AD
AD
AD

Live Show အခွေတွေ ထွက်ရှိမှု နည်းပါးလာတာကြောင့် ထက်ယံအနေနဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲပြုလုပ်ပြီး DVD အခွေထုတ်ခဲ့တာ ဖြစ်ပါတယ်တဲ့။

ပြီးခဲ့တဲ့ ဇွန်(၉)ရက်နေ့က မန္တလေး ဒိုင်းမွန်းပလာဇာမှာ ကျင်းပခဲ့တဲ့ In My Life လို့ နာမည်ပေးထားတဲ့တစ်ကိုယ်တော်ရှိုးပွဲကို DVD အနေနဲ့ ပြန်ထုတ်ခဲ့ခြင်း ဖြစ်ပါတယ်။

play

 

"‘အဆိုတော် တော်တော်များ များက အမ်တီဗီတွေထွက်ကြ တယ်။ အခွေတွေထွက်ကြတယ်။ Live Show ထွက်ဖို့မဖြစ်နိုင်ဘူး။ ငယ်ငယ်တုန်းက ကျွန်တော်တို့ ကြိုက်ခဲ့တဲ့ အဆိုတော်တွေ Live Show အခွေထွက်ရင် မရမက လိုက်ဝယ်ကြတာမျိုးရှိတယ်။ ပြီး တော့ ကာရာအိုကေပြန်ဆိုတယ်။ အဲဒီလိုမျိုး ကျွန်တော့်သီချင်းကို ဆိုချင်တဲ့ လူငယ်တွေများရှိနေမ လားဆိုပြီး Live Show လုပ်ပြီး အခွေထုတ်ဖြစ်ခဲ့တာပါ’’ လို့ သူက ဆိုပါတယ်။

play

 

ထက်ယံအနေနဲ့ လက်ရှိမှာ နယ်ရှိုးပွဲတွေ လက်ခံထားပြီး တစ်ကိုယ်တော်အခွေကို  October 18 စီးရီး ခွေထဲက ပရိသတ်ကြိုက်မယ့် သီချင်းတွေကို ရွေးချယ်ပြီး MTV ရိုက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Source : 7day Daily

Photo  : ထက်ယံ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD