ပေ့ချ် တစ်ခုပဲရှိပါတယ်တဲ့။

ပိုင်ဖြိုးသုက သူ့နာမည်နဲ့ဖွင့်ထားတဲ့ ဖေ့စ်ဘွတ်ပေ့ချ်အတုတွေကို မယုံကြဖို့ ပရိသတ်တွေကို တောင်းဆိုခဲ့ပါတယ်။ မကြာခင်က မီဇာတ်ရုပ် နဲ့ ဝေဖန်ခံနေရတာကြောင့်လည်း စိတ်မကောင်းဖြစ်လို့နေပါတယ်။



Photo: Paing Phyo Thu Page

 

သရုပ်ဆောင်ပိုင်ဖြိုးသုက သူ့ရဲ့နာမည်နဲ့ဖွင့်ထားကြတဲ့ ဖေ့စ်ဘွတ်ပေ့ချ်အတုတွေကြောင့် ပရိသတ်တွေ ထင်ယောင်ထင်မှားမဖြစ်ကြဖို့တောင်း ဆို လာပါတယ်။ သူကိုယ်တိုင်ဖွင့်ထားတဲ့ Facebook Page ကလည်း တစ်ခုတည်းသာရှိတဲ့အကြောင်းကို ပြောပြလာပါတယ်။

'' သုသုရဲ့ Official Page က ဒီ Page တစ်ခုပဲ ရှိပါတယ်။ သုသုကို အားပေးတဲ့ ပရိသတ်ကြီးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ သုသု နာမည်နဲ့ အခြား Account တွေကတင်တဲ့ Post တွေကြောင့် ထင်ယောင်ထင်မှား ဖြစ်နေကြလို့ပါ'' ဆိုပြီးတော့ နိုဝင်ဘာလ ၂၁ ရက်နေ့ ည ၈ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

ဒါကတော့ ပိုင်ဖြိုးသုရဲ့ တရားဝင် ဖေ့စ်ဘွတ်အကောင့်လင့်ခ်ဖြစ်ပါတယ် www.facebook.com/paingphyoethuvictoria

Photo: Paing Phyo Thu Page

 

ပိုင်ဖြိုးသု အနေနဲ့ ကျန်းမာရေး သံတမန် တစ်ယောက်ဖြစ်တဲ့အတွက် လက်ရှိ ရုံတင်ပြသလျှက်ရှိတဲ့ မီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ မီရဲ့ ဇာ တ်ကောင် ကာရိုက်တာအဖြစ် ဆေးလိပ်ခဏခဏ သောက်ရတဲ့ဇာတ်ဝင် ခန်းတွေနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဝေဖန်မှု တွေ ရှိခဲ့ပါတယ်။

Photo: Paing Phyo Thu Page

ကျန်းမာရေး သံတမန်အဖြစ် ဆက်လက်ဆောင်ရွက်သွားမယ့် ပိုင်ဖြိုးသု 

မီရုပ်ရှင်ဇာတ်ကားကြီးကို နိုဝင်ဘာလ ၉ ရက်နေ့ကတည်းက မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက် ပရိသတ်အားပေးမှု အများကြီး ရရှိပိုင်ဆိုင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးလည်းဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကား ကြီးကို ဗစ်တိုးရီးယား ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ ဏကြီးက ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။

Photo: Paing Phyo Thu Page

 

မီ ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင် နေတိုး၊ သားညီ၊ ရဲအောင်၊ မင်းဦး၊ အောင်ရဲထိုက် နဲ့ ပိုင်ဖြိုးသု တို့က အဓိက ပါဝင်သရုပ်ဆောင်သွား မှာဖြစ်ပါ တယ်။ ဒီဇာတ်ကားကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ အတွင်းက ရိုက်ကူးထားတာဖြစ်ပြီး ရိုက်ကွင်းနေရာကိုတော့ ရန်ကုန်၊ ပြင်ဦးလွင် နဲ့ ဖိုးကျား ဆင်စခန်းတို့မှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က