AD
AD
AD
play


ရေဘေးသင့်ပြည်သူများကို လှူဒါန်းဖို့ အတွက် အဆိုတော် လိမ္မော်သီးရဲ့ ညီမဖြစ်တဲ့ သရုပ်ဆောင်သစ်လေး ဝေလာရီရဲ့ ဖေ့စ်ဘွတ်ပရိုဖိုင်ကို တစ်ပတ်တိတိ အငှားလေလံတင်မယ်လို့သိရပါတယ်။

play


လေလံကို ကြမ်းခင်းဈေး တစ်သိန်းနဲ့ စမှာဖြစ်ပြီး အမြင့်ဆုံး လေလံပေးသူရဲ့ ကုန်ပစ္စည်း Logo (or) Company name (or) ကြော်ငြာထားလိုသည့် ဓာတ်ပုံ၊ (ညစ်ညမ်းပုံမဖြစ်ရ ဘာသာရေး လူမျိုးရေး ထိပါးစေနိုင်သောပုံမဖြစ်ရ) (Couple ပုံ၊ Selfie ပုံ) တင်ပေးမှာ ဖြစ်တယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

လေလံမှ ရရှိတဲ့ ငွေကြေးများကို ရေဘေးသင့်ဒေသများကို လှူဒါန်းသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ လေလံမဟုတ်ဘဲ သီးသန့်လှူဒါန်းလိုသူများအနေနဲ့လည်း ဖုန်း ၀၉-၄၅၁၁၈၈၁၁၈ကို ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

play

Photo : ဝေလာရီ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD