အခုဆိုရင် ပရိသတ် ၉ ထောင်ကျော် ရှိနေပါပြီ။

မိုးဟေကိုက သူချစ်ရတဲ့ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးစကားပြောခွင့်ရဖို့အတွက် တရားဝင် Facebook Page တစ်ခုကို ဖွင့်လိုက် ပြီလို့ သိရပါ တယ်။ သူမက လက်ရှိမှာတော့ တီဗီကြော်ငြာတွေ ရိုက်ကူးနေတာကို တွေ့ရပါတယ်။


Photo: မိုးဟေကို ဖေ့စ်ဘွတ်ပေ့ချ်

 

သရုပ်ဆောင်မိုးဟေကို ဟာ လူမှုကွန်ယက် စာမျက်နှာတစ်ခုဖြစ်တဲ့ Facebook အကောင့် သိပ်မသုံးဖြစ်တဲ့အကြောင်းတွေ ပြောပြခဲ့ဖူးပါတယ်။ အခုတော့ အောက်တိုဘာလ ၁၈ ရက်နေ့ ညက စပြီး သူ့ရဲ့ ပရိသတ်တွေနဲ့ စကားပြောလို့ရအောင် ကိုယ်ပိုင်သုံးတဲ့ Facebook Page ကို ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

'' မေမေ မိုး ရဲ့ Official Page လေးပါ ။ https://www.facebook.com/moeofficialpage/'' ဆိုပြီးတော့ သရုပ်ဆောင် မိုးဟေကိုရဲ့ မိတ်ကပ် ဆရာမဖြစ်တဲ့ လင်းလင်း(မိတ်ကပ်) ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ အောက်တိုဘာလ ၁၈  ရက်နေ့ ည ၇ နာရီကတည်းက တင်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ မိုးဟေကိုရဲ့ ကိုယ်ပိုင် Facebook Page မှာ ပရိသတ် ကိုးထောင်ကျော် ရရှိနေပြီဖြစ်ပါတယ်။

 

မိုးဟေကိုဟာ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး တီဗီကြော်ငြာတွေပဲ ရိုက်ကူးနေရတာကို တွေ့ရပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ဖြစ်တဲ့ မိုးရုပ်ရှင်ထုတ်လုပ်ရေးကနေ ဇာတ်ကားကောင်းတွေ ထွက်ရှိနိုင်ဖို့ ကြိုးစားနေတယ် လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါ တယ်။

'' မိုးရုပ်ရှင်ထုတ်လုပ်ရေးအနေနဲ့ နောက်ထပ်ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားတွေအတွက် ပြင်ဆင်နေတာကြောင့် ပရိသတ်အကြိုက်နဲ့ ထပ်တူကျမယ်လို့ ယုံကြည်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အောင်မြင်တယ်လို့ကို မထင်ဘူး အရင်ကလည်း သရုပ်ဆောင်ဘက်မှာ ကိုယ့်ကိုယ်ကို အောင်မြင်တယ်လို့ မသတ်မှတ်သေးဘူး'' လို့ဆိုပါတယ်။

အောင်မြင်တယ်လို့မတွေးပဲ အမှားနည်းအောင်ပဲ ကြိုးစားတယ်ဆိုတဲ့ မိုးဟေကို 

Photo: မိုးဟေကို ဖေ့စ်ဘွတ်ပေ့ချ်

 

တခြားစီးပွားရေး အလုပ်တွေ အပြင် ရုပ်ရှင်ထုတ်လုပ်ရေးကိုပဲ အာရုံစိုက်နေရတဲ့ မိုးဟေကိုက သရုပ်ဆောင်ဘက်ကိုတော့ ဇာတ်လမ်းနဲ့ ကာရိုက်တာ ရွေးချယ်ရိုက်ကူးသွားမယ့် အကြောင်း ကို လည်း ဆက်လက်ပြောပြခဲ့ပါတယ်။ ချစ်ရတဲ့ ပရိသတ်တွေကြောင့်လည်း ဇာတ်ကား ပြန်ရိုက်ချင်စိတ်ရှိပါတယ်လို့ ပြောပါတယ်။

'' သရုပ်ဆောင်နဲ့ပတ်သက်ပြီးတော့လည်း အလုပ်လေးတွေလျှော့နေတယ်။ သို့ပေမယ့်လို့လည်း ကိုယ့်ကိုချစ်တဲ့ပရိသတ်တွေကလည်း ကိုယ့်ကိုကြည့်ချင်တယ်။ ကိုယ်လည်း အားတယ်၊ အမေလည်း ကျန်းမာတယ် ရိုက်ချင်စိတ်လည်းရှိတယ်၊ ဇာတ်လမ်း ကိုယ်နဲ့လိုက်ဖက်တယ်၊ ကိုယ်လည်းကြိုက်တယ် အချိန်ပေးနိုင်တယ်ဆိုရင် ရိုက်ဖြစ်ပါမယ်။ ၂၀၁၈ မှာ ရိုက်မယ့် ဇာတ်ညွှန်းတွေလည်း ဖတ်နေပါတယ်'' လို့ ဆိုပါတယ်။

Photo: မိုးဟေကို ဖေ့စ်ဘွတ်ပေ့ချ်

 

မိုးရုပ်ရှင်ထုတ်လုပ်ရေးအနေနဲ့ ခိုးဆိုးလုနှိုက်ရုပ်ရှင်ဇာတ်ကားကြီးကစပြီး ရုပ်ရှင်ဇာတ်ကားလည်းအောင်မြင်ခဲ့သလို ထုတ်လုပ်ရေးအနေနဲ့ ကလည်း နာမည်ရ ရှိခဲ့တဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ဒုတိယမြောက်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ တောကျီးကန်း(သို့မဟုတ်) ခိုးဆိုးလုနှိုက် ၂ ရုပ်ရှင်ဇာတ်ကားကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က