AD
AD
AD

အဆိုတော်အေသင်ချိုဆွေနဲ့ သူ့ရဲ့ ပရိသတ်လေးတွေကတော့ သြဂုတ်လ ၅ ရက်နေ့ဆိုရင် တွေ့ဆုံပွဲလေးလုပ်ဖို့ စီစဉ်နေကြ ပီဖြစ်ပါတယ်။ မကြာခင်ကလည်း အသည်းကွဲသီချင်း မဆိုတော့ဘူး သီချင်းအသစ်လေး view 100k ကျော်ရင် ပရိသတ်နဲ့ အမှတ်တရ တစ်ခုခု လုပ်မယ်လို့ လည်း အေသင့်ရဲ့ ဖေ့စ် ဘွတ်ပေါ်မှာရေးသားခဲ့ဖူးပါတယ်။

play
Photo: A Thin Cho Swe Fb

 

အဆိုတော်အေသင်ချိုဆွေကတော့ သြဂုတ်လ ၅ ရက်နေ့ဆိုရင် သူ့ရဲ့ ပရိသတ်လေးတွေနဲ့ တွေ့ဆုံပွဲရှိတယ်ဆိုတာကို  ကြေငြာခဲ့ပါတယ်။ We Love A Thin Cho Swe (Group) ထဲမှာ မရှိတဲ့ ပရိသတ်တွေအတွက်ကိုတော့ သူ့ရဲ့ကိုယ်ပိုင်ဖေ့စ်ဘွတ်ပေါ်ကနေ သြဂုတ်လ ၃ ရက်နေ့ ည ၉ နာရီကျော်လောက်က ပြောလိုက်တာဖြစ်ပါတယ်။

'' Fan တွေနဲ့ တွေ့ဆုံပွဲလေးကို ၅.၈.၂၀၁၈ မှာ ပြုလုပ်ပါမယ်။ အများဆုံးအယောက် ၃၀ လို့တော့ သတ်မှတ်ထားတယ်၊ ဘယ်သူတွေလာမလဲ ရန်ကုန်မှာဘဲ လုပ်မှာပါ။ တကယ်လာမယ့် Fan စစ်လေးတွေတကယ်လာမယ်ဆို ပုံရဲ့ အောက်မှာ Comment ပေးခဲ့ပါ။ အချိန်ကတော့ နေ့လည် ၁၁ နာရီ ကနေ ညနေ ၅ နာရီအထိပါ။ နေရာကိုတော့ ပြန်ပြောပေးပါမယ်'' ဆိုပြီးတော့ ရေးသားခဲ့တာပါ။

play
Photo: A Thin Cho Swe Fb

 

အဆိုတော်အေသင်ချိုဆွေဟာ ဇူလိုင်လ ၁၀ရက်နေ့တုန်းက သူ့ရဲ့ သီချင်းအသစ်လေးတစ်ပုဒ်ဖြစ်တဲ့ 'အသည်းကွဲသီချင်း မဆိုတော့ဘူး' ဆိုတဲ့ သီချင်းလေးနဲ့ ပရိသတ်အရှေ့ကို ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။  အခုချိန်မှာတော့ အေသင့်ရဲ့ သီချင်းလေးကို အားပေးကြည့်ရှုတဲ့ ပရိသတ် ပေါင်းများစွာရှိခဲ့ပါပြီ။

play
Photo: A Thin Cho Swe Fb

 

အေသင်ချိုဆွေရဲ့ သီချင်းအသစ်လေးဖြစ်တဲ့ အသည်းကွဲသီချင်းမဆိုတော့ဘူး သီချင်းကို Boost ဘာညာမလုပ်ဘဲ view 100k ကျော်ရင် ပရိသတ်တွေနဲ့ အမှတ်တရ တခုခု လုပ်မယ်' ဆိုပြီးတော့ ဇူလိုင်လ ၁၁ ရက်နေ့ ၅ နာရီကျော်လောက်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ပေါ်မှာရေးသားခဲ့ဖူးပါတယ်။ဒီသီချင်း လေးကတော့ ပရိသတ်ရင်ထဲကို ရောက်မယ့် သီချင်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။

play
Photo: A Thin Cho Swe Fb

 

အသည်းကွဲသီချင်း မဆိုတော့ဘူး ဆိုတဲ့ သီချင်းအသစ်လေးနဲ့ ပရိသတ်အရှေ့ကို ပြန်လည်ရောက်ရှိလာတဲ့ အေသင်ဟာ အခက်အခဲပေါင်း များစွာကို ဖြတ်ကျော်ခဲ့ရသူပါ။ ဒီသီချင်းလေးကနေစပြီး ပရိသတ်တွေက သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေကို အရင်ကလိုပဲ ပြန်လည်အားပေး စေချင်တဲ့ ဆန္ဒရှိတာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD