောက်တဲ့ စိတ်ထိဖြစ်ခဲ့တဲ့ အခိုက်အတန့်တွေ ရှိခဲ့တယ်ဆိုပြီး ပြောထားတာတွေ့ရပါတယ်။

Photo : ချမ်းမြေ့မောင်ချို FB

 

"ကိုယ့်ကိုအားပေးတဲ့သူက တခြားသူကိုအားပေးတာ ဘာမှမဖြစ်ဘူူး.။ကိုယ့်ကိုအားပေးတဲ့သူက တခြားသူကို မကောင်းပြော cyber bullying လုပ်တာတော့ ရှက်မိတယ်တော်တော် ..အရင်ကတော့ ဘယ်လိုခံစားရလဲမသိတော့ ပြောခဲ့တာတွေရှိဖူးတယ် အခုကိုယ်ကိုယ်တိုင် ခံစားလာ ရတော့မှ သတ်သေချင်လောက်တဲ့ စိတ်ထိပါဖြစ်လာတဲ့ အခိုက်အတန့်တွေရှိတတ် မှန်းသိတော့တယ်။သင်ခန်းစာယူပီးလို့ ကိုယ်ကိုယ်တိုင်ပြင် ခဲ့တယ်။ပြောခဲ့ဖူူတဲ့ကိုယ်ကိုယ်ကိုယ်လဲရှက်မိတယိ။ကိုယ်ပြောလိုက်တာ တခွန်းထဲ အဲ့တခွန်းထဲပြောတဲ့သူတွေ ထောင်သောင်းချီတယ် တခွန်းထဲပြောတဲ့သူရဲ့စကားတောင်ရင်ထဲရောက်ရင် ထောင်သောင်းပြောတဲ့စကားက ဘယ်အထိပို့လဲစဉ်းစားသာကြည့်ကြတော့" ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ အောက်တိုဘာ(၁၂) ရက်နေ့ နေ့လည်(၂း၁၀)မိနစ်က ရေးသားထားတာတွေ့ရပါတယ်။

Photo : ချမ်းမြေ့မောင်ချို FB

ချမ်းမြေ့မောင်ချိုတစ်ယောက် ဝေဖန်မှုတွေ ခံနိုင်နေပြီလား  

သူမကိုယ်တိုင် ဝေဖန်မှုတွေကို ခံခဲ့ဖူးတာကြောင့် ဘယ်လိုခံစားရလဲဆိုတာ သူမကိုယ်တိုင်အသိဆုံးပါပဲလို့ ဆိုပါတယ်။ ဒါကြောင့် ကိုယ်ချင်းစာ တရားလေး ရှိကြပါဆိုပြီး ပြောထားပါသေးတယ်။

"(ကိုယ်အဲ့နေရာရောက်ခဲ့ဖူးတော့ ဘယ်လိုခံစားရလဲအသိဆုံးပဲ ... ကိုယ်ချင်းစာတရားလေးရှိကြပါ .. ကိုယ်ပြောလိုက်တဲ့စကား ပြောပြီးပြီးသွား ရောဆိုပင်မဲ့ ပြောခံရတဲ့သူက ရင်ထဲမှာတစ်စို့နေတာ ပြန်မြင်နေတာအဲ့စကားတွေ ကြားယောင်နေတာ အဲ့လိုလူမဆန်တဲ့စကားတွေကို ......ကိုယ်ချင်းစာကြပါလို့လဲမပြောချင်တော့ပါဘူး။ရေးထားတဲ့စာတွေကြည့်တာနဲ့တင် ကိုယ်ချင်းစာတရားထားတတ်ပင်မဲ့ မထားချင်ကြတာ တွေ့နေရတာပဲ ကိုယ်နဲ့ friend ဖြစ်နေတဲ့သူတွေပါတွေ့ရတော့ ရှက်လဲရှက်မိပါတယ်" ဆိုပြီး ချမ်းမြေ့မောင်ချိုက ဆက်လက်ရေး သားထားပါတယ်။

Photo : ချမ်းမြေ့မောင်ချို FB

 

လက်ရှိ အွန်လိုင်းစာမျက်နှာပေါ်မှာ မော်ဒယ်အဆိုတော် ဟိန်းမင်းသူ ဝေဖန်ခံနေရတာနဲ့ ပတ်သက်ပြီး အနုပညာမောင်နှမတွေ စိတ်ထိခိုက်ေ နကြတာ တွေ့ရပါတယ်။ ဝေဖန်မှုတွေကို  ခံနေရတဲ့ ဟိန်းမင်းသူတစ်ယောက်လည်း စိတ်ဖိစီးမှု ခံရပြီး ဘာမီတွန် အလွန်အကျွံ သောက်ခဲ့တာ ကြောင့် အောက်တိုဘာ(၁၂) ရက်နေ့ မနက်(၁၂)နာရီကျော်လောက်က အရေးပေါ် ရောက်ခဲ့ပါသေးတယ်။

Photo : ချမ်းမြေ့မောင်ချို FB

 

Myanmar Idol Season 3 ရဲ့ ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ ချမ်းမြေ့မောင်ချိုဟာ ပြိုင်ပွဲတစ်လျှောက် ဝေဖန်မှုတော်တော်များများနဲ့ ရင်ဆိုင်ခဲ့ရသူပါ။ ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်အဖို့ ဝေဖန်မှုတွေနဲ့အတူ အောင်မြင်မှုကို ရအောင်ယူနိုင်ခဲ့တဲ့ ချမ်းမြေ့မောင်ချိုဟာ အခုလက်ရှိရော ဝေဖန်မှုတွေကို ခံနိုင်ရည်ရှိနေပြီလား။ သူမအနေနဲ့ ဝေဖန်တိုက်ခိုက်မှုတွေကို ဘယ်လိုတုံ့ပြန်လဲဆိုတာ ယခုလို ပြောပြခဲ့ပါတယ်။

"ဝေဖန်တိုက်ခိုက်မှုတွေက အများကြီးပါပဲ။ အစတုန်းကတော့ အဲ့အပေါ်မှာ နည်းနည်းတော့ အားငယ်တယ်။ ဒါပေမယ့် အဲ့ဒါက ကိုယ့်စိတ်ကို ပြန်သတ်သလိုပဲလေ။ အခုတော့ ကိုယ်လုပ်စရာရှိတာလုပ်တယ်။ ပြိုင်ပွဲဝင်တုန်းကလည်းကိုယ့်သီချင်းကောင်းဖို့ Team Work လေးကောင်း ဖို့ရယ် အများကြီး ကြိုးစားရတာပေ့ါ။ ဝေဖန်မှုအပေါ်မှာ စိတ်ထိခိုက်တဲ့အချိန်တွေတော့ ရှိခဲ့တယ် ။ ဒါပေမယ့် အကြာကြီးတော့ မဟုတ်ဘူး" စက်တင်ဘာ(၂၆) ရက်နေ့က ပြုလုပ်ခဲ့တဲ့ City Mall (၁)နှစ်ပြည့်ပွဲမှာ ပြောပြခဲ့တာဖြစ်ပါတယ်။

Myanmar Idol မှာကတည်းက ပရိသတ်တွေရဲ့ အချစ်ကို ခိုင်ခိုင်မာမာရရှိခဲ့တဲ့ မောင်ချိုက လက်ရှိမှာ ကြော်ငြာရိုက်ကူးမှုတွေ လုပ်နေတာ တွေ့ရပါတယ်။

Share

Loading Next Article...
က္က