AD
AD
AD

ပရိသတ်တွေနဲ့ ပကာသနမပါပဲ အားလုံးနဲ့ ရင်းနှီးစွာ တွေ့ချင်တယ်ဆိုပြီ ရေးသားထားပါတယ်။ Fan Meeting ကိုတော့ လာမယ့် နိုဝင်ဘာ(၁၈)ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

Fan Meeting အတွက် ပရိသတ် (၈၁)ယောက်စာ စီစဉ်ထားတယ်လို့ သိရပါတယ်။  ပရိသတ်တွေကိုလည်း သူကိုယ်တိုင် နန်းကြီးသုပ်လုပ် ကျွေးမယ်ဆိုပြီး ပြောထားပါတယ်။

play

 

"Nov 18 fan meeting ကို လာရောက်မည့်သူများ မကြာခင် ကျွန်တော် တင်သော ပုံအောက်တွင် နာမည် စာရင်း ရေးပေးပါ.. ၈၁ ယောက် ပါပဲ.. လူ ၈၁ ယောက် ပြည့်ရင် နာမည်ထပ်မကောက်တော့သည့်အတွက် ကျွန်တော့်ပုံ notification ကို Only Me လုပ်ပါမယ်...အိမ်လိပ်စာလဲ အဲ့ဒီမှာ ရေးထားပါမယ်။

နန်းကြီးသုပ်လုပ်ကျွေးပါမယ်.. အချိန်က နေ့လည် ၁၁ နာရီမှ ၂ နာရီပါ.. 18 အခွေမှ သီချင်းတွေတူတူဆိုပါမယ်.. ပျော်စရာ game လေးတွေဆော့ရင်း တူတူဖြတ်သန်းရအောင်... လူတွေရာနဲ့ချီ အများကြီး ဧည့်ခံဖို့ အဆင်မပြေသည့်အတွက် ၈၁ ယောက်ပဲ လုပ်ခြင်းပါ။ ကျွန်တော့် okmm logo t-shirt လေးတွေလက်ဆောင်ပေးပါမယ်။

တခြားသူတွေကို မုန့်လေးတွေ ကျွေး ချင်ရင် ယူလာလို့လဲရပါတယ်... ကျွန်တော့်ခြံထဲ ပျော်ပွဲစားထွက်သလိုပါပဲ...ပကာသနမပါပဲ အားလုံးနဲ့ ရင်းနှီးစွာ တွေ့ချင်ပါတယ်... ပုံတင်ခါနီးကြိုပြောပါမယ်...." ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

play

 

ဒီတစ်ခါလုပ်တဲ့ Fan Meeting ကတော့ သူ့ရဲ့ တစ်ကိုယ်တော်အခွေ တစ်နှစ်ပြည့်အမှတ်တရအနေနဲ့ ပရိသတ်များနဲ့ တွေ့ဆုံတာ ဖြစ်ပါတယ်။

ဥက္ကာမင်းမောင်ရဲ့ တစ်ကိုယ်တော်အခွေ (၁၈)ဟာ ၂၀၁၆ ခုနှစ် နိုဝင်ဘာ(၁၈)ရက်နေ့က ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။

Postby

 

Photo : ဥက္ကာမင်းမောင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD