AD
AD
AD

Dimensions - မျက်နှာပြင်များ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ မကြာခင် ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ Mega Ace ရုပ်ရှင်ရုံများမှာ ဖေဖော်ဝါရီ(၉) ရက်နေ့ မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားဟာလည်း ပရိသတ်တွေ စောင့်မျှောနေတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ပရိသတ်တွေ ရင်ဘက်ထဲကို ထပ်ထိ စေဦးမှာလည်း ဖြစ်ပါတယ်။

play

 

Dimensions - မျက်နှာပြင်များ ရုပ်ရှင်ဇာတ်ကားကို Bonanza Production နဲ့ Shutter Production တို့က ပူးပေါင်းစီစဉ် တင်ဆက်ထားတာဖြစ်ပါတယ်။

ယင်းရုပ်ရှင်ဇာတ်ကား ရိုက်ကူးဖို့အတွက် Pre Production ပိုင်းမှာ အချိန်(၆)လလောက် ကြိုတင်ပြင်ဆင်ခဲ့ရသလို ရိုက်ကူးချိန် (၃) လကျော်အတွင်းမှာလည်း ရိုက်ကွင်းနေရာစုံအောင်ပြသနိုင်ခဲ့တာလည်း တွေ့ရပါတယ်။

play

 

‘Dimensions - မျက်နှာပြင်များ’ ကို ဒါရိုက်တာ ဥာဏ်ထင်က ရိုက်ကူးထားတာ ဖြစ်ပြီး ခါရာ၊ အဲလစ်အုန်း၊ ဂျာဆိုင်းအိန်၊ မင်းမြတ်စိုးစံ၊ ဦးဝင်းမြိုင်၊ ကောင်းစစ်သွေး၊ ဆုရွှေရည်ထူး၊ သီဟ၊ ဟန်ထူးနိုင်နဲ့ ရဲမွန်တို့က  ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။

မျိုးဆက်သစ် လူငယ်တွေရဲ့ ကိုယ်ပိုင်ဖန်တီး ပုံဖော်ထားတဲ့ ‘Dimensions ဇာတ်ကားကို ပရိသတ်တွေ အားပေးကြည့်ရှုဖို့မမေ့ကြနဲ့ဦးနော်။

Photo : Dimensions FB Page

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD